ဈေးချိုပလာဇာမှာ ညဈေးတန်းဖွင့်မယ်

မန္တလေး၊ ဒီဇင်ဘာ ၁၁-၂၀၁၉
ဟိန်းကို(VOM)

မန္တလေးမြို့က ဈေးချိုပလာဇာမှာ ပန်းချီ ၊ ပန်းပုနဲ့ မြန်မာရိုးရာပစ္စည်းတွေကို အဓိကထားရောင်းချသွားမယ့် ဈေးချိုညဈေးတန်းကိုဖွင့်ဖို့ စီစဉ်ထားတယ်လို့ ဈေးချိုပလာဇာ ညဈေးတန်းဖြစ်မြောက်ရေးအဖွဲ့ကနေ သိရပါတယ်။

“ ကျွန်တော်တို့နိုင်ငံမှာ အနုပညာပန်းဆယ်မျိုးနဲ့ပက်သက်ပြီး ရောင်းဝယ်တဲ့စင်တာ မရှိဘူး၊ လိုအပ်နေတယ်။ တစ်နိုင်ငံလုံးမှာလည်း ဘယ်နေရာမှ မရှိသေးဘူးလေ၊ မန္တလေးမြို့က ယဉ်ကျေးမှုမြို့တော်ဖြစ်ပြီးတော့ ခုလို အနုပညာပစ္စည်းတွေနဲ့ ပက်သက်ပြီး တစ်နေရာတည်းမှာ ရရှိနိုင်မယ်၊ လေ့လာနိုင်မယ့် နေရာတစ်ခုဟာလည်း လိုအပ်နေတာဖြစ်တဲ့အတွက် ခုလိုအစီအစဉ်ကို လုပ်တာဖြစ်ပါတယ်”လို့ ဈေးချိုပလာဇာ ညဈေးတန်းဖြစ်မြောက်ရေးတာဝန်ခံ ဒေါက်တာအောင်စိုးမြင့်ကပြောပါတယ်။

ဈေးချိုပလာဇာအနီးမှာ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုများတဲ့အတွက် နိုင်ငံတကာခရီးသွားတွေအနေနဲ့ ညဘက်မှာ မြန်မာအနုပညာလက်ရာတွေကို လေ့လာနိုင်ဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

“ဈေးချိုပတ်ဝန်းကျင်မှာတည်းခိုတဲ့ နိုင်ငံတကာခရီးသွားတွေကို ဦးတည်ထားပါတယ်။ သူတို့တွေကလည်း ခုလို အနုပညာညဈေးတန်းလုပ်ဖို့ တောင်းဆိုနေတာကြာပါပြီ၊ အဲ့ဒီခရီးသွားတွေက ကျွန်တော်တို့ရဲ့ အမာခံပရိတ်သတ်အဖြစ် မျှော်မှန်းထားပါတယ်။မန္တလေးမြို့ခံတွေလည်း လာရောက်လေ့လာနိုင်မယ်၊ နိုင်ငံတကာခရီးသွားတွေကိုလည်း မြန်မာကျပ်ငွေနဲ့ပဲရောင်းချသွားမှာပါ”လို့ ဒေါက်တာအောင်စိုးမြင့်ကပြောပါတယ်။

ဈေးချိုပလာဇာညဈေးတန်းကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွင့်ဖို့စီစဉ်ထားပြီး အနုပညာဈေးတန်း ဖြစ်တဲ့အတွက် အနုပညာပစ္စည်းတွေကို အဓိကထားရောင်းချပေးသွားမည်ဖြစ်ကာ တခြားလူသုံးကုန် ပစ္စည်းတွေနဲ့ အစားအသောက်ဈေးဆိုင်တန်းကိုလည်း ထည့်သွင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။

စတင်ဖွင့်တဲ့အချိန်မှာ ဆိုင်ခန်းပေါင်း ၇၀ကျော် နဲ့ ညနေ၆နာရီကနေ ည၁၁နာရီအချိန်ထိ ရောင်းချသွားမှာ ဖြစ်ပြီး မြန်မာရိုးရာအနုပညာကို ဖော်ထုတ်တဲ့အနေနဲ့ အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာ့ရိုးရာ ရုပ်သေးရုပ်ပြပွဲ၊ ခြင်းလုံးအလှပြပွဲ၊ ကျောက်ဆည်ဆင်အကပြပွဲတွေကို ထည့်သွင်းပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဈေးချို #ညဈေး

Zawgyi

ေစ်းခိ်ဳပလာဇာမွာ ညေစ်းတန္းဖြင့္မယ္

မႏၱေလး၊ ဒီဇင္ဘာ ၁၁-၂၀၁၉
ဟိန္းကို(VOM)

မႏၱေလးၿမိဳ႕က ေစ်းခ်ိဳပလာဇာမွာ ပန္းခ်ီ ၊ ပန္းပုနဲ႔ ျမန္မာရိုးရာပစၥည္းေတြကို အဓိကထားေရာင္းခ်သြားမယ့္ ေစ်းခ်ိဳညေစ်းတန္းကိုဖြင့္ဖို႔ စီစဥ္ထားတယ္လို႔ ေစ်းခ်ိဳပလာဇာ ညေစ်းတန္းျဖစ္ေျမာက္ေရးအဖြဲ႕ကေန သိရပါတယ္။

“ ကၽြန္ေတာ္တို႔နိုင္ငံမွာ အႏုပညာပန္းဆယ္မိ်ဳးနဲ႔ပက္သက္ၿပီး ေရာင္းဝယ္တဲ့စင္တာ မရိွဘူး၊ လိုအပ္ေနတယ္။ တစ္နိုင္ငံလံုးမွာလည္း ဘယ္ေနရာမွ မရိွေသးဘူးေလ၊ မႏၱေလးၿမိဳ႕က ယဥ္ေက်းမွဳၿမိဳ႕ေတာ္ျဖစ္ၿပီးေတာ့ ခုလို အႏုပညာပစၥည္းေတြနဲ႔ ပက္သက္ၿပီး တစ္ေနရာတည္းမွာ ရရိွန္ိုင္မယ္၊ ေလ့လာနုိင္မယ့္ ေနရာတစ္ခုဟာလည္း လိုအပ္ေနတာျဖစ္တဲ့အတြက္ ခုလိိုအစီအစဥ္ကို လုပ္တာျဖစ္ပါတယ္”လို႔ ေစ်းခ်ိဳပလာဇာ ညေစ်းတန္းျဖစ္ေျမာက္ေရးတာဝန္ခံ ေဒါက္တာေအာင္စိုးျမင့့္ကေျပာပါတယ္။

ေစ်းခ်ိဳပလာဇာအနီးမွာ နိုင္ငံတကာခရီးသြား ဝင္ေရာက္မွဳမ်ားတဲ့အတြက္ နုိင္ငံတကာခရီးသြားေတြအေနနဲ႔ ညဘက္မွာ ျမန္မာအနုပညာလက္ရာေတြကို ေလ့လာနိုင္ဖို႔အတြက္ ရည္ရြယ္ၿပီးျပဳလုပ္တာျဖစ္တယ္လို႔ သိရပါတယ္။

“ေစ်းခ်ိဳပတ္ဝန္းက်င္မွာတည္းခိုတဲ့ နိုင္ငံတကာခရီးသြားေတြက္ုိ ဦးတည္ထားပါတယ္။ သူတို႔ေတြကလည္း ခုလုိ အႏုပညာညေစ်းတန္းလုပ္ဖို႔ ေတာင္းဆိုေနတာၾကာပါၿပီ၊ အဲ့ဒီခရီးသြားေတြက ကၽြန္ေတာ္တို႔ရဲ႕ အမာခံပရိတ္သတ္အျဖစ္ ေမွ်ာ္မွန္းထားပါတယ္။မႏၱေလးၿမိဳ႕ခံေတြလည္း လာေရာက္ေလ့လာႏုိင္မယ္၊ နုိင္ငံတကာခရီးသြားေတြက္ိုလည္း ျမန္မာက်ပ္ေငြနဲ႔ပဲေရာင္းခ်သြားမွာပါ”လို႔ ေဒါက္တာေအာင္စိုးျမင့္ကေျပာပါတယ္။

ေစ်းခိ်ဳပလာဇာညေစ်းတန္းကို ၂၀၂၀ခုနွစ္ ေဖေဖာ္ဝါရီလမွာ စတင္ဖြင့္ဖို႔စီစဥ္ထားၿပီး အႏုပညာေစ်းတန္း ျဖစ္တဲ့အတြက္ အႏုပညာပစၥည္းေတြကို အဓိကထားေရာင္းခ်ေပးသြားမည္ျဖစ္ကာ တျခားလူသံုးကုန္ ပစၥည္းေတြနဲ႔ အစားအေသာက္ေစ်းဆိုင္တန္းကိုလည္း ထည့္သြင္းေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။

စတင္ဖြင့္တဲ့အခ်ိန္မွာ ဆိုင္ခန္းေပါင္း ၇၀ေက်ာ္ နဲ႔ ညေန၆နာရီကေန ည၁၁နာရီအခိ်န္ထိ ေရာင္းခ်သြားမွာ ျဖစ္ၿပီး ျမန္မာရိုးရာအႏုပညာကို ေဖာ္ထုတ္တဲ့အေနနဲ႔ အပတ္စဥ္ စေနေန႔နဲ႔ တနဂၤေႏြေန႔ေတြမွာ ျမန္မာ့ရိုးရာ ရုပ္ေသးရုပ္ျပပြဲ၊ ျခင္းလံုးအလွျပပြဲ၊ ေက်ာက္ဆည္ဆင္အကျပပြဲေတြကို ထည့္သြင္းျပသသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေစ်းခ်ိဳ #ညေစ်း

Related posts

Leave a Comment

VOM News

FREE
VIEW