ရန်ကုန် မြို့ပတ်ကားလိုင်းသစ် ဒီလအတွင်းပြေးဆွဲရန်စီစဉ်

  ရန်ကုန်-မေ ၁၅ ၊ ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့ပတ်ကားလိုင်းသစ်ကို မကြာခင် စတင်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။   “ဒီလပိုင်းအတွင်းပြေးဆွဲဖို့ကုမ္ပဏီဘက်ကလည်းပြင်ဆင်နေတယ်။ယာဉ်ရပ်နားကွင်းတည်ဆောက်နေတာကြောင့် ခုထိမပြေးဆွဲနိုင်သေးတာဖြစ်ပါတယ်၊”လို့ ဦးလှအောင်ကပြောပါတယ်။     ဒီမြို့ပတ်ကားလိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စတင်ပြေးဆွဲဖို့ စီစဉ်ခဲ့ပေမယ့် ကားတွေရပ်နားဖို့အတွက် ယာဉ်ရပ်နားကွင်းတည်ဆောက်နေတာကြောင့် မျှော်မှန်းခဲ့တဲ့ကာလအတွင်းမပြေးဆွဲနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။   အောင်မင်္ဂလာယာဉ်ရပ်နားစခန်းကနေ စတင်ထွက်ခွာပြီး မြောက်ဥက္ကလာလမ်း၊ကမ္ဘာအေးဘုရားလမ်း ဘိုတစ်ထောင်ဘုရားလမ်း ၊ကမ်းနားလမ်းအတိုင်း သမိုင်းလမ်းဆုံ ၊ရှစ်မိုင် ကတဆင့်  မြောက်ဥက္ကလာကိုပြန်လည်ဝင်ရောက်ပြီး မူလလာရာလမ်းအတိုင်း တပတ်ပြန်ဝင်မှာဖြစ်ပါတယ်။   Scania ကားအမျိုးအစား ၃၉ စီးနဲ့ပြေးစွဲမှာဖြစ်ပြီး ခရီးစဉ်အစအဆုံးကို တစ်ထောင်ကျပ်၊ခရီးစဉ်တစ်ဝက်အတွက်ကို  ၅၀၀ ကျပ် ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။   #voiceofmyanmar #VOM #မြို့ပတ်ကားလိုင်းသစ် # ရန်ကုန်  

Read More
VOM News

FREE
VIEW