မလေးရှားနိုင်ငံသား ၁၁ ဦးပါဝင်တဲ့ ဆီသင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ဖမ်းဆီး

တီဟီရန်၊ ဒီဇင်ဘာ-၃၁-၂၀၁၉
မျိုးဆက် (VOM)

အီရန်တော်လှန်ရေးအစောင့်တပ်ဖွ့ဲဝင်တွေဟာ လောင်စာဆီမှောင်ခိုသယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ သင်္ဘောတစ်စင်းကို ထိန်းသိမ်းလိုက်ပြီး သင်္ဘောပေါ်က မလေးရှားနိုင်ငံသား ၁၁ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီဇင်ဘာ ၃၀ ရက်မှာဖော်ပြပါတယ်။

အဘူမူဆာကျွန်းမှ ရေမိုင် ၁၅ မိုင်အကွာကနေ အမည်ဖော်ပြမထားတဲ့ သင်္ဘောပေါ်က တရားမဝင်သယ်ဆောင်လာတဲ့ လောင်စာဆီလီတာ ၁ ဒသမ ၃ သန်းကို တော်လှန်ရေးအစောင့်တပ်တွေက သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ မလေးရှားနိုင်ငံက သင်္ဘောအမှုထမ်း ၁၆ ဦးကိုလည်း ဖမ်းဆီးထားလိုက်ပြီး ဒီသင်္ဘောဟာ တရားမဝင်လောင်စာဆီရောင်းဝယ်ဖောက်ကားလို့ ဖမ်းဆီးခဲ့တဲ့ ခြောက်စင်းမြောက် သင်္ဘောဖြစ်တယ်လို့ ဒေသတွင်း ရေတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး အလီအိုဇမိုင်ကပြောပါတယ်။

သင်္ဘောကို ဖမ်းဆီးခဲ့တဲ့ အဘူမူဆာကျွန်းဟာ အီရန်ထိန်းချုပ်ထားတဲ့ ရေလက်ကြားရဲ့တောင်ဘက်ရှိ ကျွန်းသုံးကျွန်းထဲက တစ်ကျွန်းဖြစ်ပြီး ယူအေအီးနိုင်ငံကတော့ အဲဒီကျွန်းကိုသူတို့ပိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်တွေဟာ စက်တင်ဘာလအတွင်းကလည်း ဟော်မုဇ်ရေလက်ကြားမှာ လောင်စာဆီမှောင်ခိုတင်ဆောင်လာတယ်လို့သံသယရှိတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံသား သင်္ဘောအမှုထမ်း ၁၂ ဦးနဲ့ သင်္ဘောကို ဖမ်းဆီးခဲ့ပါတယ်။

Ref : CNA Photo: AFP
#VOM #voiceofmyanmar #အီရန် #မလေးရှား #ဆီသင်္ဘော

Zawgyi

မေလးရွားနုိင္ငံသား ၁၁ ဦးပါ၀င္တဲ႔ ဆီသေဘၤာကို အီရန္ေတာ္လွန္ေရးအေစာင္႔တပ္ဖမ္းဆီး

တီဟီရန္၊ ဒီဇင္ဘာ-၃၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အီရန္ေတာ္လွန္ေရးအေစာင္႔တပ္ဖြ႔ဲ၀င္ေတြဟာ ေလာင္စာဆီေမွာင္ခိုသယ္ေဆာင္လာတယ္လို႔ သံသယရိွတဲ႔ သေဘၤာတစ္စင္းကို ထိန္းသိမ္းလိုက္ျပီး သေဘၤာေပၚက မေလးရွားနုိင္ငံသား ၁၁ ဦးကိုလည္း ဖမ္းဆီးလို္က္တယ္လို႔ နိုင္ငံပိုင္သတင္းဌာနက ဒီဇင္ဘာ ၃၀ ရက္မွာေဖာ္ျပပါတယ္။

အဘူမူဆာကြ်န္းမွ ေရမိုင္ ၁၅ မိုင္အကြာကေန အမည္ေဖာ္ျပမထားတဲ႔ သေဘၤာေပၚက တရားမ၀င္သယ္ေဆာင္လာတဲ႔ ေလာင္စာဆီလီတာ ၁ ဒသမ ၃ သန္းကို ေတာ္လွန္ေရးအေစာင္႔တပ္ေတြက သိမ္းဆည္းခဲ႔တယ္လို႔ ထုတ္ျပန္ပါတယ္။

သေဘၤာေပၚမွာလိုက္ပါလာတဲ႔ မေလးရွားနိုင္ငံက သေဘၤာအမႈထမ္း ၁၆ ဦးကိုလည္း ဖမ္းဆီးထားလိုက္ျပီး ဒီသေဘၤာဟာ တရားမ၀င္ေလာင္စာဆီေရာင္း၀ယ္ေဖာက္ကားလို႔ ဖမ္းဆီးခဲ႔တဲ႔ ေျခာက္စင္းေျမာက္ သေဘၤာျဖစ္တယ္လို႔ ေဒသတြင္း ေရတပ္ဖြဲ႔အၾကီးအကဲ ေရတပ္ဗုိလ္ခ်ဳပ္ၾကီး အလီအိုဇမိုင္ကေျပာပါတယ္။

သေဘၤာကို ဖမ္းဆီးခဲ႔တဲ႔ အဘူမူဆာကြ်န္းဟာ အီရန္ထိန္းခ်ဳပ္ထားတဲ႔ ေရလက္ၾကားရဲ႕ေတာင္ဘက္ရိွ ကြ်န္းသံုးကြ်န္းထဲက တစ္ကြ်န္းျဖစ္ျပီး ယူေအအီးနိုင္ငံကေတာ႔ အဲဒီကြ်န္းကိုသူတို႔ပိုင္တယ္လို႔ အခိုင္အမာဆိုပါတယ္။

အီရန္ေတာ္လွန္ေရးအေစာင္႔တပ္ေတြဟာ စက္တင္ဘာလအတြင္းကလည္း ေဟာ္မုဇ္ေရလက္ၾကားမွာ ေလာင္စာဆီေမွာင္ခိုတင္ေဆာင္လာတယ္လို႔သံသယရိွတဲ႔အတြက္ ဖိလစ္ပိုင္နုိင္ငံသား သေဘၤာအမႈထမ္း ၁၂ ဦးနဲ႔ သေဘၤာကို ဖမ္းဆီးခဲ႔ပါတယ္။

Ref : CNA Photo: AFP
#VOM #voiceofmyanmar #အီရန္ #မေလးရွား #ဆီသေဘၤာ

Related posts

Leave a Comment

VOM News

FREE
VIEW