ရသေ့တောင်​က လူဦးရေ ၁၀၀ ဝန်းကျင်​ခန့်​ စစ်​တွေမြို့မှာလာရောက်​ခိုလှုံ

စစ်​တွေ၊ မေ ၁၀-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​၊ ရသေ့တောင်​မြို့နယ်​က ကျေးရွာတချို့က ဒေသခံ ၁၀၀ ဝန်းကျင်​တို့ဟာ ဒေသမတည်​မငြိမ်​မှုတွေကြောင့်​ စစ်​တွေမြို့မှာ ခိုလှုံဖို့ရောက်ရှိနေကြတာဖြစ်​ပါတယ်​။ အဲ့ဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်​ပြီးရောက်​ရှိလာခဲ့ကြတာဖြစ်​ပြီး စစ်​တွေမြို့ပေါ်က ဘုန်းတော်​ကြီးကျောင်းတွေဖြစ်​တဲ့ ကယုချောင်းကျောင်းတိုက်​၊ အမျိုးသားကျောင်းတိုက်​ စတဲ့ဘုန်းတော်​ကြီးကျောင်းသုံးကျောင်းမှာ ရောက်​ရှိနေကြတာဖြစ်​ပါတယ်​။   “အန်​တီတို့က ရသေ့တောင်​မြို့နယ်​ ရေစိုးချောင်းကလာကြတာပါ။ တခြားရွာတွေက မိသားစာုတွေလည်းပါပါတယ်​။ ရွာမှာနေရတာ အဆင်​မပြေတော့ဘူး။ ဒါကြောင့်​ ဒီကိုလာကြတာပါ။ အစကတော့ အောင်​စည်​ကုန်းစခန်းမှာနေခဲ့တယ်​။ စားရေးသောက်​ရေး၊ နေရေးထိုင်​ရေး အခက်​အခဲရှိတယ်​။ ပြီးတော့ မလုံခြုံဘူး စစ်​တွေမှာဆိုရင်​ လုံခြုံမလားဆိုပြီး လာတာပါ။”လို့ ကယုချောင်းဘုန်းတော်​ကြီးကျောင်းမှာ ရောက်​ရှိနေတဲ့ ဒေါ်မချေကပြောပါတယ်​။     စစ်​တွေမြို့ကို စစ်​ဘေးခိုလှုံဖို့ရောက်​ရှိနေကြသူတွေဟာ ရသေ့တောင်​မြို့နယ်​က ရေစိုးချောင်း၊ ရေခေါင်းချောင်း၊ သိုင်းတပုတ်​၊ ခရုချောင်း၊ သပြေဆိပ်​စတဲ့ကျေးရွာသားတွေဖြစ်​ကြပါတယ်​။   “ရွာမှာတပ်​ကရှိနေတယ်​။…

Read More
VOM News

FREE
VIEW