ကျောက်တော်မြို့ပေါ်မှာ မနေ့ညကတိုက်ပွဲဖြစ်ပွား အရပ်သားတွေထိခိုက်မှုရှိ

ကျောက်တော်၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ပေါ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ည၇ နာရီလောက်ကစတင်ပြီး မြို့တွင်းတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူနေအိမ်တွေ၊ အဆောက်အဦးတွေပျက်စီးခဲ့ကာ မြို့ခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့ အထက(၂) စာသင်ကျောင်းအနီးမှာ တေဘာကားသမားနှစ်ယောက်ကို တပ်မတော်ကခေါ်တဲ့အခါ ခေါ်လို့မရတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညဦးက ဖြစ်စဉ်မှာ အထက(၂) ဈေးနားကစာသင်ကျောင်းနားမှာ တေဘာသမားတွေရှိတယ်။ တေဘာကားသမားနှစ်ယောက်က ကားတစ်စီးနဲ့လာကြတယ်။ တစ်ယောက်ကို အိမ်မှာချတယ်။ နောက်တစ်ယောက်က သူ့အိမ်ကိုဆက်မောင်းလာတယ်။ တစ်အိမ်နဲ့ တစ်အိမ်ကတခေါ်ဇာ လောက်တောင်မရှိဘူး။ အဲ့တာကိုခေါ်တယ် ခေါ်လို့မရလို့ပစ်တယ်လို့ ပြောတယ်။”လို့ အမည်မဖော်လိုသူ အဲ့ဒီဒေသခံကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ မြို့မရဲစခန်း၊ မဟာကံကြီးရှင်ဘုရားဝင်း၊ ကျောက်တော်မြို့ အထက(၂) စာသင်ကျောင်းဝင်းနဲ့ ရွှေကျင်းဓမ္မာရုံတွေမှာရှိနေတဲ့ တပ်မတော်စစ်ကြောင်းတွေက တပြိုင်နက်တည်းပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့ကည ၉ နာရီလောက်မှာဖြစ်တာပါ။ ကျောက်တော်မြို့ပေါ်မှာကျွန်တော်တို့ မြို့လုံခြုံရေးဆောင်ရွက်နေတယ်။ စီးပွားရေးဘဏ်တို့ဘာတို့ကိုပေါ့။ အဲ့ဒီမှာ အေအေကနေပြီးတော့ ကျွန်တော်တို့ကို နှစ်နေရာပစ်တယ်။ ကျွန်တော်တို့ပြန်မပစ်ဘူး။” လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး ပြောပါတယ်။

မြို့တွင်းပစ်ခတ်မှုတွေကြောင့် ကျောက်တော်မြို့ခံ အဖွားအိုးတစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကိုပို့ဆောင်ထားရကြောင်းနဲ့ အခုလိုမျိုး ပစ်ခတ်တာဟာ တပ်မတော်ဘက်က တစ်ဖက်သက်ပစ်ခတ်တာမျိုးဖြစ်ပြီး မြို့ပေါ်လူထုကို အလေးမထားတာဖြစ်တယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ်မှာ အခုလိုမျိုး ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ ကလေးတစ်ဦးကျည်ထိမှန်ရင်း သေဆုံးသွားခဲ့သလို ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ဒီလိုပစ်ခတ်မှူတွေကြောင့် အရပ်သား ၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #တိုက်ပွဲ #အရပ်သားတွေဒဏ်ရာရ

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ မေန႔ညကတိုက္ပြဲျဖစ္ပြား အရပ္သားေတြထိခိုက္မႈရွိ

ေက်ာက္ေတာ္၊ ဒီဇင္ဘာ ၃၁၊ ၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ ဒီဇင္ဘာလ ၃၀ ရက္ေန႔ည၇ နာရီေလာက္ကစတင္ၿပီး ၿမိဳ႕တြင္းတိုက္ပြဲတစ္ခုျဖစ္ပြားခဲ့တဲ့အတြက္ လူေနအိမ္ေတြ၊ အေဆာက္အဦးေတြပ်က္စီးခဲ့ကာ ၿမိဳ႕ခံတခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕ အထက(၂) စာသင္ေက်ာင္းအနီးမွာ ေတဘာကားသမားႏွစ္ေယာက္ကို တပ္မေတာ္ကေခၚတဲ့အခါ ေခၚလို႔မရတ့ဲအတြက္ ပစ္ခတ္ခဲ့တာလို႔ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ညဦးက ျဖစ္စဥ္မွာ အထက(၂) ေစ်းနားကစာသင္ေက်ာင္းနားမွာ ေတဘာသမားေတြ႐ွိတယ္။ ေတဘာကားသမားႏွစ္ေယာက္က ကားတစ္စီးနဲ႔လာၾကတယ္။ တစ္ေယာက္ကို အိမ္မွာခ်တယ္။ ေနာက္တစ္ေယာက္က သူ႔အိမ္ကိုဆက္ေမာင္းလာတယ္။ တစ္အိမ္နဲ႔ တစ္အိမ္ကတေခၚဇာ ေလာက္ေတာင္မ႐ွိဘူး။ အဲ့တာကိုေခၚတယ္ ေခၚလို႔မရလို႔ပစ္တယ္လို႔ ေျပာတယ္။”လို႔ အမည္မေဖာ္လိုသူ အဲ့ဒီေဒသခံကေျပာပါတယ္။

အဲ့ဒီပစ္ခတ္မႈဟာ ၿမိဳ႕မရဲစခန္း၊ မဟာကံႀကီး႐ွင္ဘုရားဝင္း၊ ေက်ာက္ေတာ္ၿမိဳ႕ အထက(၂) စာသင္ေက်ာင္းဝင္းနဲ႔ ေရႊက်င္းဓမၼာရံုေတြမွာရွိေနတဲ့ တပ္မေတာ္စစ္ေၾကာင္းေတြက တၿပိဳင္နက္တည္းပစ္ခတ္ခဲ့ၾကတာလို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

“မေန႔ကည ၉ နာရီေလာက္မွာျဖစ္တာပါ။ ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာကၽြန္ေတာ္တို႔ ၿမိဳ႕လံုၿခံဳေရးေဆာင္ရြက္ေနတယ္။ စီးပြားေရးဘဏ္တို႔ဘာတုိ႔ကိုေပါ့။ အဲ့ဒီမွာ ေအေအကေနၿပီးေတာ့ ကၽြန္ေတာ္တုိ႔ကို ႏွစ္ေနရာပစ္တယ္။ ကၽြန္ေတာ္တုိ႔ျပန္မပစ္ဘူး။” လို႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦး ေျပာပါတယ္။

ၿမိဳ႕တြင္းပစ္ခတ္မႈေတြေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕ခံ အဖြားအိုးတစ္ဦးမွာ က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ၿပီး ေဆးရံုကိုပို႔ေဆာင္ထားရေၾကာင္းနဲ႔ အခုလိုမ်ိဳး ပစ္ခတ္တာဟာ တပ္မေတာ္ဘက္က တစ္ဖက္သက္ပစ္ခတ္တာမ်ိဳးျဖစ္ၿပီး ၿမိဳ႕ေပၚလူထုကို အေလးမထားတာျဖစ္တယ္လို႔ ေက်ာက္ေတာ္ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၆ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕ေပၚမွာ အခုလိုမ်ိဳး ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေတာ့ ကေလးတစ္ဦးက်ည္ထိမွန္ရင္း ေသဆံုးသြားခဲ့သလို ဒီဇင္ဘာလ ၂၈ ရက္ေန႔ကလည္း ဒီလိုပစ္ခတ္မႉေတြေၾကာင့္ အရပ္သား ၄ဦးဒဏ္ရာရ႐ွိခဲ့ပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #တိုက္ပြဲ #အရပ္သားေတြဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW