မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

မူဆယ် ၊ဒီဇင်ဘာလ ၃၁-၂၀၁၉ မဟာမင်း(VOM) တတိယအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို တရုတ်နုင်ငံ ယူနန်ပြန်နယ် ရွှေလီမြို့ နမ့်မောဝ်ဟူးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ “ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံပြေးခုန်ပြစ်အဖွဲ့ချုပ်မှ အပြေးအားကစားသမား ၁၅ဦး အပါအဝင် မူဆယ် ကွက်ခိုင် နမ့်ခမ်းမှ အပြေးအားကစားသမား ၄၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်”လို့မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါသွယ်သွယ်လှိုင်ကပြောပါတယ်။ မာရသွန်ပြိုင်ပွဲမှာ အပြေးပြိုင်ပွဲအမျိုးအစား ၄မျိုးထည့်သွင်းကျင်းပပြုလုပ်ပေးခဲ့ပြီး တာဝေးမာရသွန် ၄၂ ဒသမ ၁၉၅ ကီလိုမီတာအပြေး ပြိုင်ပွဲ တွင် ၃၇၂ ဦး ၊ တာလတ် မာရသွန် ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ အပြေး ပြိုင်ပွဲတွင် ၁၃၆၇ ဦး ၊ တာတို မာရသွန် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲတွင် ၁၅၇၄…

Read More

ဂွမြို့နယ်ပေါက်ကွဲမှုဖြစ်စဉ်မှာ Myanmar Now အယ်ဒီတာချုပ် ဒဏ်ရာရ

ဂွ၊ ဒီဇင်ဘာ ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့လမ်းပေါ်ကိုသွားနေတဲ့ ကားကို ကျောက်ခဲစတစ်ခုဖောက်ဝင်ရာကနေ ကားအတွင်းလိုက်ပါလာခဲ့တဲ့ Myanmar Now အယ်ဒီတာချုပ် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ဂွမြို့နယ် ၊ သံကြိုးနဲ့ လောင်းကျိုးကျေးရွာအကြား ၊ မှော်ရွှေဂျိုင်အနီး ကားလမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲရာကနေ ကျောက်ခဲစတစ်ခု ကားကိုဖောက်ဝင်ကာ ကိုဆွေဝင်းရဲ့ ပေါင်မှာ ဖောက်ဝင်ခဲ့တာလို့ သိရပါတယ်။ “ဘာဖြစ်လို့ဖြစ်မှန်းကိုမသိတာ။ မော်ရွှေကျိုင် အယင်ကအပန်ဖြေစခန်းဟောင်း နားမရောက်ခင် ကားလမ်းပေါ်မှာလို့ပြောတာပဲ။ ကားကိုဖောက်ပြီးတော့ ခဲတုံးကသူ့ပေါင်ကို လာမှန်တယ်လို့သိရတယ်။ ဘာဖြစ်တာမှန်းမသိဘူး။ ကျောက်မိုင်းကဖြစ်တာလား မသိဘူး။” လို့ ဂွမြို့နယ်ဒေသခံ ဦးကျော်မြင့်မောင်ကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဂွမြို့နယ်ရဲတပ်ဖွဲ့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးအတွင်း…

Read More

ကျောက်တော်မြို့ပေါ်မှာ မနေ့ညကတိုက်ပွဲဖြစ်ပွား အရပ်သားတွေထိခိုက်မှုရှိ

ကျောက်တော်၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ပေါ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ည၇ နာရီလောက်ကစတင်ပြီး မြို့တွင်းတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူနေအိမ်တွေ၊ အဆောက်အဦးတွေပျက်စီးခဲ့ကာ မြို့ခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကျောက်တော်မြို့ အထက(၂) စာသင်ကျောင်းအနီးမှာ တေဘာကားသမားနှစ်ယောက်ကို တပ်မတော်ကခေါ်တဲ့အခါ ခေါ်လို့မရတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။ “ညဦးက ဖြစ်စဉ်မှာ အထက(၂) ဈေးနားကစာသင်ကျောင်းနားမှာ တေဘာသမားတွေရှိတယ်။ တေဘာကားသမားနှစ်ယောက်က ကားတစ်စီးနဲ့လာကြတယ်။ တစ်ယောက်ကို အိမ်မှာချတယ်။ နောက်တစ်ယောက်က သူ့အိမ်ကိုဆက်မောင်းလာတယ်။ တစ်အိမ်နဲ့ တစ်အိမ်ကတခေါ်ဇာ လောက်တောင်မရှိဘူး။ အဲ့တာကိုခေါ်တယ် ခေါ်လို့မရလို့ပစ်တယ်လို့ ပြောတယ်။”လို့ အမည်မဖော်လိုသူ အဲ့ဒီဒေသခံကပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ မြို့မရဲစခန်း၊ မဟာကံကြီးရှင်ဘုရားဝင်း၊ ကျောက်တော်မြို့ အထက(၂) စာသင်ကျောင်းဝင်းနဲ့ ရွှေကျင်းဓမ္မာရုံတွေမှာရှိနေတဲ့ တပ်မတော်စစ်ကြောင်းတွေက တပြိုင်နက်တည်းပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ကည ၉ နာရီလောက်မှာဖြစ်တာပါ။…

Read More

ချောင်းဆိုပျောက်ဆေးနဲ့ ပိုးသတ်ဆေးမှားသောက်မိတဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံး

ကလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉ ဂေါင်ဂေါင်(VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ၃၀ရက်နေ့ ညနေပိုင်းက ချောင်းဆိုပျောက်ဆေးနဲ့ ပိုးသတ်ဆေးမှားသောက်မိပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့တယ်လို့ ခေတ်သစ်လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။ ” ၃ နာရီကျော်လောက်မှာ ကျွန်တော်တို့ ခေတ်သစ်လူမှုကူညီရေးအသင်းကို ဆက်သွယ်လာပြီး အဖွဲ့က သွားခေါ်ပြီး ဆေးရုံကိုပို့ပါတယ်။ ကျုံကူးဆေးရုံကို ရောက်သွားပါတယ်၊ ဆေးရုံရောက်တော့ ဆရာဝန်တွေက လူနာကိုအဆိပ်ထုတ်ပေးပြီး ပုသိမ်ဆေးရုံကြီးကို ပို့ဖို့လွှဲတာနဲ့ လိုက်ပို့ချိန် လမ်းမှာသေသွားတာပါ” လို့ ခေတ်သစ်လူမှုကူညီရေးအဖွဲ့မှ ကိုဝေဖြိုးကပြောပါတယ်။ ကျုံကူးဆေးရုံကနေ ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ဖို့ထွက်လာချိန် မိနစ် ၃၀ ခန့်အကြာမှာ ရွှေတောင်ငွေတောင် ကျေးရွာနားအရောက်မှာ လူနာသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ အသက် ၁၆ နှပီးစ်အရွယ် အမျိုးသမီးကို ခေတ်သစ်လူမှု့ကူညီရေးအသင်းကားနဲ့ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒီကနေ့မနက်မှာ ဆေးစစ်ချက်ယူဖို့ သေဆုံးသူကို နေအိမ်ကနေ…

Read More

ဆိုင်ကယ်မောင်းလာတဲ့ရဟန်းတစ်ပါး ဆိုင်ကယ်မှောက်ပြီး ပျံလွန်တော်မူ

မင်းတုန်း၊ ဒီဇင်ဘာ၃၁-၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမက မင်းတုန်းချောင်းတံတားပေါ်မှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်မောင်းလာတဲ့ ရဟန်းတစ်ပါး ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာသတိလစ်နေလို့ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ မင်းတုန်းမြို့မရဲစခန်းကနေ သိရပါတယ်။ ပျံလွန်တော်မူသွားတဲ့ ရဟန်းဟာ ဦးကောဝိဒ ၊ ဝါတော်၃ဝါ၊ သက်တော်၅၈နှစ်ဖြစ်ပြီး သူ့ ဆရာဖြစ်တဲ့ လယ်ရဲဆရာတော်ဆီကိုသွားရင်း အခုလိုဖြစ်တာလို့ သိရပါတယ်။ ”ကံလည်နားက မင်းတုန်းတံတားပေါ်မှာဖြစ်တာ၊ မြေနီကုန်းကျောင်းတိုက်က ခန်းနေတပါးဖြစ်တယ်ပေါ့၊ ပြောမယ်ဆိုရင် ဘုန်းကြီးရဟန်းတော်တွေကို ဆိုင်ကယ်၊ ကားကိုယ်တိုင်မမောင်းဖို့ သံဃာ့အဖွဲ့အစည်းကတားမြစ်ထားပါတယ်။ ဘုန်းကြီးဖြစ်တော့ ဦးထုတ်မပါ၊ လူလိုင်စင်မရှိပေါ့။ ဆိုင်ကယ်ကတော့လိုင်စင်ရှိတယ်။ အဲဒီမှာရရှိတဲ့ဒဏ်ရာနဲ့ ဆေးရုံပို့ကုသစဉ်ပျံလွန်ပါတယ်”လို့ မင်းတုန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးစိန်သောင်းကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတုန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၀၄ (က) နဲ့ အမှု့ဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မင်းတုန်း #ရဟန်းတစ်ပါး #ဆိုင်ကယ်မှောက် Zawgyi ဆိုင်ကယ်မောင်းလာတဲ့ရဟန်းတစ်ပါး…

Read More

မလေးရှားနိုင်ငံသား ၁၁ ဦးပါဝင်တဲ့ ဆီသင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ဖမ်းဆီး

တီဟီရန်၊ ဒီဇင်ဘာ-၃၁-၂၀၁၉ မျိုးဆက် (VOM) အီရန်တော်လှန်ရေးအစောင့်တပ်ဖွ့ဲဝင်တွေဟာ လောင်စာဆီမှောင်ခိုသယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ သင်္ဘောတစ်စင်းကို ထိန်းသိမ်းလိုက်ပြီး သင်္ဘောပေါ်က မလေးရှားနိုင်ငံသား ၁၁ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာ ၃၀ ရက်မှာဖော်ပြပါတယ်။ အဘူမူဆာကျွန်းမှ ရေမိုင် ၁၅ မိုင်အကွာကနေ အမည်ဖော်ပြမထားတဲ့ သင်္ဘောပေါ်က တရားမဝင်သယ်ဆောင်လာတဲ့ လောင်စာဆီလီတာ ၁ ဒသမ ၃ သန်းကို တော်လှန်ရေးအစောင့်တပ်တွေက သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ မလေးရှားနိုင်ငံက သင်္ဘောအမှုထမ်း ၁၆ ဦးကိုလည်း ဖမ်းဆီးထားလိုက်ပြီး ဒီသင်္ဘောဟာ တရားမဝင်လောင်စာဆီရောင်းဝယ်ဖောက်ကားလို့ ဖမ်းဆီးခဲ့တဲ့ ခြောက်စင်းမြောက် သင်္ဘောဖြစ်တယ်လို့ ဒေသတွင်း ရေတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး အလီအိုဇမိုင်ကပြောပါတယ်။ သင်္ဘောကို ဖမ်းဆီးခဲ့တဲ့ အဘူမူဆာကျွန်းဟာ အီရန်ထိန်းချုပ်ထားတဲ့ ရေလက်ကြားရဲ့တောင်ဘက်ရှိ ကျွန်းသုံးကျွန်းထဲက တစ်ကျွန်းဖြစ်ပြီး ယူအေအီးနိုင်ငံကတော့ အဲဒီကျွန်းကိုသူတို့ပိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်တွေဟာ စက်တင်ဘာလအတွင်းကလည်း…

Read More

ရှဒူးဇွပ်ကျေးရွာရှိ ကိုယ်ထူကိုယ်ထဈေးအတွင်းက ဆိုင်ခန်းပေါင်း (၁၄၀)ခန့် မီးလောင်

မန္တလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉ လင်းခိုင်(VOM) မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာရှိကိုယ်ထူကိုယ်ထဈေးမှာ ဒီကနေ့မနက်အစောပိုင်းက ဈေးအတွင်းနေထိုင်သူရဲ့အိမ်ကနေ စတင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်မြို့နယ့် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ကျွန်တော်တို့က မီးလောင်မှုကို ဖုန်းသတင်းအရ သိရပါတယ်၊ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း(၁၄၀)ခန့်နဲ့ လူနေအိမ်(၁၁)လုံးမီးလောင်သွားပါ၊ မီးစလောင်တဲ့ အကြောင်းအရင်းကိုတော့ သွားရောက်စုံစမ်းနေတုန်းပါ”လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းကပြောပါတယ်။ မီးလောင်တဲ့ဈေးနေရာဟာ နယ်မြေဒေသအရ သွားလာရခက်ခဲတဲ့‌နေရာတစ်ခုဖြစ်ပြီး ကာမိုင်းနယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့၀င် သန္ဓေ (၆)ဦး၊ အရန်မီးသတ် (၅)ဦး၊မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ယုဇနကုမ္ပဏီမှ ရေသယ်ယာဉ် (၃)စီး နဲ့ ငြိမ်းသတ်ခဲ့ရကာ မနက်(၃)နာရီအချိန်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှု‌ကြောင့် ဈေးဆိုင်ခန်းပေါင်း(၁၄၀)ခန့် လူနေအိမ်(၁၁)လုံးနဲ့ တန်ဖိုးငွေ သိန်း(၂၄၀)နီးပါး ‌မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် မီးစလောင်တဲ့ ဈေးဆိုင်ပိုင်ရှင်ကို ကာမိုင်းနယ်မြေရဲစခန်းက (ပ-၃၂/၂၀၁၉)၊ ပုဒ်မ-၂၈၅နဲ႔ အေရးယူထားတယ္လို႔ ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ Photo –…

Read More

ကသည်းလက်နက်ကိုင်မှ ရွာသားတစ်ဦးကို လက်နက်ပြခြိမ်းခြောက်ရိုက်နက်မှုအပေါ် ကူကီးလူငယ်ကွန်ရက်မှ သဘောထားကြေညာချက်ထုတ်ပြန်

ကလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉ ဂေါင်ဂေါင်(VOM) တမူးခရိုင်၊ တမူးမြို့၊ မြို့သစ်မြို့နယ်၊ ဖိုင်းလင်းကျေးရွာအတွင်းက လူငယ်တစ်ဦးဖြစ်သူကို ဒီဇင်ဘာရရက်နေ့က မြန်မာနိုင်ငံသားမဟုတ်တဲ့ ကသည်းလက်နက်ကိုင်ဆိုသူက နေအိမ်ကနေ ထွက်လာသူလူငယ်တစ်ဦးကို လက်နက်ပြခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါတယ်။ ယင်းလူငယ်က တောင်းပန်ပြီး ဆိုင်တစ်ဆိုင်ကိုဝင်သွားချိန် ကသည်းလက်နက်ကိုင်တွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး “ငါ့ကို ဘာထင်လဲ ငါက ကသည်းလက်နက်ကိုင်” လို့ပြောပြီး ပစ်စတိုသေနတ်နဲ့ထုတ်ချိန်ကာ ပါးရိုက်ပြီး အခုဖုန်းထုတ်ဆက်လိုက်ရင် လူကြီးတွေဆီရောက်သွားမယ်လို့ ပြောဆိုခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ “ဒီလို နိုင်ငံသားမဟုတ်တဲ့ ကသည်းလက်နက်ကိုင်တွေက မြန်မာနိုင်ငံထဲကိုဝင်ရောက်ပြီး လက်နက်ထုတ် ခြိမ်ခြောက်မှုမျိုးရှိတာကို တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေလုံခြုံမှုရအောင် ပြုလုပ်ပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ(၂၉)ရက်နေ့က ထုတ်ပြန်ခဲ့တယ်”လို့ ကူကီးလူငယ်ကွန်ရက်ဥက္ကဌဖြစ်သူ ဦးဆေးရင်ကပြောပါတယ်။ ဖိုင်လင်းရွာနေ ကိုဆေးပူဆိုသူကလည်း “ရွာခံအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကသည်းအဖွဲ့အစည်းတွေက လက်နက်မဲ့ဖြစ်တဲ့ ရွာသားတွေကို အနိုင်ကျင့်တာမျိုး ထပ်မဖြစ်စေချင်ဘူး ။ တာဝန်ရှိတဲ့ အဖွဲအစည်းများမှလဲ အဲ့ဒီလိုထပ်မဖြစ်အောင်…

Read More

စစ်တွေမြို့မှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို စက်ဘီးစီးရှာဖွေ

စစ်တွေ၊ ဒီဇင်ဘာ ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းက လူ့အခွင့်ရေး၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတရေးတွေကို ရှာဖွေတဲ့အနေနဲ့ လူငယ် ၂၀ ကျော်လောက်ဟာ မြို့ကိုပတ်ပြီးစက်ဘီးစီးခဲ့ကြပါတယ်။ အခုလိုစက်ဘီးစီးရတဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်မှာ တရားမျှတမှုတွေရှိလာစေရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကင်းဝေးစေဖို့နဲ့ ငြိမ်းချမ်းရေးရရှိလာစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ စက်ဘီးစီးရာမှာပါဝင်တဲ့ ကိုသန်းလှက ပြောပါတယ်။ တရားမျှတမှူဆိုတာ လက်ရှိမြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှူ တရားစီရင်ရေး ယိုယွင်းနေတဲ့စနစ်ကို ဖြောင့်မတ်ကောင်းမွန်လာစေဖို့အတွက် ဆိုလိုတာဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေလည်းတစ်နေ့ထက်တစ်နေပိုများလာပြီး နယ်ရပ်စွန့်ခွာသူတွေလည်း တစ်သိန်းနီးပါးရှိလာနေပြီး အင်တာနက်ဖြတ်တောက်တာတွေ၊ စစ်ပွဲကြောင့်သေနေရတဲ့ပြည်သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ စတဲ့လူ့အခွင့်ရေးတွေ ဆုံးရံှူးနေတာကြောင့် စက်ဘီးစီးရတာဖြစ်တယ်လို့ ပါဝင်သူတွေက ပြောဆိုခဲ့ကြပါတယ်။ #VOM #voiceofmyanmar #စစ်တွေ #တရားမျှတမှု #စက်ဘီးစီး Zawgyi စစ်တွေမြို့မှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို စက်ဘီးစီးရှာဖွေ စစ်တွေ၊…

Read More

ဆူဒန်မှာ ကျောင်းဆရာတစ်ဦးကို နှိပ်စက်သတ်ဖြတ်သူ ထောက်လှမ်းရေး ၂၉ ဦး သေဒါဏ်ပေးခံရ

ခါတွမ်၊ ဒီဇင်ဘာ-၃၁-၂၀၁၉ မျိုးဆက် (VOM) ဆူဒန်နိုင်ငံမှာ ကျောင်းဆရာတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တဲ့အတွက် ထောက်လှမ်းရေးတာဝန်ရှိသူ ၂၉ ဦးကို ဆူဒန်တရားရုံးက သေဒါဏ်ချမှတ်လိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် အာမက်အယ်လ်ကိုင်ရာဟာ ရာထူးကဆင်းသွားတဲ့ သမ္မတအိုမာအယ်လ်ဘာရှာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ အဖမ်းခံရပြီးနောက် ဖေဖော်ဝါရီလအတွင်း အကျဉ်းထောင်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ထောက်လှမ်းရေး ၂၉ ဦးကို သေဒါဏ်ချလိုက်တာဟာ ဧပြီလအတွင်းသမ္မတဘာရှာ ရာထူးမှဖြုတ်ချမခံရမှီ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပေါ် ဖြိုခွင်းခဲ့တာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအပေါ် ပထမဆုံးပြစ်ဒါဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ သူတို့ကို သေဒါဏ်အပြစ်ပေးလိုက်တာဟာ မျှတတဲ့ပြစ်ဒါဏ်ဖြစ်တယ်လို့ ဆူဒန်အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီပြစ်ဒါဏ်နဲ့ပတ်သက်ပြီး တရားခံတွေရဲ့ရှေ့နေကတော့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ အာမက်အယ်လ်ကိုင်ရာဟာ နိုင်ငံအရှေ့ပိုင် ကာဆာလာပြည်နယ်က ထိန်းသိမ်းရေးစခန်းတစ်ခုထဲမှာ တာဝန်ကျအရာရှိတွေရဲ့ရိုက်နှက်၊ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Ref : BBC Photo: AFP #VOM #voiceofmyanmar #ဆူဒန်…

Read More
VOM News

FREE
VIEW