ဘူးသီးတောင်မှာ လဝက ဝန်ထမ်း (၃) ဦးပျာက်ဆုံးနေ

ဘူးသီးတောင်မှာ လဝက ဝန်ထမ်း (၃) ဦးပျာက်ဆုံးနေ

ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် တောင်ပဇာစခန်းမှာတာဝန်ကျနေတဲ့ အလုပ်သမား၊ လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လဝက အရာရှိ (၃) ယောက်ဟာ မနေ့က ဒီဇင်ဘာလ (၂၅) ရက်နေ့ ၂ နာရီခန့်လောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုကနေ ဖမ်းဆီးခေါ်ယူသွားကြောင်း သိရပါတယ်။

ဘူးသီးတောင်မြို့ကနေပြီတော့ တောင်ပဇာစခန်းသို့ ခရီးသည်စက်လှေနဲ့သွားတဲ့အခါ လမ်းခုလတ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေပြီး တားဆီးစစ်ဆေးဖမ်းဆီးသွာတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

” ခန့်မှန်းလို့လဲ မကျ ဘူးလေ အဲ့ဒီဖမ်းဆီးသွားတာ မြင်လည်းမမြင်လိုက်ရဘူး။ နောက်ဆုံးသူက ဘူးသီးတောင်ကနေပြီးတော့ တောင်ပဇာကိုသွားတာ တောင်ပဇာကနေပြီးတပည့် နှစ်ယောက်ကလာကြိုတယ် အဲ့လိုဖြစ်မှာပေါ့။ ကျောက်ရစ်ကေရွာနဲ့ သံခြေရွာကြားမှာ ခေါ်သွားတာလို့ အဲ့လိုပြောကြတယ်။ အတိအကျက အတည်မပြုနိုင်ဘူး။” လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လဝက ဝန်ထမ်း(၃)ယောက်ဟာဆိုရင် ဘူသီးတောင်မြို့နယ် တောင်ပဇာနယ်မြေတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူ း ဦးတင်မျိုးအောင်၊ လက်ထောက်လဝကမှူ း ဦးမျိုးဆွေဦးနဲ့ လက်ထောက် လဝကမှူ း ဦးအောင်ဖြိုးကျော် တို့ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

” လှိူင်းစက်လှေက ၂ နာရီ ၃ နာရီလောက်မှထွက်တာဆိုတော့ အတိအကျကို စက်လှေထက်မှာပါတဲ့သူတွေပဲ သိမယ်ထင်တယ်။ လက်ထောက်ညွှန်ကြားရေးမှူ း ဘူသီးတောင်၊ မောင်တောဖက်မှာ တာဝန်ကျနေတာ ၄လ၊ ၅လလောက်ရှိပြီလို့သိရတယ်။ ဘယ်ဖွဲ့က ဖမ်းသွားတယ်ဆိုတာတော့ အတိကျမသိဘူး ငါတို့လည်းအတည်တကျမပြောနိုင်ဘူးလေ ” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေကိုပါ ဖမ်းဆီးမှူတွေရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

#voiceofmyanmar #VOM #AA #လဝကဝန်ထမ်း၃ယောက်ပျောက်

Zawgyi

ဘူးသီးေတာင္မွာ လဝက ဝန္ထမ္း (၃) ဦးပ်ာက္ဆုံးေန

ဘူးသီးေတာင္၊ ဒီဇင္ဘာ ၂၅၊ ၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ ဘူသီးေတာင္ၿမိဳ႕နယ္ ေတာင္ပဇာစခန္းမွာတာဝန္က်ေနတဲ့ အလုပ္သမား၊ လူဝင္မႉႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန လဝက အရာရွိ (၃) ေယာက္ဟာ မေန႔က ဒီဇင္ဘာလ (၂၅) ရက္ေန႔ ၂ နာရီခန႔္ေလာက္မွာ အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ခုကေန ဖမ္းဆီးေခၚယူသြားေၾကာင္း သိရပါတယ္။

ဘူးသီးေတာင္ၿမိဳ႕ကေနၿပီေတာ့ ေတာင္ပဇာစခန္းသို႔ ခရီးသည္စက္ေလွနဲ႔သြားတဲ့အခါ လမ္းခုလတ္မွာ အမည္မသိလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ကေနၿပီး တားဆီးစစ္ေဆးဖမ္းဆီးသြာတာျဖစ္တယ္လို႔ သတင္းရရွိပါတယ္။

” ခန႔္မွန္းလို႔လဲ မက် ဘူးေလ အဲ့ဒီဖမ္းဆီးသြားတာ ျမင္လည္းမျမင္လိုက္ရဘူး။ ေနာက္ဆုံးသူက ဘူးသီးေတာင္ကေနၿပီးေတာ့ ေတာင္ပဇာကိုသြားတာ ေတာင္ပဇာကေနၿပီးတပည့္ ႏွစ္ေယာက္ကလာႀကိဳတယ္ အဲ့လိုျဖစ္မွာေပါ့။ ေက်ာက္ရစ္ေက႐ြာနဲ႔ သံေျခ႐ြာၾကားမွာ ေခၚသြားတာလို႔ အဲ့လိုေျပာၾကတယ္။ အတိအက်က အတည္မျပဳႏိုင္ဘူး။” လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ လဝက ဝန္ထမ္း(၃)ေယာက္ဟာဆိုရင္ ဘူသီးေတာင္ၿမိဳ႕နယ္ ေတာင္ပဇာနယ္ေျမတာဝန္ခံ လက္ေထာက္ၫႊန္ၾကားေရးမႉ း ဦးတင္မ်ိဳးေအာင္၊ လက္ေထာက္လဝကမႉ း ဦးမ်ိဳးေဆြဦးနဲ႔ လက္ေထာက္ လဝကမႉ း ဦးေအာင္ၿဖိဳးေက်ာ္ တို႔ျဖစ္တယ္လို႔ သတင္းရရွိပါတယ္။

” လွိူင္းစက္ေလွက ၂ နာရီ ၃ နာရီေလာက္မွထြက္တာဆိုေတာ့ အတိအက်ကို စက္ေလွထက္မွာပါတဲ့သူေတြပဲ သိမယ္ထင္တယ္။ လက္ေထာက္ၫႊန္ၾကားေရးမႉ း ဘူသီးေတာင္၊ ေမာင္ေတာဖက္မွာ တာဝန္က်ေနတာ ၄လ၊ ၅လေလာက္ရွိၿပီလို႔သိရတယ္။ ဘယ္ဖြဲ႕က ဖမ္းသြားတယ္ဆိုတာေတာ့ အတိက်မသိဘူး ငါတို႔လည္းအတည္တက်မေျပာႏိုင္ဘူးေလ ” လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ လက္ရွိျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း အစိုးရဝန္ထမ္းေတြနဲ႔ အရပ္သားျပည္သူေတြကိုပါ ဖမ္းဆီးမႉေတြရွိတယ္လို႔ သိရပါတယ္။ ဖမ္းဆီးမွဳနဲ႕ပတ္သက္လိုု႕ ဘယ္လက္နက္ကိုုင္အဖြဲ႕ကမွ ထုုတ္ျပန္ေျပာဆိုုတာမရွိေသးပါဘူး။

#voiceofmyanmar #VOM #AA #လဝကဝန္ထမ္း၃ေယာက္ေပ်ာက္

Related posts

Leave a Comment

VOM News

FREE
VIEW