မင်းပြားမြို့နယ် ငရိုင်းချောင်းကျွန်းမှာ တိုက်ခိုက်ခံရတဲ့ တပ်မတော်ယာဉ်တန်းမှ ကားနှစ်စီးမီးလောင်

မင်းပြား၊ ဇန်နဝါရီ ၈-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ် ရာမောင်တံတား အရှေ့ဘက်ကမ်း ငစရိုင်းချောင်းကျွန်း၊ ဖားပြို (ချင်း)ရွာရဲ့ ၁.၁ ကီလိုမီတာကွာဝေးတဲ့ ကားလမ်းမပေါ်မှာ မနေ့ဇန်နဝါရီ(၇)ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်ယာဉ်တန်းတစ်ခုကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဖက်မှ ကား ၅ စီးမှာ ၂ စီးမီးလောင်သွားပြီး တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။

မီးလောင်နေတဲ့ ကားနှစ်စီးပေါ်မှာတင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေဟာ မီးလောင်တဲ့အတွက် ဆက်တိုက်ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” ကျနော်တို့အဲ့ဒီလိုတော့ကြားတယ်။ ငရိုင်းချောင်း၊ (ချင်း) ဖားပြို အနီးမာလို့ဖြစ်တာလို့ကြားတယ်။ ၁၂ နာရီကျော်လောက်က မိုင်းဆွဲခံရတယ်ဆိုပြီး ဒေသခံတွေကပြောတယ်။ မြို့ထဲမှာလည်း သတင်းတွေကြားနေရတယ်။ ကားနှစ်စီးမီးလောင်သွားတယ်လို့ ပြောသံကြားတယ်။”လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။

တပ်မတော်ဖက်က မင်းပြားမြို့နယ်၊ ကျဉ်းတောင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“လက်နက်ကြီးပစ်တာကတော့ ကျဉ်းတောင်ကပစ်တာလို့ပြောတယ်။ တိုင်းဗဟို ၉ ကလည်းပစ်တယ်လို့ထင်တယ်။ “လို့ အမည်မဖော်လိုသူ အမ်းသားရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်မတော်ဖက်က လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ကားနှစ်စီးကို အေအေဖက်က ပျက်စီးအောင်ပြုလုပ်နိုင်ခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မင်းပြားမြို့နယ် ဖားပြို(ချင်း) ရွာအရှေ့ဘက် (၁.၁) ကီလိုမီတာကွာဝေးတဲ့ ကားလမ်းမပေါ်မှာ နေ့လည် ၁ နာရီကနေ ၃ နာရီ ၃ဝ မိနစ်ထိ နှစ်ဖက်တိုက်ခိုက်မှုတွေရှိတယ်လို့ အေအေကထုတ်ပြန်ပါတယ်။

အေအေရဲ့ ထုတ်ချက်နဲ့ပတ်သတ်လို့ တပ်မတော်ပြောရေးဆိုခွင်ရှိသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ” နောက်မှ ပြန်ဆက်ပါ။ ကျနော်မအားသေးဘူး” လို့ ပြောပါတယ်။

ရာမောင်တံတားအနီး တပ်မတော်နဲ့ အေအေတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး ဇန်နဝါရီလ ၅ ရက်၊ မနက် ၆ နာရီကလည်း တပ်မတော်နဲ့ အေအေ တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

#VOM #voiceofmyanmar #မင်းပြား #တပ်မတော်ယာဉ်တန်း #မီးလောင်

Zawgyi

မင္းျပားၿမိဳ႕နယ္ င႐ိုင္းေခ်ာင္းကြၽန္းမွာ တိုက္ခိုက္ခံရတဲ့ တပ္မေတာ္ယာဥ္တန္းမွ ကားႏွစ္စီးမီးေလာင္

မင္းျပား၊ ဇန္နဝါရီ ၈-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတား အေရွ႕ဘက္ကမ္း ငစ႐ိုင္းေခ်ာင္းကြၽန္း၊ ဖားၿပိဳ (ခ်င္း)႐ြာရဲ႕ ၁.၁ ကီလိုမီတာကြာေဝးတဲ့ ကားလမ္းမေပၚမွာ မေန႔ဇန္နဝါရီ(၇)ရက္ေန႔ ေန႔လယ္ပိုင္းက တပ္မေတာ္ယာဥ္တန္းတစ္ခုကို ေအေအအဖြဲ႕က တိုက္ခိုက္ခဲ့တဲ့အတြက္ တပ္မေတာ္ဖက္မွ ကား ၅ စီးမွာ ၂ စီးမီးေလာင္သြားၿပီး တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔သိရပါတယ္။

မီးေလာင္ေနတဲ့ ကားႏွစ္စီးေပၚမွာတင္ေဆာင္လာတဲ့ လက္နက္ခဲယမ္းေတြဟာ မီးေလာင္တဲ့အတြက္ ဆက္တိုက္ေပါက္ကြဲမႈေတြလည္း ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

” က်ေနာ္တို႔အဲ့ဒီလိုေတာ့ၾကားတယ္။ င႐ိုင္းေခ်ာင္း၊ (ခ်င္း) ဖားၿပိဳ အနီးမာလို႔ျဖစ္တာလို႔ၾကားတယ္။ ၁၂ နာရီေက်ာ္ေလာက္က မိုင္းဆြဲခံရတယ္ဆိုၿပီး ေဒသခံေတြကေျပာတယ္။ ၿမိဳ႕ထဲမွာလည္း သတင္းေတြၾကားေနရတယ္။ ကားႏွစ္စီးမီးေလာင္သြားတယ္လို႔ ေျပာသံၾကားတယ္။”လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ကေျပာပါတယ္။

တပ္မေတာ္ဖက္က မင္းျပားၿမိဳ႕နယ္၊ က်ဥ္းေတာင္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့ၿပီး ေလယာဥ္ေတြနဲ႔ ဗုံးႀကဲခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“လက္နက္ႀကီးပစ္တာကေတာ့ က်ဥ္းေတာင္ကပစ္တာလို႔ေျပာတယ္။ တိုင္းဗဟို ၉ ကလည္းပစ္တယ္လို႔ထင္တယ္။ “လို႔ အမည္မေဖာ္လိုသူ အမ္းသား႐ြာမွ ေဒသခံတစ္ဦးက ေျပာပါတယ္။

တပ္မေတာ္ဖက္က လက္နက္ခဲယမ္းေတြတင္ေဆာင္လာတဲ့ စစ္ကားႏွစ္စီးကို ေအေအဖက္က ပ်က္စီးေအာင္ျပဳလုပ္ႏိုင္ခဲ့တယ္လို႔ ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

မင္းျပားၿမိဳ႕နယ္ ဖားၿပိဳ(ခ်င္း) ႐ြာအေရွ႕ဘက္ (၁.၁) ကီလိုမီတာကြာေဝးတဲ့ ကားလမ္းမေပၚမွာ ေန႔လည္ ၁ နာရီကေန ၃ နာရီ ၃ဝ မိနစ္ထိ ႏွစ္ဖက္တိုက္ခိုက္မႈေတြရွိတယ္လို႔ ေအေအကထုတ္ျပန္ပါတယ္။

ေအေအရဲ႕ ထုတ္ခ်က္နဲ႔ပတ္သတ္လို႔ တပ္မေတာ္ေျပာေရးဆိုခြင္ရွိသူ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ” ေနာက္မွ ျပန္ဆက္ပါ။ က်ေနာ္မအားေသးဘူး” လို႔ ေျပာပါတယ္။

ရာေမာင္တံတားအနီး တပ္မေတာ္နဲ႔ ေအေအတို႔ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက္ေန႔ကလည္း တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့ၾကၿပီး ဇန္နဝါရီလ ၅ ရက္၊ မနက္ ၆ နာရီကလည္း တပ္မေတာ္နဲ႔ ေအေအ တို႔တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

#VOM #voiceofmyanmar #မင္းျပား #တပ္မေတာ္ယာဥ္တန္း #မီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW