ရှဒူးဇွပ်ကျေးရွာရှိ ကိုယ်ထူကိုယ်ထဈေးအတွင်းက ဆိုင်ခန်းပေါင်း (၁၄၀)ခန့် မီးလောင်

မန္တလေး၊ ဒီဇင်ဘာ ၃၁-၂၀၁၉
လင်းခိုင်(VOM)

မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာရှိကိုယ်ထူကိုယ်ထဈေးမှာ ဒီကနေ့မနက်အစောပိုင်းက ဈေးအတွင်းနေထိုင်သူရဲ့အိမ်ကနေ စတင်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်မြို့နယ့် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ကျွန်တော်တို့က မီးလောင်မှုကို ဖုန်းသတင်းအရ သိရပါတယ်၊ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း(၁၄၀)ခန့်နဲ့ လူနေအိမ်(၁၁)လုံးမီးလောင်သွားပါ၊ မီးစလောင်တဲ့ အကြောင်းအရင်းကိုတော့ သွားရောက်စုံစမ်းနေတုန်းပါ”လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းကပြောပါတယ်။

မီးလောင်တဲ့ဈေးနေရာဟာ နယ်မြေဒေသအရ သွားလာရခက်ခဲတဲ့‌နေရာတစ်ခုဖြစ်ပြီး ကာမိုင်းနယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့၀င် သန္ဓေ (၆)ဦး၊ အရန်မီးသတ် (၅)ဦး၊မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ယုဇနကုမ္ပဏီမှ ရေသယ်ယာဉ် (၃)စီး နဲ့ ငြိမ်းသတ်ခဲ့ရကာ မနက်(၃)နာရီအချိန်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှု‌ကြောင့် ဈေးဆိုင်ခန်းပေါင်း(၁၄၀)ခန့် လူနေအိမ်(၁၁)လုံးနဲ့ တန်ဖိုးငွေ သိန်း(၂၄၀)နီးပါး ‌မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် မီးစလောင်တဲ့ ဈေးဆိုင်ပိုင်ရှင်ကို ကာမိုင်းနယ်မြေရဲစခန်းက (ပ-၃၂/၂၀၁၉)၊ ပုဒ်မ-၂၈၅နဲ႔ အေရးယူထားတယ္လို႔ ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

Photo – Mar Nuu
#VOM #voiceofmyanmar #ရှဒူးဇွပ် #ဈေးမီးလောင်

Zawgyi

ရွဒူးဇြပ္ေက်း႐ြာရွိ ကိုယ္ထူကိုယ္ထေဈးအတြင္းက ဆိုင္ခန္းေပါင္း (၁၄၀)ခန႔္ မီးေလာင္

မႏၲေလး၊ ဒီဇင္ဘာ ၃၁-၂၀၁၉
လင္းခိုင္(VOM)

မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဝါရာဇြပ္ေက်း႐ြာအုပ္စု၊ ရွဒူးဇြပ္ေက်း႐ြာရွိကိုယ္ထူကိုယ္ထေဈးမွာ ဒီကေန႔မနက္အေစာပိုင္းက ေဈးအတြင္းေနထိုင္သူရဲ႕အိမ္ကေန စတင္မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ့္ မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

“ကြၽန္ေတာ္တို႔က မီးေလာင္မႈကို ဖုန္းသတင္းအရ သိရပါတယ္၊ မီးေလာင္မႈေၾကာင့္ ဆိုင္ခန္းေပါင္း(၁၄၀)ခန႔္နဲ႔ လူေနအိမ္(၁၁)လုံးမီးေလာင္သြားပါ၊ မီးစေလာင္တဲ့ အေၾကာင္းအရင္းကိုေတာ့ သြားေရာက္စုံစမ္းေနတုန္းပါ”လို႔ ဖားကန႔္ၿမိဳ႕နယ္ မီးသတ္ဦးစီးမႉး ဦးေျပၿငိမ္းကေျပာပါတယ္။

မီးေလာင္တဲ့ေဈးေနရာဟာ နယ္ေျမေဒသအရ သြားလာရခက္ခဲတဲ့‌ေနရာတစ္ခုျဖစ္ၿပီး ကာမိုင္းနယ္ေျမမီးသတ္စခန္းက မီးသတ္တပ္ဖြဲ႕၀င္ သေႏၶ (၆)ဦး၊ အရန္မီးသတ္ (၅)ဦး၊မီးၿငိမ္းသတ္ယာဥ္(၁)စီး၊ ယုဇနကုမၸဏီမွ ေရသယ္ယာဥ္ (၃)စီး နဲ႔ ၿငိမ္းသတ္ခဲ့ရကာ မနက္(၃)နာရီအခ်ိန္မွာ မီးလုံးဝၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

မီးေလာင္မႈ‌ေၾကာင့္ ေဈးဆိုင္ခန္းေပါင္း(၁၄၀)ခန႔္ လူေနအိမ္(၁၁)လုံးနဲ႔ တန္ဖိုးေငြ သိန္း(၂၄၀)နီးပါး ‌မီးေလာင္ဆုံးရႈံးခဲ့တဲ့အတြက္ မီးစေလာင္တဲ့ ေဈးဆိုင္ပိုင္ရွင္ကို ကာမိုင္းနယ္ေျမရဲစခန္းက (ပ-၃၂/၂၀၁၉)၊ ပုဒ္မ-၂၈၅နဲ႔ အေရးယူထားတယ္လုိ႔  ဖားကန႔္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနကေန သိရပါတယ္။

Photo – Mar Nuu
#VOM #voiceofmyanmar #ရွဒူးဇြပ္ #ေဈးမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW