အညာဒေသ ကောက်သစ်စားပွဲခေါ်တဲ့ မုန့်ပေါင်းပွဲတော်ကျင်းပ

အညာဒေသ ကောက်သစ်စားပွဲခေါ်တဲ့ မုန့်ပေါင်းပွဲတော်ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၁-၂၀၁၉
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့မှာ အညာဒေသကောက်သစ်စားပွဲလို့ခေါ်နဲ့မုန့်ပေါင်းပွဲတော်ကို စစ်ကိုင်းမြို့ ဒါးဝယ်ဈေးတိုက်နယ်ထဲက ငါးထပ်ကြီးဘုရား အနီးမှာ ဒီနေ့ညနေပိုင်းအချိန်က စတင်ကျင်းပနေပါတယ်။

အဲ့ဒီမုန့်ပေါင်းပွဲတော်ကို ရှေးအရင်က ကျင်းပပြုလုပ်လာတာဖြစ်ပြီး မုန့်ပေါင်းပွဲတော် တပေါင်းလပြည့်နေ့နဲ့လပြည့်ကျော်၁ရက်ဆိုပြီး ၂ရက်တိုင်တိုင် ကျင်းပတာဖြစ်ပြီး ပွဲတော်နေ့မှာစားတဲ့မုန့်ပေါင်းပွဲဟာ ဆေးဖက်ဝင်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

ရှေးတုန်းကလမုန့်ပေါင်းပွဲကို နတ်တော်လပြည့်နေ့ ည တစ်ည ထဲကျင်းပတာဖြစ်ပြီး လွန်ခဲ့တဲ့၁၀နှစ်လောက်က စပြီး လပြည့်ကျော်၁ရက်နေ့ ညထိကျင်းပတာဖြစ်ပါတယ်။ အရင်ကမုန့်ပေါင်းကို မြေပေါင်းအိုးနဲ့ လုပ်ကိုင်ရောင်းချကြပြီး အခုမှာတော့ သံဖြူ ပုံးပေါင်းအိုးနဲ့ ရောင်းချလာကြပါတယ်။ မုန့်ပေါင်းပွဲတော်ကိုသမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရား အနီး၊ ဒါးဝယ်ဈေးတိုက်နယ်ထဲက တောင်ဘော်ဂါ၊ ကနားတော်၊ ညောင်ကုန်း စတဲ့အနီး ရပ်ကွက်တွေက လာရောက်ရောင်းချကြပြီး မုန့်ပေါင်း ဈေးသည် ၇၀ လောက်လာရောက် ရောင်းချကြပါတယ်။

#voiceofmyanmar #စစ်ကိုင်း #မုန့်ပေါင်းပွဲတော်

Zawgyi

အညာေဒသ ေကာက္သစ္စားပြဲေခၚတဲ႕ မုန္႕ေပါင္းပြဲေတာ္က်င္းပ

စစ္ကိုင္း ဒီဇင္ဘာ ၁၁-၂၀၁၉
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကိုင္းၿမဳိ႕မွာ အညာေဒသေကာက္သစ္စားပြဲလုိ႕ေခၚနဲ႕မုန္႕ေပါင္းပြဲေတာ္ကုိ စစ္ကုိင္းျမိဳ႕ ဒါးဝယ္ေစ်းတုိက္နယ္ထဲက ငါးထပ္ႀကီးဘုရား အနီးမွာ ဒီေန႔ညေနပုိင္းအခ်ိန္က စတင္က်င္းပေနပါတယ္။

အဲ႕ဒီမုန္႕ေပါင္းပြဲေတာ္ကုိ ေရွးအရင္က က်င္းပၿပဳလုပ္လာတာျဖစ္ျပီး မုန္႔ေပါင္းပြဲေတာ္ တေပါင္းလျပည့္ေန႔နဲ႕လျပည့္ေက်ာ္၁ရက္ဆုိျပီး ၂ရက္တုိင္တုိင္ က်င္းပတာျဖစ္ျပီး ပြဲေတာ္ေန႔မွာစားတဲ႕မုန္႕ေပါင္းပြဲဟာ ေဆးဖက္ဝင္တယ္လိုု႕ ေဒသခံေတြက ယုံႀကည္ေနႀကပါတယ္။

ေရွးတုန္းကလမုန္႔ေပါင္းပြဲကုိ နတ္ေတာ္လျပည့္ေန႔ ည တစ္ည ထဲက်င္းပတာျဖစ္ျပီး လြန္ခဲ႕တဲ႕၁၀နွစ္ေလာက္က စျပီး လျပည့္ေက်ာ္၁ရက္ေန႔ ညထိက်င္းပတာျဖစ္ပါတယ္။ အရင္ကမုန္႕ေပါင္းကုိ ေျမေပါင္းအုိးနဲ႔ လုပ္ကုိင္ေရာင္းခ်ႀကျပီး အခုမွာေတာ့ သံျဖဴ ပုံးေပါင္းအုိးနဲ႔ ေရာင္းခ်လာႀကပါတယ္။ မုန္႕ေပါင္းပြဲေတာ္ကုိသမုိင္းဝင္ ေဝဠဳဝန္ငါးထပ္ႀကီးဘုရား အနီး၊ ဒါးဝယ္ေစ်းတုိက္နယ္ထဲက ေတာင္ေဘာ္ဂါ၊ ကနားေတာ္၊ ေညာင္ကုန္း စတဲ႕အနီး ရပ္ကြက္ေတြက လာေရာက္ေရာင္းခ်ႀကျပီး မုန္႔ေပါင္း ေစ်းသည္ ၇၀ ေလာက္လာေရာက္ ေရာင္းခ်ၾကပါတယ္။

#voiceofmyanmar #စစ္ကိုုင္း #မုုန္႕ေပါင္းပြဲေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW