ဘဏ်ဓါးပြတိုက်ပြီး ပိုက်ဆံကြဲကာ ခရစ်စမတ်ဆုတောင်းပေးသူအမျိုးသား အဖမ်းခံရ

ဘဏ်ဓါးပြတိုက်ပြီး ပိုက်ဆံကြဲကာ ခရစ်စမတ်ဆုတောင်းပေးသူအမျိုးသား အဖမ်းခံရ

ဒန်ဗား၊ ဒီဇင်ဘာ-၂၅-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံ ကော်ရိုရာဒိုပြည်နယ်မှာ အဖြူရောင်မုတ်ဆိတ်နဲ့ အမျိုးသားတစ်ဦးဟာ ခရစ်စမတ်မတိုင်မီနှစ်ရက်အလိုက ဘဏ်တစ်ခုကိုဓါးပြတိုက်ပြီးနောက် ပိုက်ဆံတွေကိုလေထဲကြဲချလိုက်ပြီး လမ်းသွားလမ်းလာတွေကို ပျှော်ရွှင်ဖွယ်ခရစ်စမတ်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

လူဖြူသက်ကြီးအမျိုးသားတစ်ဦးဟာ ကော်ရိုရာဒိုစပရင်းရှိ အကယ်ဒမီဘဏ်ကို ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဓါးပြတိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

သူဟာ ဘဏ်ကိုဓါးပြတိုက်ကာ အပြင်သို့ထွက်လာပြီးနောက် အိတ်ထဲက ပိုက်ဆံတွေကို နေရာအနှံ့ကို ကြဲချခဲ့ ပြီးပျှော်ရွှင်ဖွယ်ရာ ခရစ်စမတ်ပါလို့ ဆုတောင်းပေးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

ဒီလို ခရစ်စမတ်ဆုတောင်ပြီးနောက် ဘဏ်ဓါးပြတိုက်သူဟာ စတားဘတ်ခ်ကော်ဖီဆိုင်ဝန်းကျင်ကို လှည့်လည်သွားလာခဲ့ပြီး ဆိုင်ရှေ့မှာ အဖမ်းခံဖို့ ထိုင်စောင့်နေခဲ့တယ်လို့ မျက်မြင်သက်သေတွေ ကပြောပါတယ်။

ဒါပေမယ့် သူ့ရဲ့ပြုမူပုံတွေကို လမ်းသွားလမ်းလာများက ပျှော်ပွဲရွှင်ပွဲပုံစံမျိုးအဖြစ်ယူဆပြီး လမ်းပေါ်မှပိုက်ဆံတွေ ကို ကောက်ယူကာ ဘဏ်အတွင်းကို ပြန်လည်ယူဆောင်ပေးခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။ ဘဏ်ဓါးပြတိုက်သူဟာ အသက် ၆၅ နှစ်အရွယ် ဒေးဗစ်ဝိန်းအိုလီဗာဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပြီး ဓါးပြတိုက်မှုမှာ အခြားသူတွေပါဝင်ဖွယ်မရှိဘူးလို့ဆိုပါတယ်။

Ref : BBC
Photo: Colorado Springs Police

#voiceofmyanmar #VOM #ဘဏ်ဓါးပြတိုက် #အမေရိကန်

Zawgyi

ဘဏ္ဓါးျပတိုက္ျပီး ပိုက္ဆံၾကဲကာ ခရစ္စမတ္ဆုေတာင္းေပးသူအမ်ိဳးသား အဖမ္းခံရ

ဒန္ဗား၊ ဒီဇင္ဘာ-၂၅-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံ ေကာ္ရိုရာဒိုျပည္နယ္မွာ အျဖဴေရာင္မုတ္ဆိတ္နဲ႔ အမ်ိဳးသားတစ္ဦးဟာ ခရစ္စမတ္မတိုင္မီနွစ္ရက္အလိုက ဘဏ္တစ္ခုကိုဓါးျပတိုက္ျပီးေနာက္ ပိုက္ဆံေတြကိုေလထဲၾကဲခ်လိုက္ျပီး လမ္းသြားလမ္းလာေတြကို ေပွ်ာ္ရႊင္ဖြယ္ခရစ္စမတ္ျဖစ္ပါေစလို႔ ဆုေတာင္းေပးခဲ႔ေၾကာင္း မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

လူျဖဴသက္ၾကိီးအမ်ိဳးသားတစ္ဦးဟာ ေကာ္ရိုရာဒိုစပရင္းရိွ အကယ္ဒမီဘဏ္ကို ဒီဇင္ဘာ ၂၃ ရက္ ေန႔လယ္ပိုုင္းမွာ ဓါးျပတိုက္ခဲ႔တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

သူဟာ ဘဏ္ကိုဓါးျပတိုက္ကာ အျပင္သို႔ထြက္လာျပီးေနာက္ အိတ္ထဲက ပိုက္ဆံေတြကို ေနရာအနွံ႕ကို ၾကဲခ်ခဲ႔ ျပီးေပွ်ာ္ရႊင္ဖြယ္ရာ ခရစ္စမတ္ပါလို႔ ဆုေတာင္းေပးခဲ႔ေၾကာင္း မ်က္ျမင္သက္ေသတစ္ဦးကေျပာပါတယ္။

ဒီလို ခရစ္စမတ္ဆုေတာင္ျပီးေနာက္ ဘဏ္ဓါးျပတိုက္သူဟာ စတားဘတ္ခ္ေကာ္ဖီဆိုင္၀န္းက်င္ကို လွည္႔လည္သြားလာခဲ႔ျပီး ဆိုင္ေရွ႔မွာ အဖမ္းခံဖို႔ ထိုင္ေစာင္႔ေနခဲ႔တယ္လို႔ မ်က္ျမင္သက္ေသေတြ ကေျပာပါတယ္။

ဒါေပမယ္႔ သူ႔ရဲ႕ျပဳမူပံုေတြကို လမ္းသြားလမ္းလာမ်ားက ေပွ်ာ္ပြဲရႊင္ပြဲပံုစံမ်ိဳးအျဖစ္ယူဆျပီး လမ္းေပၚမွပိုက္ဆံေတြ ကို ေကာက္ယူကာ ဘဏ္အတြင္းကို ျပန္လည္ယူေဆာင္ေပးခဲ႔တယ္လို႔ သတင္းေတြကေဖာ္ျပပါတယ္။ ဘဏ္ဓါးျပတိုက္သူဟာ အသက္ ၆၅ နွစ္အရြယ္ ေဒးဗစ္၀ိန္းအိုလီဗာဆိုသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က အတည္ျပဳထားျပီး ဓါးျပတိုက္မႈမွာ အျခားသူေတြပါ၀င္ဖြယ္မရိွဘူးလို႔ဆိုပါတယ္။

Ref : BBC
Photo: Colorado Springs Police

#voiceofmyanmar #VOM #ဘဏ္ဓါးျပတိုုက္ #အေမရိကန္

Related posts

Leave a Comment

VOM News

FREE
VIEW