ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းလာ

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းလာ တိုကျို၊ ဒီဇင်ဘာ-၂၅-၂၀၁၉ မျိုးဆက် (VOM) ဂျပန်နိုင်ငံမှာ တစ်နိုင်ငံလုံး ကလေးမွေးဖွားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ကိုးသိန်းအောက်သို့ လျော့ကျသွားပြီး အဲဒီအရေအတွက်ဟာ အစိုးရရဲ့ အစောပိုင်းခန့်မှန်းထားတာထက် ပိုမိုလျှင်မြန်စွာကျဆင်းလာကြောင်း ဂျပန်လူမှုဝန်ထမ်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လူမှုဝန်ထမ်းဝန်ကြီးဌာနဟာ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကိန်းဂဏန်းတွေကိုအခြေပြုပြီး နှစ်စဉ်ကလေးမွေးဖွားမှုှုနှုန်းကို ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။ ယခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၈၆၄၀၀၀ ဦးသာရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ခန့် ၁၈၉၉ ခုနှစ်က စပြီး ကလေးမွေးဖွားမှုမှတ်တမ်းတွေ စတင်ပြုလုပ်ချိန်ကတည်းက အနည်းဆုံး စံချိန်တင်အရေအတွက်ဖြစ်နေပါတယ်။ အဲဒီအရေအတွက်ဟာ မွေးဖွားမှုနှုန်း ၈၇၀၀၀၀ အောက်သို့ကျဆင်းလိမ့်မယ်လို့ အမျိုးသားလူဦးရေးအင်စတီကျုနဲ့ မွေးဖွားမှုဆိုင်ရာ လူမှုလုံခြုံရေးသုတေသနတို့က ခန့်မှန်းထားတာထက် နှစ်နှစ်စောပြီး ဖြစ်ပေါ်လာတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း အမှန်တကယ်ကလေးမွေးဖွားမှုနှုန်းဟာ ခန့်မှန်းထားတာထက် ၅၄၀၀၀ လျော့နည်းခဲ့ပါတယ်။ ဒါဟာ မွေးဖွားမှုနှုန်း ၆၇၀၀၀ ကျော်ကျဆင်းခဲ့တဲ့…

Read More

ဘဏ်ဓါးပြတိုက်ပြီး ပိုက်ဆံကြဲကာ ခရစ်စမတ်ဆုတောင်းပေးသူအမျိုးသား အဖမ်းခံရ

ဘဏ်ဓါးပြတိုက်ပြီး ပိုက်ဆံကြဲကာ ခရစ်စမတ်ဆုတောင်းပေးသူအမျိုးသား အဖမ်းခံရ ဒန်ဗား၊ ဒီဇင်ဘာ-၂၅-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နိုင်ငံ ကော်ရိုရာဒိုပြည်နယ်မှာ အဖြူရောင်မုတ်ဆိတ်နဲ့ အမျိုးသားတစ်ဦးဟာ ခရစ်စမတ်မတိုင်မီနှစ်ရက်အလိုက ဘဏ်တစ်ခုကိုဓါးပြတိုက်ပြီးနောက် ပိုက်ဆံတွေကိုလေထဲကြဲချလိုက်ပြီး လမ်းသွားလမ်းလာတွေကို ပျှော်ရွှင်ဖွယ်ခရစ်စမတ်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ လူဖြူသက်ကြီးအမျိုးသားတစ်ဦးဟာ ကော်ရိုရာဒိုစပရင်းရှိ အကယ်ဒမီဘဏ်ကို ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဓါးပြတိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူဟာ ဘဏ်ကိုဓါးပြတိုက်ကာ အပြင်သို့ထွက်လာပြီးနောက် အိတ်ထဲက ပိုက်ဆံတွေကို နေရာအနှံ့ကို ကြဲချခဲ့ ပြီးပျှော်ရွှင်ဖွယ်ရာ ခရစ်စမတ်ပါလို့ ဆုတောင်းပေးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။ ဒီလို ခရစ်စမတ်ဆုတောင်ပြီးနောက် ဘဏ်ဓါးပြတိုက်သူဟာ စတားဘတ်ခ်ကော်ဖီဆိုင်ဝန်းကျင်ကို လှည့်လည်သွားလာခဲ့ပြီး ဆိုင်ရှေ့မှာ အဖမ်းခံဖို့ ထိုင်စောင့်နေခဲ့တယ်လို့ မျက်မြင်သက်သေတွေ ကပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြုမူပုံတွေကို လမ်းသွားလမ်းလာများက ပျှော်ပွဲရွှင်ပွဲပုံစံမျိုးအဖြစ်ယူဆပြီး လမ်းပေါ်မှပိုက်ဆံတွေ ကို ကောက်ယူကာ ဘဏ်အတွင်းကို ပြန်လည်ယူဆောင်ပေးခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။…

Read More

ဘူးသီးတောင်မှာ လဝက ဝန်ထမ်း (၃) ဦးပျာက်ဆုံးနေ

ဘူးသီးတောင်မှာ လဝက ဝန်ထမ်း (၃) ဦးပျာက်ဆုံးနေ ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၅၊ ၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ် တောင်ပဇာစခန်းမှာတာဝန်ကျနေတဲ့ အလုပ်သမား၊ လူဝင်မှူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လဝက အရာရှိ (၃) ယောက်ဟာ မနေ့က ဒီဇင်ဘာလ (၂၅) ရက်နေ့ ၂ နာရီခန့်လောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုကနေ ဖမ်းဆီးခေါ်ယူသွားကြောင်း သိရပါတယ်။ ဘူးသီးတောင်မြို့ကနေပြီတော့ တောင်ပဇာစခန်းသို့ ခရီးသည်စက်လှေနဲ့သွားတဲ့အခါ လမ်းခုလတ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေပြီး တားဆီးစစ်ဆေးဖမ်းဆီးသွာတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ” ခန့်မှန်းလို့လဲ မကျ ဘူးလေ အဲ့ဒီဖမ်းဆီးသွားတာ မြင်လည်းမမြင်လိုက်ရဘူး။ နောက်ဆုံးသူက ဘူးသီးတောင်ကနေပြီးတော့ တောင်ပဇာကိုသွားတာ တောင်ပဇာကနေပြီးတပည့် နှစ်ယောက်ကလာကြိုတယ် အဲ့လိုဖြစ်မှာပေါ့။ ကျောက်ရစ်ကေရွာနဲ့ သံခြေရွာကြားမှာ ခေါ်သွားတာလို့ အဲ့လိုပြောကြတယ်။ အတိအကျက အတည်မပြုနိုင်ဘူး။” လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက…

Read More
VOM News

FREE
VIEW