ကျောက်မျက်အခွန် လျော့ပေးသင့်

Unicode

ကျောက်မျက်အခွန် လျော့ပေးသင့်

မန္တလေး၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

Video News

မြန်မာ့ကျောက်မျက်ရတနာအခွန်နှုန်းဟာ များပြားလွန်းတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ကျောက်မျက်ရတနာအခွန်ဟာ အဆင့်ဆင့်ပေးဆောင်နေရတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ်တာလို့ ပတ္တမြား၊ နဂါး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းက ဆိုပါတယ်။

“သူတို့က တစ်ခုတည်းကောက်တာဆိုပေမယ့် ကျွန်တော်တို့က ပေးရတာက ခေါင်းစဉ်များနေတယ်။ ဟိုတုန်းကတော့ ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ နိုင်ငံတော် ၄၀ ရာခိုင်နှုန်း၊ အခုတော့ ကုမ္ပဏီ ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော် ၂၅ ရာခိုင်နှုန်း၊ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းက အပြည့်ရတာ မဟုတ်ဘူး။ တွင်းဝခွန်က ဆောင်ရသေးတယ်။ ရောင်းခွန် ၁၀ ရာခိုင်နှုန်းဗျာ၊ အဲဒီတော့ ကိုယ့်ဆီမှာ ဘာမှ မကျန်တော့ဘူး”

ကျောက်မျက်ရတနာခွန်နဲ့ပတ်သက်လို့ အစိုးရဘက်က သုတေသနလုပ်သင့်တယ့်လို့ ဦးထွန်းဝင်းက ပြောပါတယ်။ မိုးကုတ်မြို့မှာဆိုရင် အစိုးရဘက်က ကျောက်မျက်နဲ့ပတ်သက်လို့ သုတေသနလုပ်တာ မရှိဘူးလို့ ထာပွဲကျောက်ကုန်သည်ပွဲစားများအသင်းရဲ့ နာယက ဦးမြင့်ဝေက ပြောပါတယ်။

“ထွက်ရှိလာတဲ့ ရတနာနဲ့ပတ်သက်လို့ ရတနာခွန်ဆောင်တာကိုလည်း ကျွန်တော်တို့ သဘောမတွေ့ဘူး။ ရတနာခွန်ကို နိုင်ငံတော်လည်း တန်ဖိုးရှိရှိ ရစေချင်တယ်။ ကျောက်မျက်စင်တာဆိုတဲ့ ခန်းမကြီးရှိရင် လေလံခန်းမကြီး ရှိလာမယ်။ အဲဒီလေလံခန်းမမှာ လုပ်ငန်းရှင်တွေက တစ်လကို တစ်ကြိမ်ပဲဖြစ်ဖြစ် လေလံပစ်မယ်။ အဲဒီအပေါ်မှာ နိုင်ငံတော်က အခွန်စည်းကြပ်မယ်ဆိုရင် ပိုပြီးတော့အဆင်ပြေမှာပါ”

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒီနှစ် အစောပိုင်းက ပြင်ဆင်ပြဋ္ဌာန်းထားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ နည်းဥဒေ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ကျောက်မျက်ရတနာနဲ့ပတ်သက်ရင် တခြားနိုင်ငံတွေမှာတော့ မူဝါဒကို အရင်ချမှတ်ပြီးမှ ဥပဒေရေးဆွဲလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဥပဒေရေးဆွဲပြီးဖြစ်ပေမယ့် မူဝါဒထွက်ပေါ်ဖို့က ကြန့်ကြာနေတယ်လို့ သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှုအကြံပေးအဖွဲ့ရဲ့ မြန်မာပြည်တာဝန်ခံ ဦးမော်ထွန်းအောင်က ပြောပါတယ်။

#ကျောက်မျက် #အခွန် #ရုပ်သံသတင်း #VOM #voiceofmyanmar

Zawgyi

ေက်ာက္မ်က္အခြန္ ေလ်ာ့ေပးသင့္

မႏၲေလး၊ ဒီဇင္ဘာ ၁၁ ၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

Video News

ျမန္မာ့ေက်ာက္မ်က္ရတနာအခြန္ႏႈန္းဟာ မ်ားျပားလြန္းတာေၾကာင့္ လုပ္ငန္းရွင္ေတြ အခက္အခဲျဖစ္ေပၚေနတယ္လို႔ ေက်ာက္မ်က္တူးေဖာ္ေရး လုပ္ငန္းရွင္ေတြဆီက သိရပါတယ္။ ေက်ာက္မ်က္ရတနာအခြန္ဟာ အဆင့္ဆင့္ေပးေဆာင္ေနရတာေၾကာင့္ လုပ္ငန္းရွင္ေတြ အခက္အခဲျဖစ္ေပၚတာလို႔ ပတၱျမား၊ နဂါး ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီရဲ႕ ဒါ႐ိုက္တာ ဦးထြန္းဝင္းက ဆိုပါတယ္။

“သူတို႔က တစ္ခုတည္းေကာက္တာဆိုေပမယ့္ ကြၽန္ေတာ္တို႔က ေပးရတာက ေခါင္းစဥ္မ်ားေနတယ္။ ဟိုတုန္းကေတာ့ ကုမၸဏီက ၆၀ ရာခိုင္ႏႈန္း၊ ႏိုင္ငံေတာ္ ၄၀ ရာခိုင္ႏႈန္း၊ အခုေတာ့ ကုမၸဏီ ၇၅ ရာခိုင္ႏႈန္း၊ ႏိုင္ငံေတာ္ ၂၅ ရာခိုင္ႏႈန္း၊ ဒါေပမဲ့ ၇၅ ရာခိုင္ႏႈန္းက အျပည့္ရတာ မဟုတ္ဘူး။ တြင္းဝခြန္က ေဆာင္ရေသးတယ္။ ေရာင္းခြန္ ၁၀ ရာခိုင္ႏႈန္းဗ်ာ၊ အဲဒီေတာ့ ကိုယ့္ဆီမွာ ဘာမွ မက်န္ေတာ့ဘူး”

ေက်ာက္မ်က္ရတနာခြန္နဲ႔ပတ္သက္လို႔ အစိုးရဘက္က သုေတသနလုပ္သင့္တယ့္လို႔ ဦးထြန္းဝင္းက ေျပာပါတယ္။ မိုးကုတ္ၿမိဳ႕မွာဆိုရင္ အစိုးရဘက္က ေက်ာက္မ်က္နဲ႔ပတ္သက္လို႔ သုေတသနလုပ္တာ မရွိဘူးလို႔ ထာပြဲေက်ာက္ကုန္သည္ပြဲစားမ်ားအသင္းရဲ႕ နာယက ဦးျမင့္ေဝက ေျပာပါတယ္။

“ထြက္ရွိလာတဲ့ ရတနာနဲ႔ပတ္သက္လို႔ ရတနာခြန္ေဆာင္တာကိုလည္း ကြၽန္ေတာ္တို႔ သေဘာမေတြ႕ဘူး။ ရတနာခြန္ကို ႏိုင္ငံေတာ္လည္း တန္ဖိုးရွိရွိ ရေစခ်င္တယ္။ ေက်ာက္မ်က္စင္တာဆိုတဲ့ ခန္းမႀကီးရွိရင္ ေလလံခန္းမႀကီး ရွိလာမယ္။ အဲဒီေလလံခန္းမမွာ လုပ္ငန္းရွင္ေတြက တစ္လကို တစ္ႀကိမ္ပဲျဖစ္ျဖစ္ ေလလံပစ္မယ္။ အဲဒီအေပၚမွာ ႏိုင္ငံေတာ္က အခြန္စည္းၾကပ္မယ္ဆိုရင္ ပိုၿပီးေတာ့အဆင္ေျပမွာပါ”

ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒကို ဒီႏွစ္ အေစာပိုင္းက ျပင္ဆင္ျပ႒ာန္းထားခဲ့ပါတယ္။ ဒါေပမယ့္ ဒီေန႔အခ်ိန္အထိ နည္းဥေဒ အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။ ေက်ာက္မ်က္ရတနာနဲ႔ပတ္သက္ရင္ တျခားႏိုင္ငံေတြမွာေတာ့ မူဝါဒကို အရင္ခ်မွတ္ၿပီးမွ ဥပေဒေရးဆြဲေလ့ရွိပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဥပေဒေရးဆြဲၿပီးျဖစ္ေပမယ့္ မူဝါဒထြက္ေပၚဖို႔က ၾကန႔္ၾကာေနတယ္လို႔ သဘာဝသယံဇာတ အရင္းအျမစ္ စီမံခန႔္ခြဲမႈအႀကံေပးအဖြဲ႕ရဲ႕ ျမန္မာျပည္တာဝန္ခံ ဦးေမာ္ထြန္းေအာင္က ေျပာပါတယ္။

#ေက်ာက္မ်က္ #အခြန္ #႐ုပ္သံသတင္း #VOM

Related posts

Leave a Comment

VOM News

FREE
VIEW