ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းလာ

ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းလာ

တိုကျို၊ ဒီဇင်ဘာ-၂၅-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်နိုင်ငံမှာ တစ်နိုင်ငံလုံး ကလေးမွေးဖွားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ကိုးသိန်းအောက်သို့ လျော့ကျသွားပြီး အဲဒီအရေအတွက်ဟာ အစိုးရရဲ့ အစောပိုင်းခန့်မှန်းထားတာထက် ပိုမိုလျှင်မြန်စွာကျဆင်းလာကြောင်း ဂျပန်လူမှုဝန်ထမ်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူမှုဝန်ထမ်းဝန်ကြီးဌာနဟာ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကိန်းဂဏန်းတွေကိုအခြေပြုပြီး နှစ်စဉ်ကလေးမွေးဖွားမှုှုနှုန်းကို ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။

ယခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ ၈၆၄၀၀၀ ဦးသာရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ခန့် ၁၈၉၉ ခုနှစ်က စပြီး ကလေးမွေးဖွားမှုမှတ်တမ်းတွေ စတင်ပြုလုပ်ချိန်ကတည်းက အနည်းဆုံး စံချိန်တင်အရေအတွက်ဖြစ်နေပါတယ်။ အဲဒီအရေအတွက်ဟာ မွေးဖွားမှုနှုန်း ၈၇၀၀၀၀ အောက်သို့ကျဆင်းလိမ့်မယ်လို့ အမျိုးသားလူဦးရေးအင်စတီကျုနဲ့ မွေးဖွားမှုဆိုင်ရာ လူမှုလုံခြုံရေးသုတေသနတို့က ခန့်မှန်းထားတာထက် နှစ်နှစ်စောပြီး ဖြစ်ပေါ်လာတာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း အမှန်တကယ်ကလေးမွေးဖွားမှုနှုန်းဟာ ခန့်မှန်းထားတာထက် ၅၄၀၀၀ လျော့နည်းခဲ့ပါတယ်။ ဒါဟာ မွေးဖွားမှုနှုန်း ၆၇၀၀၀ ကျော်ကျဆင်းခဲ့တဲ့ ၁၉၈၈-၁၉၈၉ ခုနှစ်တွေပြီးနောက် နှစ်စဉ်မွေးဖွားမှုနှုန်း ဒုတိယအကြိမ်အကြီးအကျယ်ကျဆင်းတာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ သေဆုံးသူအရေအတွက်ဟာ ယခုနှစ်မှာ ၁၃ သိန်း ခုနှစ်သောင်းကျော်ရှိမယ်လို့ ခန့်မှန်းထားပြီး ယမန်နှစ်ကထက် ၁၄၀၀၀ ကျော်ပိုမိုများပြားလာကာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။

Ref : NHK Photo : Watar Ito

#voiceofmyanmar #VOM #ဂျပန် #ကလေးမွေးဖွားနုန်းကျ

 

Zawgyi

ဂ်ပန္နုိင္ငံမွာ ကေလးေမြးဖြားမႈနႈန္း စံခ်ိန္တင္က်ဆင္းလာ

တိုက်ိဳ၊ ဒီဇင္ဘာ-၂၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္နုိ္င္ငံမွာ တစ္နိုင္ငံလံုး ကေလးေမြးဖြားမႈနႈန္းဟာ ပထမဆံုးအၾကိမ္အျဖစ္ ကိုးသိန္းေအာက္သို႔ ေလ်ာ႔က်သြားျပီး အဲဒီအေရအတြက္ဟာ အစိုးရရဲ႕ အေစာပိုင္းခန္႔မွန္းထားတာထက္ ပိုမိုလွ်င္ျမန္စြာက်ဆင္းလာေၾကာင္း ဂ်ပန္လူမႈ၀န္ထမ္း၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။

လူမႈ၀န္ထမ္း၀န္ၾကီးဌာနဟာ ဇန္န၀ါရီလမွ ေအာက္တိုဘာလအထိ ကိန္းဂဏန္းေတြကိုအေျချပဳျပီး နွစ္စဥ္ကေလးေမြးဖြားမႈႈနႈန္းကို ခန္႔မွန္းတြက္ခ်က္ထားတာျဖစ္ပါတယ္။

ယခုနွစ္မွာ ဂ်ပန္နုိင္ငံရဲ႕ ကေလးေမြးဖြားမႈနႈန္းဟာ ၈၆၄၀၀၀ ဦးသာရိွျပီး လြန္ခဲ႔တဲ႔ နွစ္ေပါင္း ၁၂၀ ခန္႔ ၁၈၉၉ ခုနွစ္က စျပီး ကေလးေမြးဖြားမႈမွတ္တမ္းေတြ စတင္ျပဳလုပ္ခ်ိန္ကတည္းက အနည္းဆံုး စံခ်ိန္တင္အေရအတြက္ျဖစ္ေနပါတယ္။ အဲဒီအေရအတြက္ဟာ ေမြးဖြားမႈနႈန္း ၈၇၀၀၀၀ ေအာက္သို႔က်ဆင္းလိမ္႔မယ္လို႔ အမ်ိဳးသားလူဦးေရးအင္စတီက်ဳနဲ႔ ေမြးဖြားမႈဆိုင္ရာ လူမႈလံုျခံဳေရးသုေတသနတို႔က ခန္႔မွန္းထားတာထက္ နွစ္နွစ္ေစာျပီး ျဖစ္ေပၚလာတာပါ။

ျပီးခဲ႔တဲ႔နွစ္ကလည္း အမွန္တကယ္ကေလးေမြးဖြားမႈနႈန္းဟာ ခန္႔မွန္းထားတာထက္ ၅၄၀၀၀ ေလ်ာ႔နည္းခဲ႔ပါတယ္။ ဒါဟာ ေမြးဖြားမႈနႈန္း ၆၇၀၀၀ ေက်ာ္က်ဆင္းခဲ႔တဲ႔ ၁၉၈၈-၁၉၈၉ ခုနွစ္ေတြျပီးေနာက္ နွစ္စဥ္ေမြးဖြားမႈနႈန္း ဒုတိယအၾကိမ္အၾကီးအက်ယ္က်ဆင္းတာလည္းျဖစ္ပါတယ္။

ဂ်ပန္နုိင္ငံမွာ ေသဆံုးသူအေရအတြက္ဟာ ယခုနွစ္မွာ ၁၃ သိန္း ခုနွစ္ေသာင္းေက်ာ္ရိွမယ္လို႔ု ခန္႔မွန္းထားျပီး ယမန္နွစ္ကထက္ ၁၄၀၀၀ ေက်ာ္ပိုမိုမ်ားျပားလာကာ ဒုတိယကမၻာစစ္ျပီးေနာက္ပိုင္း အျမင္႔ဆံုးအေရအတြက္ျဖစ္ပါတယ္။

Ref : NHK Photo : Watar Ito

#voiceofmyanmar #VOM #ဂ်ပန္ #ကေလးေမြးဖြားနုုန္းက်

Related posts

Leave a Comment

VOM News

FREE
VIEW