ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)
ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားကတော့ ဒါဟာ ရရှားပိုင်နက်ထဲကို အနောက်အုပ်စုနိုင်ငံတွေက ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့အပေါ် တုံ့ပြန်တာလို့ ပြောပါတယ်။
ရုရှာဟာ မြောက်ကိုရီးယားလုပ် ဒုံးကျည်တစင်းထက်မနည်းအပါအဝင် ခရုဇ်ဒုံးကျည်၊ ပဲ့ထိန်းနဲ့ အခြားဒုံးကျည် ၉၃ စင်းနဲ့ ပစ်ခတ်ခဲ့ပြီး ဒုံးကျည် ၈၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဇီလန်စကီးကပြောပါတယ်။ ဒီထဲက ၁၁ စင်းကိုတော့ အနောက်မဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ သုံးပြီး ကြားဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ရုရှားဟာ ဒရုန်းအစင်းပေါင်း ၂၀၀ ကိုလည်း အသုံးပြုခဲ့ပြီး ဒါဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ယခုနှစ်အတွင်း ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ရုရှားက အကြီးစားတိုက်ခိုက်မှု ၁၂ ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ဆိုးရွားတဲ့ ဓါတ်အားပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက သတိပေးထားပြီး အပြည့်အ၀ပြန်လည်ရရှိဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။
ရုရှားတောင်ပိုင်း တာဂန်ရော့မြို့အနီး စစ်လေယာဉ်ကွင်းတခုကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူကရိန်းတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တာဖြစ်ကြောင်း ရုရှားဘက်က ပြောဆိုထားပါတယ်။
Ref:NHK
Photo:AFP
Related posts
-
WHO ကနေ လာမယ့်နှစ် ဇန်နဝါရီလမှာ အမေရိကန်နုတ်ထွက်မယ်လို့ ကုလထုတ်ပြန်
ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ... -
တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ တရုတ်ဘက်က တရုတ်ကားတွေပဲ သုံးလာလို့ မြန်မာကားပိုင်ရှင်နဲ့ ကားသမားတွေ လမ်းကြောင်းပြောင်းနေရ
ဇန်နဝါရီ ၂၄၊ ၂၀၂၅ Shy V VOM တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ... -
အသက်မပြည့်သေးတဲ့ ကျောင်းသား ၁၇ယောက်ကို အဓမ္မပြုကျင့်တဲ့ ကျောင်းအုပ် ဖမ်းဆီးစစ်ဆေးခံရ
ဇန်နဝါရီ ၂၄ – ၂၀၂၅ GG (VOM) ပဲခူးမြို့ ၊ မုက္ကလကျေးရွာ...