ဂ်ပန္မွာ မုန္တိုင္းတိုက္ခတ္မႈေၾကာင္႔ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံဖိုး ပ်က္စီးဆံုးရံႈး

တိုက်ိဳ၊ ေအာက္တိုဘာ ၂၈-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္နုိင္ငံမွာ မၾကာေသးမီက တိုက္ခတ္ခဲ႔တဲ႔ မုန္တိုင္းဟာဂီဘစ္ေၾကာင္႔ လယ္ယာလုပ္ငန္း၊ သစ္ေတာလုပ္ငန္း ငါးဖမ္းလုပ္ငန္းေတြ ထိခိုက္ပ်က္စီးမႈတန္ဖိုးမွာ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံေက်ာ္ရိွတယ္လို႔ ဂ်ပန္စိုက္ပ်ိဳးေရး၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

လြန္ခဲ႔တဲ႔ သီတင္းနွစ္ပတ္က တိုက္ခတ္ခဲ႔တဲ႔ အဲဒီမုန္တိုင္းေၾကာင္႔ စီရင္စု ၃၈ ခုမွာ ဘ႑ာေရးဆိုင္ရာဆံုးရံႈးမႈ ေဒၚလာ ၁ ဒသမ ၁ ဘီလီယံအထိရိွတယ္လို႔ ေအာက္တိုဘာ ၂၈ ရက္မွာ စိုက္ပ်ိဳးေရးဝန္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

ေရေလွာင္ကန္ေတြနဲ႔ ဆည္ေျမာင္းေတြအပါအဝင္ စိုက္ပိ်ဳးေရးလုပ္ငန္း ၈၅၀၀ ထက္မနည္း ပ်က္စီးသြားပါတယ္။

ဒီပ်က္စီးမႈေတြကို ျပန္လည္ျပဳျပင္ဖို႔ ခန္႔မွန္းေျခအားျဖင္႔ ေဒၚလာသန္း ၄၄၀ ကုန္က်မွာျဖစ္ၿပီး ဆန္၊ ပန္းသီးန႔ဲ အျခားလယ္ယာထြက္ကုန္ ေဒၚလာ ၉၇ သန္းဖိုးဆံုးရံႈးခဲ႔ကာ စိုက္ပ်ိဳးေျမ ၁၄၀၀၀ဟက္တာ ပ်က္စီးခဲ႔ပါတယ္။

သစ္ေတာလမ္းေတြ၊ သစ္ထုတ္လုပ္ေရးစက္ရံုေတြနဲ႔ အျခားေသာ သစ္ေတာနဲ႔ ဆက္စပ္လုပ္ငန္းေတြ ပ်က္စီးမႈဟာ ေဒၚလာသန္း ၃၂၀ ဖိုးရိွၿပီး ငါးဖမ္းလုပ္ငန္းနဲ႔ ငါးလုပ္ငန္းေတြမွာ ေဒၚလာ ၈၈ သန္းဆံုးရံႈးခဲ႔တာျဖစ္ပါတယ္။

ဆံုးရံႈးမႈတန္ဖိုးဟာ ေနာက္ထပ္ျမင္႔တက္လာနုိင္တယ္လို႔ ဝန္ၾကီးဌာန တာဝန္ရိွသူေတြက ခန္႔မွန္းထားျပီး အထူးသျဖင္႔ ျမစ္ေတြေရလွ်ံျပီး ေရလႊမ္းမိုးခဲ႔တဲ႔ ေဒသေတြမွာ ျဖစ္တယ္လို႔ တာဝန္ရိွသူေတြကေျပာပါတယ္။

Ref : NHK , Photo : Getty Images
#voiceofmyanmar #တိုက်ိဳ #မုန္တိုင္းေၾကာင့္ပ်က္စီးမွဳ

Unicode

ဂျပန်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုး ပျက်စီးဆုံးရှုံး

တိုကျို၊ အောက်တိုဘာ ၂၈-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်နိုင်ငံမှာ မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာဂီဘစ်ကြောင့် လယ်ယာလုပ်ငန်း၊ သစ်တောလုပ်ငန်း ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်ပျက်စီးမှုတန်ဖိုးမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိတယ်လို့ ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က တိုက်ခတ်ခဲ့တဲ့ အဲဒီမုန်တိုင်းကြောင့် စီရင်စု ၃၈ ခုမှာ ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးမှု ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိရှိတယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရေလှောင်ကန်တွေနဲ့ ဆည်မြောင်းတွေအပါအဝင် စိုက်ပျိုးရေးလုပ်ငန်း ၈၅၀၀ ထက်မနည်း ပျက်စီးသွားပါတယ်။

ဒီပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ဖို့ ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်း ၄၄၀ ကုန်ကျမှာဖြစ်ပြီး ဆန်၊ ပန်းသီးနဲ့ အခြားလယ်ယာထွက်ကုန် ဒေါ်လာ ၉၇ သန်းဖိုးဆုံးရှုံးခဲ့ကာ စိုက်ပျိုးမြေ ၁၄၀၀၀ဟက်တာ ပျက်စီးခဲ့ပါတယ်။

သစ်တောလမ်းတွေ၊ သစ်ထုတ်လုပ်ရေးစက်ရုံတွေနဲ့ အခြားသော သစ်တောနဲ့ ဆက်စပ်လုပ်ငန်းတွေ ပျက်စီးမှုဟာ ဒေါ်လာသန်း ၃၂၀ ဖိုးရှိပြီး ငါးဖမ်းလုပ်ငန်းနဲ့ ငါးလုပ်ငန်းတွေမှာ ဒေါ်လာ ၈၈ သန်းဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဆုံးရှုံးမှုတန်ဖိုးဟာ နောက်ထပ်မြင့်တက်လာနိုင်တယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ခန့်မှန်းထားပြီး အထူးသဖြင့် မြစ်တွေရေလျှံပြီး ရေလွှမ်းမိုးခဲ့တဲ့ ဒေသတွေမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

Ref : NHK , Photo : Getty Images
#voiceofmyanmar #တိုကျို #မုန်တိုင်းကြောင့်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW