အိုင်စီဂျေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချေပချက်အပြီး စစ်တပ်ကို အကာကွယ်မပေးဖို့ သံဃာတပါး မိုးကုတ်မှာ ဆန္ဒထုတ်ဖေါ်
Read More
အညာဒေသ ကောက်သစ်စားပွဲခေါ်တဲ့ မုန့်ပေါင်းပွဲတော်ကျင်းပ
အညာဒေသ ကောက်သစ်စားပွဲခေါ်တဲ့ မုန့်ပေါင်းပွဲတော်ကျင်းပ စစ်ကိုင်း ဒီဇင်ဘာ ၁၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ အညာဒေသကောက်သစ်စားပွဲလို့ခေါ်နဲ့မုန့်ပေါင်းပွဲတော်ကို စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်ထဲက ငါးထပ်ကြီးဘုရား အနီးမှာ ဒီနေ့ညနေပိုင်းအချိန်က စတင်ကျင်းပနေပါတယ်။ အဲ့ဒီမုန့်ပေါင်းပွဲတော်ကို ရှေးအရင်က ကျင်းပပြုလုပ်လာတာဖြစ်ပြီး မုန့်ပေါင်းပွဲတော် တပေါင်းလပြည့်နေ့နဲ့လပြည့်ကျော်၁ရက်ဆိုပြီး ၂ရက်တိုင်တိုင် ကျင်းပတာဖြစ်ပြီး ပွဲတော်နေ့မှာစားတဲ့မုန့်ပေါင်းပွဲဟာ ဆေးဖက်ဝင်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။ ရှေးတုန်းကလမုန့်ပေါင်းပွဲကို နတ်တော်လပြည့်နေ့ ည တစ်ည ထဲကျင်းပတာဖြစ်ပြီး လွန်ခဲ့တဲ့၁၀နှစ်လောက်က စပြီး လပြည့်ကျော်၁ရက်နေ့ ညထိကျင်းပတာဖြစ်ပါတယ်။ အရင်ကမုန့်ပေါင်းကို မြေပေါင်းအိုးနဲ့ လုပ်ကိုင်ရောင်းချကြပြီး အခုမှာတော့ သံဖြူ ပုံးပေါင်းအိုးနဲ့ ရောင်းချလာကြပါတယ်။ မုန့်ပေါင်းပွဲတော်ကိုသမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရား အနီး၊ ဒါးဝယ်ဈေးတိုက်နယ်ထဲက တောင်ဘော်ဂါ၊ ကနားတော်၊ ညောင်ကုန်း စတဲ့အနီး ရပ်ကွက်တွေက လာရောက်ရောင်းချကြပြီး မုန့်ပေါင်း ဈေးသည် ၇၀ လောက်လာရောက် ရောင်းချကြပါတယ်။ #voiceofmyanmar #စစ်ကိုင်း #မုန့်ပေါင်းပွဲတော်…
Read More
တရားစီရင်ရေးကို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ သပိတ်မှောက်မယ်
တရားစီရင်ရေးကို ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ သပိတ်မှောက်မယ် ရန်ကုန်-ဒီဇင်ဘာ-၁၁-၂၀၁၉ စွဲ့ဝတီ (VOM) တပ်မတော်က တရားစွဲဆိုထားတဲ့ ကျန်အမူတွေအတွက် တရားရုံးနဲ့ မပူးပေါင်းတော့ဘဲ တရားစီရင်ရေးကို သပိတ်မှောက်မယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၁ရက်နေ့ ရုံးထုတ်မှာ ပြောဆိုခဲ့ကြပါတယ်။ “ကျွန်တော်တို့ကို တပ်မတော်က တရားစွဲဆိုတာ ရှစ်မူရှိတယ်။ သုံးမူ အမိန့်ချပြီးသွားပြီ။ အဲဒါကတော့ နှစ်နှစ်နဲ့ ခြောက်လ။ နောက်ထပ် ငါးမူကျန်သေးတယ်။ တပ်မတော်က တရားလိုစွဲဆိုထားတဲ့ ငါးမှုကို သပိတ်မှောက်မှာဖြစ်ပါတယ်။ ကျန်တဲ့ အမူတွေ အားလုံးကို တရားရုံးနဲ့လည်းပူးပေါင်းမှာ မဟုတ်တော့ဘူး။”လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက မရမ်းကုန်းတရားရုံး အမိန့်ချပြီး အထွက်မှာ ပြောဆိုခဲ့ပါတယ်။ “ တရားစီရင်ရေးကိုလည်း သပိတ်မှောက်မှာဖြစ်ပါတယ်။ သပိတ်မှောက်တဲ့အခါ ပုဒ်မ ၅၀၅(က)နဲ့၆၆(ဃ) တို့ အမူတွေမှာ ကျင့် (၂၀၂) မစစ်ဆေးခဲ့ပဲ ကျွန်တော်တို့ကို တရားရုံးတင်ပြီးတော့ စစ်ဆေးခဲ့တယ်။…
Read More
နိုင်ငံသားအထောက်ထားမပြနိုင်ပဲ ချောင်းသာမှာ ဖမ်းမိထားသူတွေကို ရုံးထုတ်
နိုင်ငံသားအထောက်ထားမပြနိုင်ပဲ ချောင်းသာမှာ ဖမ်းမိထားသူတွေကို ရုံးထုတ် ပုသိမ်-ဒီဇင်ဘာ-၁၁-၂၀၁၉ ကိုအောင်(ပုသိမ်) နိဝင်ဘာလ၂၉ရက်နေ့နံနက်က ပုသိမ်မြို့နယ်ချောင်းသာမြို့ဦးတို တံတားအနီးမှာ နိင်ငံသား အထောက်အထားမပါလို့ ဖမ်းမိထားသူ ၉၆ဦးအနက် National Verification Card (NVC) စိစစ်ဆဲနိုင်ငံသားကဒ် ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အသက်၄နစ်အရွယ်ကလေးငယ်နစ်ဦးမှအပ ကျန်၉၃ဦးကို ပုသိမ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူတို့ကိုပုသိမ်မြို့နယ် ဒုလဝက မူး ဦးစိန်ဝင်းက ဒီဇင်ဘာ၂ရက်နေ့က ၁၉၄၉ခုနှစ် ပြည်ထောင်စုမြန်မာနိင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်၆(၁)၆(၂)၆(၃)နဲ့တရားစွဲဆိုခဲ့မူ အပေါ်ဒီနေ့ညနေပိုင်းမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ အမူကိုစစ်ဆေးတဲ့ပုသိမ်မြို့နယ် တရားသူကြီးကတော့ဒီနေ့ရုံးထုတ်မူမှာအမူကိုမစစ်ဆေးသေးပဲလာ့မယ်၂၀ရက်နေ့ကြရင်တရားလိုသက်သေတွေကိုစတင်စစ်ဆေးမယ်လို့ သာ အမိန့်ချမှတ်ခဲ့တယ်လို့ပြောပါတယ်။ “ဒီနေ့ ရုံးထုတ်က အမူကိုစစ်ဆေးဖို့မဟုတိသေးပါဘူး သက်သေတွေကိုစစ်ဖို့ တရားလို ဘက်နဲ့တရားခံဘက်ကအကျိုးဆောင်ရှေ့နေတွေကို ခေါ်ယူအသိပေးတဲ့အစည်းအဝေးပုံစံမျိုးပါ” လို့ ပုသိမ်မြို့နယ်တရားသူကြီးဒေါ်ခင်မြတ်မြတ်ထွန်းကဆိုပါတယ်။ စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ အထက်တန်းရှေ့နေ ဒေါ်သဇင်မြတ်မြတ်ဝင်းက အမူကိုအမြန်ဆုံးစစ်ဆေးစေချင်ပြီး သူ့အမူသည်တွေအနေနဲ့ ထောင်တွင်းမှာ ဘာသာစကားအခက်အခဲနဲ့ အစားအသောက်အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။ ဒီနေ့ရုံးထုတ်မှာရဲတပ်ဖွဲ့အင်အား၆၀ခန့်အသုံးပြုခဲ့ပီးသတင်းမီဒီယာတွေကိုတရားခွင်ကိုဝင်ရောက်နားထောင်ဖို့ခွင့်မပြုခဲ့ပါဘူး ။ ပုသိမ်မြို့နယ်တရားသူကြီးကတော့ လုံခြုံရေးအရခွင့်မပြုတာလို့ပြောပါတယ်။…
Read More
လူ့အခွင့်အရေးအဖွဲ့တွေကန့်ကွက်ပေမယ့် ဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ခြံစည်းရိုးခတ်
Unicode လူ့အခွင့်အရေးအဖွဲ့တွေကန့်ကွက်ပေမယ့် ဒုက္ခသည်စခန်းတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ခြံစည်းရိုးခတ် ကော့ဘဇား၊ ဒီဇင်ဘာ-၁၁-၂၀၁၉ မျိုးဆက် (VOM) ဒေသခံခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပေမယ့် ရိုဟင်ဂျာဒုက္ခသည် သိန်းပေါင်းများစွာနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေရဲ့ ဝန်းကျင်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ခြံစည်းရိုးခတ်တာတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ကော့ဘဇားခရိုင်အတွင်းမှာရှိတဲ့ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ဘာလူခါလီစခန်းဝန်းကျင်မှာလည်း ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေဟာ သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာဖို့ တိုင်တွေစိုက်ထူနေတာကို မြင်တွေ့နေရတယ်လို့ နယ်ခံအေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။ ခြံစည်းရိုးကာတာတဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီး အလန်တာလူဒါကအတည်ပြုပြောဆိုခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုတာမရှိပါဘူး။ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေရဲ့ လှုပ်ရှားမှုအားလုံးကို ရဲတပ်ဖွဲ့က စောင့်ကြည့်ထိန်း ချုပ်နိုင်ခြင်းမရှိပေမယ့်လည်း စခန်းအတွင်းကနေ ဒုက္ခသည်တွေ ထွက်ခွာခွင့်ကို ယခင်ကတည်းက တားမြစ်ထားပါတယ်။ ဒုက္ခသည်စခန်းတွေကိုသွားတဲ့ အဓိကလမ်းမကြီးတွေမှာ စစ်ဆေးရေးဂိတ်အသစ်တွေထားရှိပြီး စခန်းထဲကနေ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြားနေရာတွေကိုသွားဖို့ကြိုးစားသူတွေကို ဖမ်းဆီးပြီး စခန်းထဲကိုပြန်ပို့လေ့ရှိပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို ပြန်ပို့ဖို့ကိစ္စမအောင်မမြင်ဖြစ်ပွားပြီနောက်…
Read More
ရိုဟင်ဂျာအရေးကြောင့် မြန်မာတပ်ချုပ်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က အရေးယူပိတ်ဆို့
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၁၉ မျိုးဆက်(VOM) မြန်မာနိုင်ငံဟာ လူမျိုးုတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့စွဲချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံးမှာ ခုခံချေပနေချိန်မှာပဲ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်တွေအပေါ်ကို အမေရိကန်က ပိုမိုတင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ဒီဇင်ဘာ ၁၀ ရက်မှာချမှတ်လိုက်ပါတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ခံရသူတွေကတော့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ပဲဖြစ်ပါတယ်။ အမေရိကန်ဟာ ဇူလိုင်လအတွင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်လာခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် ဒီတစ်ခါအရေးယူပိတ်ဆို့မှုတွေမှာတော့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုတွေ ချမှတ်ထားပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုင်ငံတကာလူ့အခွင့်အရေးအထိမ်းအမှတ်နေ့မှာ မြန်မာတပ်မတော် ခေါင်းဆောင်တွေအပြင် အခြားနိုင်ငံက လူပုဂ္ဂိုလ် ၁၄ ဦးကိုလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းခြင်း၊ ပြန်ပေးစွဲခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သတ်ခြင်းခြင်း သို့မဟုတ်…
Read More
ဈေးချိုပလာဇာမှာ ညဈေးတန်းဖွင့်မယ်
မန္တလေး၊ ဒီဇင်ဘာ ၁၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့က ဈေးချိုပလာဇာမှာ ပန်းချီ ၊ ပန်းပုနဲ့ မြန်မာရိုးရာပစ္စည်းတွေကို အဓိကထားရောင်းချသွားမယ့် ဈေးချိုညဈေးတန်းကိုဖွင့်ဖို့ စီစဉ်ထားတယ်လို့ ဈေးချိုပလာဇာ ညဈေးတန်းဖြစ်မြောက်ရေးအဖွဲ့ကနေ သိရပါတယ်။ “ ကျွန်တော်တို့နိုင်ငံမှာ အနုပညာပန်းဆယ်မျိုးနဲ့ပက်သက်ပြီး ရောင်းဝယ်တဲ့စင်တာ မရှိဘူး၊ လိုအပ်နေတယ်။ တစ်နိုင်ငံလုံးမှာလည်း ဘယ်နေရာမှ မရှိသေးဘူးလေ၊ မန္တလေးမြို့က ယဉ်ကျေးမှုမြို့တော်ဖြစ်ပြီးတော့ ခုလို အနုပညာပစ္စည်းတွေနဲ့ ပက်သက်ပြီး တစ်နေရာတည်းမှာ ရရှိနိုင်မယ်၊ လေ့လာနိုင်မယ့် နေရာတစ်ခုဟာလည်း လိုအပ်နေတာဖြစ်တဲ့အတွက် ခုလိုအစီအစဉ်ကို လုပ်တာဖြစ်ပါတယ်”လို့ ဈေးချိုပလာဇာ ညဈေးတန်းဖြစ်မြောက်ရေးတာဝန်ခံ ဒေါက်တာအောင်စိုးမြင့်ကပြောပါတယ်။ ဈေးချိုပလာဇာအနီးမှာ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုများတဲ့အတွက် နိုင်ငံတကာခရီးသွားတွေအနေနဲ့ ညဘက်မှာ မြန်မာအနုပညာလက်ရာတွေကို လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ “ဈေးချိုပတ်ဝန်းကျင်မှာတည်းခိုတဲ့ နိုင်ငံတကာခရီးသွားတွေကို ဦးတည်ထားပါတယ်။ သူတို့တွေကလည်း ခုလို အနုပညာညဈေးတန်းလုပ်ဖို့ တောင်းဆိုနေတာကြာပါပြီ၊ အဲ့ဒီခရီးသွားတွေက ကျွန်တော်တို့ရဲ့ အမာခံပရိတ်သတ်အဖြစ် မျှော်မှန်းထားပါတယ်။မန္တလေးမြို့ခံတွေလည်း…
Read More
ကျောက်မျက်အခွန် လျော့ပေးသင့်
Unicode ကျောက်မျက်အခွန် လျော့ပေးသင့် မန္တလေး၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၁၉ အောင်ထူးနိုင်(VOM) Video News မြန်မာ့ကျောက်မျက်ရတနာအခွန်နှုန်းဟာ များပြားလွန်းတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ကျောက်မျက်ရတနာအခွန်ဟာ အဆင့်ဆင့်ပေးဆောင်နေရတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲဖြစ်ပေါ်တာလို့ ပတ္တမြား၊ နဂါး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဦးထွန်းဝင်းက ဆိုပါတယ်။ “သူတို့က တစ်ခုတည်းကောက်တာဆိုပေမယ့် ကျွန်တော်တို့က ပေးရတာက ခေါင်းစဉ်များနေတယ်။ ဟိုတုန်းကတော့ ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ နိုင်ငံတော် ၄၀ ရာခိုင်နှုန်း၊ အခုတော့ ကုမ္ပဏီ ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော် ၂၅ ရာခိုင်နှုန်း၊ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းက အပြည့်ရတာ မဟုတ်ဘူး။ တွင်းဝခွန်က ဆောင်ရသေးတယ်။ ရောင်းခွန် ၁၀ ရာခိုင်နှုန်းဗျာ၊ အဲဒီတော့ ကိုယ့်ဆီမှာ ဘာမှ…
Read More
ညလုံးပေါက်ဖွင့်တဲ့ အင်တာနက်ဂိမ်းဆိုင်တွေကို ရှောင်တခင်ဝင်စစ်ဆေးမယ်
ရန်ကုန် ဒီဇင်ဘာ ၁၁-၂၀၁၉ သိဂီ ၤ(VOM) ညလုံးပေါက် ဖွင့်နေတဲ့ ရိုးရိုးအင်တာနက်ဂိမ်းဆိုင်တွေကို ညဘက်စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ မြို့နယ်တော်တော်များများက အင်တာနက်ဂိမ်းဆိုင်တွေဟာ ညလုံးပေါက်ဖွင့်တဲ့အတွက် လူငယ်အများစုက ညအိပ်ပြီး၂၄ နာရီ ဆော့ကစားတာတွေရှိနေပြီး ဒါတွေဟာ လူငယ်တွေအတွက်ရေရှည်မှာ ဆိုးကျိုးတွေရှိလာနိုင်တဲ့အတွက် အင်တာနက်ဂိမ်းဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး ကြပ်မတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ခုကလေးတွေထဲမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာတွေရှိလာတယ်၊ ဒါကြောင့် တစ်ညလုံးဖွင်တဲ့ ဂိမ်းဆိုင်တွေမှာ ညအိပ်ကစားတာတွေအပေါ် ပြန်စစ်ဖို့ရှိတယ်။ ဂိမ်းဆိုင်တွေမှာက ကလေး သူငယ်များတယ်။ ၅၀ရာခိုင်နှုန်းသော ဂိမ်းဆိုင်တွေက အဲ့ဒီလိုဖြစ်နေတယ်။ “လို့တာမွေမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။ အင်တာနက်ဂိမ်းဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဆွေးနွေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးမန်းဂိမ်းဆိုင်တွေ ဖွင့်လှစ်တာကိုလည်း လက်ခံမှာမဟုတ်ပေမယ့် မြန်မာ့အားကစားကိုအားပေးတဲ့ ဆီးဂိမ်းမှာကစားပြီး ရွှေတံဆိပ်ရတာတွေရှိတဲ့ တချို့ဂိမ်းကစားတာမျိုးကိုတော့ ခွင့်ပြုထားတယ်လို့…
Read More
သမ္မတရွေးကောက်ပွဲကို ရုရှားဝင်ရောက်စွက်ဖက်လာရင် လက်တုံ့ပြန်မယ်လို့ အမေရိကန်သတိပေး
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၁၉ မျိုးဆက် (VOM) လာမည့်နှစ်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလပ်ရော့ဗ်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက သတိပေးပြောဆိုလိုက်ပါတယ်။ မိမိတို့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာနဲ့ပတ်သက်ပြီး လက်ခံနိုင်စရာလုံးဝမရှိဘူးလို့ ဝါရှင်တန်မှာ ဆာဂီလပ်ရော့ဗ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုက်ပွန်ပီယိုကပြောပါတယ်။ ရုရှား ဒါမှမဟုတ် အခြားနိုင်ငံခြားတိုင်းပြည်တစ်ခုက မိမိတို့ရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ပျက်ပြားစေဖို့ လုပ်ဆောင်ပါက လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ သူကသတိပေးပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာစေဖို့်အတွက် ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလပ်ရော့ဗ်က သတင်းစာရှင်းလင်းပွဲမှာထပ်မံပယ်ချခဲ့ပါတယ်။ အမေရိကန်ရဲ့ ပြည်တွင်းရေးကို မိမိတို့ဝင်ရောက်စွက်ဖက်ကြောင်းစွပ်စွဲထားတဲ့ ထင်မြင်ချက်အားလုံးဟာ အခြေအမြစ်မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အခိုင်မာဆိုပါတယ်။ Ref : CNA Photo : AFP #voiceofmyanmar…
Read More
VOM News
FREE
VIEW