ဆူဒန်မှာ ကျောင်းဆရာတစ်ဦးကို နှိပ်စက်သတ်ဖြတ်သူ ထောက်လှမ်းရေး ၂၉ ဦး သေဒါဏ်ပေးခံရ

ခါတွမ်၊ ဒီဇင်ဘာ-၃၁-၂၀၁၉
မျိုးဆက် (VOM)

ဆူဒန်နိုင်ငံမှာ ကျောင်းဆရာတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တဲ့အတွက် ထောက်လှမ်းရေးတာဝန်ရှိသူ ၂၉ ဦးကို ဆူဒန်တရားရုံးက သေဒါဏ်ချမှတ်လိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် အာမက်အယ်လ်ကိုင်ရာဟာ ရာထူးကဆင်းသွားတဲ့ သမ္မတအိုမာအယ်လ်ဘာရှာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ အဖမ်းခံရပြီးနောက် ဖေဖော်ဝါရီလအတွင်း အကျဉ်းထောင်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ထောက်လှမ်းရေး ၂၉ ဦးကို သေဒါဏ်ချလိုက်တာဟာ ဧပြီလအတွင်းသမ္မတဘာရှာ ရာထူးမှဖြုတ်ချမခံရမှီ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပေါ် ဖြိုခွင်းခဲ့တာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအပေါ် ပထမဆုံးပြစ်ဒါဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့ကို သေဒါဏ်အပြစ်ပေးလိုက်တာဟာ မျှတတဲ့ပြစ်ဒါဏ်ဖြစ်တယ်လို့ ဆူဒန်အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီပြစ်ဒါဏ်နဲ့ပတ်သက်ပြီး တရားခံတွေရဲ့ရှေ့နေကတော့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ အာမက်အယ်လ်ကိုင်ရာဟာ နိုင်ငံအရှေ့ပိုင် ကာဆာလာပြည်နယ်က ထိန်းသိမ်းရေးစခန်းတစ်ခုထဲမှာ တာဝန်ကျအရာရှိတွေရဲ့ရိုက်နှက်၊ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ဆူဒန် #ကျောင်းဆရာ #ထောက်လှမ်းရေး

Zawgyi

ဆူဒန္မွာ ေက်ာင္းဆရာတစ္ဦးကို နွိပ္စက္သတ္ျဖတ္သူ ေထာက္လွမ္းေရး ၂၉ ဦး ေသဒါဏ္ေပးခံရ

ခါတြမ္၊ ဒီဇင္ဘာ-၃၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ဆူဒန္နိုင္ငံမွာ ေက်ာင္းဆရာတစ္ဦးကို ညွင္းပန္းနွိပ္စက္ျပီး သတ္ျဖတ္ခဲ႔တဲ႔အတြက္ ေထာက္လွမ္းေရးတာ၀န္ရိွသူ ၂၉ ဦးကို ဆူဒန္တရားရံုးက ေသဒါဏ္ခ်မွတ္လိုက္ပါတယ္။

အသက္ ၃၆ နွစ္အရြယ္ အာမက္အယ္လ္ကိုင္ရာဟာ ရာထူးကဆင္းသြားတဲ႔ သမၼတအိုမာအယ္လ္ဘာရွာကို ဆန္႔က်င္တဲ႔ဆႏၵျပပြဲမွာ အဖမ္းခံရျပီးေနာက္ ေဖေဖာ္၀ါရီလအတြင္း အက်ဥ္းေထာင္မွာ ေသဆံုးခဲ႔တာျဖစ္ပါတယ္။

ေထာက္လွမ္းေရး ၂၉ ဦးကို ေသဒါဏ္ခ်လိုက္တာဟာ ဧျပီလအတြင္းသမၼတဘာရွာ ရာထူးမွျဖဳတ္ခ်မခံရမီွ ဒီမိုကေရစီအေရးလႈပ္ရွားသူေတြအေပၚ ျဖိဳခြင္းခဲ႔တာေတြနဲ႔ပတ္သက္ျပီး တာ၀န္ရိွသူေတြအေပၚ ပထမဆံုးျပစ္ဒါဏ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။

သူတို႔ကို ေသဒါဏ္အျပစ္ေပးလိုက္တာဟာ မွ်တတဲ႔ျပစ္ဒါဏ္ျဖစ္တယ္လို႔ ဆူဒန္အစိုးရေရွ႕ေနေတြက ေျပာပါတယ္။

ဒီျပစ္ဒါဏ္နဲ႔ပတ္သက္ျပီး တရားခံေတြရဲ႕ေရွ႕ေနကေတာ႔ အယူခံ၀င္သြားမယ္လို႔ ဆုိပါတယ္။ အာမက္အယ္လ္ကိုင္ရာဟာ နိုင္ငံအေရွ႕ပိုင္ ကာဆာလာျပည္နယ္က ထိန္းသိမ္းေရးစခန္းတစ္ခုထဲမွာ တာ၀န္က်အရာရိွေတြရဲ႕ရိုက္နွက္၊ နွိပ္စက္မႈေတြေၾကာင္႔ ေသဆံုးခဲ႔ေၾကာင္း တရားရံုးက စစ္ေဆးေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ဆူဒန္ #ေက်ာင္းဆရာ #ေထာက္လွမ္းေရး

Related posts

Leave a Comment

VOM News

FREE
VIEW