မကြာခင်လာဖွယ်ရှိတဲ့ တရုတ်နိုင်ငံရဲ့ထိပ်ပိုင်း ခေါင်းဆောင်ခရီး ဘာတွေအကျိုးဖြစ်မလဲ
Read More
အိန္ဒိယနိုင်ငံအစိုးရက အခွန်နှုန်းထားတွေတိုးမြှင့်လိုက်တဲ့ကအပြင် တင်းကြပ်မှုတွေများတဲ့အတွက် တမူးနယ်စပ်ကုန်သွယ်ရေးကျဆင်း
တမူး၊ ဇန်နဝါရီ ၈-၂၀၂၀ ဂေါင်ဂေါင်(VOM) တမူးမြို့ အိန္ဒိယနယ်စပ်မှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို တင်သွင်းတဲ့ပို့ကုန်တွေအပေါ် အခွန်တိုးမြင့်ထားတဲ့အတွက် အိန္ဒိယကုန်သည်တွေက မြန်မာကုန်ပစ္စည်းတွေကို မှောင်ခိုပစ္စည်းအနေနဲ့သာ ဝယ်ယူနေရတယ်လို့ တမူးမြို့ကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။ အိန္ဒိယအစိုးရဘက်ကလဲ အခွန်ပေးဆောင်တာမရှိတဲ့ ပစ္စည်းတွေကို တားမြစ်ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက် တမူးနယ်စပ်က ပစ္စည်းတွေတစ်ဖက်နိုင်ငံကို အရောင်းအဝယ်မရှိ ဖြစ်နေတာဟာ၂၀၁၉ ဧပြီလကနေ ယခု၂၀၂၀ဇန်နဝါရီလအထိရှိပြီလို့လည်း သိရပါတယ်။ “ မြန်မာနိုင်ငံပို့ကုန်တိုင်း အခွန်ဆောင်းပြီး တစ်ဖက်နိုင်ငံကိုပို့ပြီး အိန္ဒိယနိုင်ငံမှကုန်သည်များမှာ သူတို့အစိုးရကို အခွန်မဆောင်နိုင်ဘူး။ ၎င်းအစိုးရဘက်မှ ပစ္စည်းတန်းဖိုးရဲ့ ၄၀% အထိအခွန်နှုန်းထားသက်မှတ်ထားတယ် ။၂၀%နှုမ်းအထိလျှော့ပေးလာမယ်ဆိုရင် နှစ်နိုင်ငံကုန်သွယ်မှုအကျိုးစီးပွားပိုမိုကောင်းမွန်လာမှာပါ”လို့ တမူးမြို့ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဦးလှမောင်ကပြောပါတယ်။ တဖက်နိုင်ငံက ကုန်သွယ်ခွန်တိုးမြင့်တာကြာပါနေပြီး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ပေမယ့် အိန္ဒိယအစိုးရအနေနဲ့ အခွန်လျှော့ချပေးမှုမရှိတဲ့အတွက် မြန်မာဘက်က တရားဝင်ကုန်ပစ္စည်းတွေ ကို တဖက်နိုင်ငံမှာ မှောင်ခိုပစ္စည်းဖြစ်နေတာလို့ သိရပါတယ်။ “ တမူးကနေအိန္ဒိယကို ကုန်သွယ်မှုတွေနားနေရတာ ၇ လ ၈…
Read More
မန္တလေးတိုင်း၀န်ကြီးချုပ် နှလုံးခုန်ရပ်သွားတဲ့သတင်းဟာ ကောလဟလသာဖြစ်
မန္တလေး ဇန်နဝါရီ ၈-၂၀၂၀ ဖြူဖြူ(VOM) ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နှလုံးခုန်ရပ်သွားတဲ့အတွက် အရေးပေါ်ကုသနေရတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာထွက်ပေါ်နေတဲ့သတင်းတွေဟာ ကောလဟလဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ သိရပါတယ်။ “ဝန်ကြီးချုပ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ထွက်နေတဲ့ ကောလဟလသတင်းတွေက မဟုတ်ပါဘူး။ဆေးကုသမှုခံတာမှန်ပါတယ်။ တိုးတက်မှုရှိတယ်။ အခုဆေးရုံကနေပြီးလို့ သူခေတ္တတည်းခိုတဲ့ တိုက်ခန်းမှာ နားနေပါတယ်။ စောစောကပဲ ကျနော်တို့ ဝန်ကြီးချုပ်နဲ့တိုက်ရိုက် ဖုန်းပြောပြီးပါပြီ။”လို့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။ အခုလို သတင်းတွေထွက်ပေါ်လာတဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မိသားစုတွေထံ စုံစမ်း အတည်ပြုပြီးမှ ယုံကြဖို့ကိုလည်း ဦးတင်ထွဋ်ဦးက တိုက်တွန်း‌ပြောဆိုထားတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်၊ NLD ပါတီဒုဥက္ကဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်ဟာ သွေးကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၈ ရက်မှာ အခုလို ကောလဟလ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်…
Read More
စာသင်ကာလတိုးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသားကျောင်းသူတွေကို ဖဲကြိုးစိမ်း ၂၀၀၀ကျော် ဝေငှ
ရန်ကုန်၊ဇန်နဝါရီ ၈-၂၀၂၀ စွဲ့ဝတီ(VOM) အခြေခံပညာရေး စာသင်ကာလကို အရင်က ဖေဖော်ဝါရီ လကုန်အထိသာ သတ်မှတ်ထားသော်လည်း ဒီပညာသင်နှစ်ကစပြီးတော့ မတ်လကုန်အထိ တိုးမြှင့်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ဖဲကြိုးစိမ်းလှုပ်ရှားမူကို ဒီကနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့တယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ ဒီလှုပ်ရှားမူကို ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားကျောင်းသူတွေ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူ ၃၀၀၀အထက် ရှိတဲ့အထဲက ကျောင်းသားကျောင်းသူ ၂၀၀၀ကျော်ကို ဖဲကြိုးစိမ်း ဝေငှခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့လှုပ်ရှားမူအနေနဲ့ ဖဲကြိုးစိမ်း ၂၀၀၀ကျော် ဝေပြီးသွားပြီ။ အခု ၅၀၀ထပ်လုပ်တယ်ဆိုတော့ အားလုံးပေါင်း ၂၅၀၀လောက် ဝေထားပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ပါဝင်မူကတော့ ကျွန်တော်တို့ကလည်း ဒီလှုပ်ရှားမူနဲ့ပတ်သက်ပြီး ရှင်းပြပြောပြပါတယ်။ တကယ်လို့ လှုပ်ရှားမူကိုသဘောတူရင် ရင်ထိုးထိုး မဘောမတူရင် မထိုးနဲ့ဆိုပြီးတော့ ပြောပြီးတော့ဝေတာပါ။ သဘောတူလက်ခံတဲ့ ကျောင်းသားကျောင်းသူကပဲ အယောက် ၂၀၀၀ကျော်တာပေါ့။ မထိုးတဲ့ ကျောင်းသားကျောင်းသူလည်း အနည်းငယ်တော့ရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း စာသင်ကြားမူကိုထိခိုက်နိုင်အောင်…
Read More
နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျောက်မျက်ပွဲကနေ ကျောက်မျက်နဲ့ကျောက်စိမ်း ကျပ်သန်း၆၀နီးပါး ရောင်းချခဲ့ရ
နေပြည်တော်၊ ဇန်နဝါရီ ၈-၂၀၂၀ ကိုထွန်း(VOM) နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျောက်မျက်ပွဲကနေ ကျောက်မျက်နဲ့ကျောက်စိမ်း ကျပ်သန်း (၆၀)နီးပါး ရောင်းချခဲ့ရတယ်လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကနေ သိရပါတယ်။ ကျောက်မျက်နဲ့ကျောက်စိမ်းရောင်းချပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ဇန်နဝါရီ(၇)ရက်နေ့ထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ၅ ရက်တိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။ “ကျောက်မျက်ပွဲတွင် ကျောက်စိမ်းအတွဲပေါင်း (၃၆၉၅)တွဲ တင်ပြရောင်းချခဲ့ရာ (၃၄၉၁) တွဲ ရောင်းချနိုင်ခဲ့ပြီး မြန်မာကျပ်ငွေ (၅၉၄၅၉.၈၀) သန်းရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောက်မျက်(၂၈၂)တွဲကိုလည်း ခင်းကျင်း ပြသရောင်းချခဲ့ရာ (၉)တွဲ ရောင်းချခဲ့ရပြီး မြန်မာကျပ်ငွေ (၃၆.၉၂) သန်းရရှိခဲ့တယ်”လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင် က ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ယခင်ပြုလုပ်တဲ့ ကျောက်မျက်ပွဲမှာ ကျောက်စိမ်းအတွဲ (၃၁၀၈) တင်ပြရောင်းချခဲ့ပြီး (၃၀၁၁) တွဲ ရောင်းချနိုင်ခဲ့ပြီး ကျောက်မျက်…
Read More
ယူကရိန်းလေယာဉ်တစ်စင်း အီရန်နိုင်ငံအတွင်း ပျက်ကျ လူ ၁၈၀ ဦးသေဆုံး
တီဟီရန်၊ ဇန်နဝါရီ-၈-၂၀၂၀ မျိုးဆက် (VOM) ခရီးသည် ၁၈၀ ဦးကိုတင်ဆောင်ထားတဲ့ ယူကရိန်းနိုင်ငံပိုင် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ အီရန်နိုင်ငံအတွင်း ဇန်နဝါရီ ၈ ရက်မှာ ပျက်ကျသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လေယာဉ်ပျက်ကျတဲ့ အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အခွင့်အလမ်းမရှိကြောင်း အီရန်လခြမ်းနီ ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ အီရန်နိုင်ငံ တီဟီရန်ရှိ အိုင်မန်ခိုမီနီလေဆိပ်မှ ပျံတက်ပြီး များမကြာမီပျက်ကျသွားတာဖြစ်ကြောင်း ဖားစ်သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီလေယာဉ်ဟာ အီရန်နိုင်ငံမှ ယူကရိန်းနိုင်ငံ ကိယက်သို့သွားရောက်ဖို့ စီစဉ်ထားခြင်းဖြစ်တယ်လို့ ကနဦးအစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။ လေယာဉ်ပျက်ကျမှုဟာ အမေရိကန်နဲ့ အီရန်တို့အကြား ထိပ်တိုက်စစ်ရေးတင်းမာမှုတွေနဲ့ ဆက်နွယ်နေခြင်းရှိမရှိ ရှင်းလင်းစွာမသိရသေးပါဘူး။ လေယာဉ်ပျက်သွားတဲ့ လေဆိပ်အနီးအခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။ ဒါပေမယ့် လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူမရှိနိုင်ဘူးလို့ လခြမ်းနီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက အီရန်နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။ Ref :…
Read More
၂၀၁၉ခုနှစ်မှာ မန္တလေးခရိုင်အတွင်း မီးလောင်မှုပေါင်း(၈၈)ကြိမ်နဲ့ သန်း၂၂၀နီးပါးမီးလောင်ဆုံးရှုံးခဲ့
မန္တလေး၊ ဇန်နဝါရီ ၈-၂၀၁၉ လင်းခိုင်(VOM) ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကာလအတွင်း မန္တလေးခရိုင်ထဲမှာ မီးလောင်မှုပေါင်း(၈၈)ကြိမ်နဲ့ တန်ဖိုးငွေကျပ် သန်း(၂၂၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ဖြစ်တာအများစုကတော့ ပေါ့ဆမီးပေါ့ ၊ ပေါ့ဆမီးထဲမှာမှ လျှပ်စစ်ကြောင့်ဖြစ်တာများတယ်။ အရင်ကတည်းကစစ်တမ်းအရ မီးလောင်မှုဖြစ်ပွားရင် ၃ကြိမ်မှာ ၂ကြိမ်က လျှပ်စစ်မီးကြောင့်ဖြစ်ပွားမှုနူန်းများပါတယ်”လို့ မန္တလေးခရိုင်မီးသတ်ဦးစီးမှ ခရိုင်မီးသတ်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းကပြောပါတယ်။ ၂၀၁၉ခုနှစ်မှာ မန္တလေးခရိုင်အတွင်း မြို့နယ်(၇)မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်မှာ မီးလောင်မှု(၆)ကြိမ်၊ အောင်မြေသာစံမြို့နယ်မှာ (၁၃)ကြိမ်၊ မဟာအောင်မြေမြို့နယ်မှာ(၁၆)ကြိမ်၊ ချမ်းမြသာစည်မြို့နယ်မှာ(၁၂)ကြိမ်၊ ပြည်ကြီးတံခွန်မြို့နယ်မှာ(၁၃)ကြိမ်၊ အမရပူရမြို့နယ်မှာ(၁၃)ကြိမ်၊ ပုသိမ်ကြီးမြို့နယ်မှာ(၁၅)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးလောင်မှုစာရင်းတွေကို နိူင်းယှဉ်ချက်အရ ၂၀၁၈ခုနှစ်မှာ မီးလောင်မှုအကြိမ်ရေ (၈၅)ကြိမ် နဲ့ ၂၀၁၉ခုနှစ်မှာ မီးလောင်မှုအကြိမ်ရေ(၈၈)ကြိမ်ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၈ခုနှစ်ရဲ့ မီးလောင်ဆုံးရှုံးမှုမှာ ကျပ်သန်း(၂၉၀)ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မန္တလေး #၂၀၁၉ #မီးလောင်မှုစာရင်း Zawgyi ၂၀၁၉ခုႏွစ္မွာ…
Read More
စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ စာသင်နှစ်တိုးမြင့်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်
စစ်ကိုင်း၊ ဇန်နဝါရီ ၈-၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်မှာရှိတဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဒီကနေ့မနက်ပိုင်းက အခြေခံပညာရေးကျောင်းတွေ စာသင်နှစ်တိုးမြင့်တာကို စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ် )က ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက မတ်လကုန်ထိ စာသင်ကာလသတ်မှတ်တာကို ကန့်ကွက်တဲ့ အနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမအနီး ဖဲကြိုးစိမ်းကမ်ပိန်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားများသမဂ္ဂ က အောက်ခြေဆန္ဒသဘောထားမပါတဲ့ ပညာရေးဝန်ကြီးဌာန ရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့ ဟောပြောခဲ့ပြီး ပညာရေးတက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ကျောင်းသားများသမဂ္ဂအဖွဲ့က ဖဲကြိုးစိမ်းတပ်ဆင်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ခုလို့ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းကမ်ပိန်းကို မနေ့က မကွေးပညာရေးကောလိပ်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ စစ်ကိုင်းမြို့မှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #စစ်ကိုင်း #ပညာရေးတက္ကသိုလ် #ဖဲကြိုးစိမ်း Zawgyi စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ စာသင်နှစ်တိုးမြင့်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ် စစ်ကိုင်း၊ ဇန်နဝါရီ…
Read More
အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ပဲ့ထိန်းဒုံးပျံတွေနဲ့တိုက်ခိုက်
ဝါရှင်တန်၊ ဇန်နဝါရီ-၈-၂၀၂၀ မျိုးဆက် (VOM) အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေတပ်စွဲထားရာ စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ပဲ့ထိန်းဒုံးပျံတစ်ဒါဇင်ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုဟာ အမေရိကန် သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်နဲ့ ဘဂ္ဂဒက်လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီသေဆုံးမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဆိုပါတယ်။ အီရတ်နိုင်ငံ အိုင်ဘီနဲ့ အယ်လ်အဆတ်ရှိ စစ်အခြေစိုက်စခန်းနှစ်ခုထက်မနည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဒီလိုတိုက်ခိုက်မှုရတာနဲ့ပတ်သက်ပြီး သိရှိထားကြောင်း၊ သမ္မတဒေါ်နယ်ထရန့်ကိုလည်း တင်ပြထားပြီးဖြစ်ကာ သမ္မတအနေဖြင့်လည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါ့အပြင် သမ္မတထရန့်အနေနဲ့ သူရဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ စတီဖန်နီဂရစ်ရှန်းက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ တိုက်ခိုက်မှုဟာ ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီအတွက် လက်စားချေခြင်းဖြစ်ကြောင်း…
Read More
ကားပါမစ်သတင်းတွေကြောင့် မန္တလေးကားဈေးကွက် အရောင်းအဝယ်ပိုအေးလာ
မန္တလေး ဇန်နဝါရီ ၈-၂၀၂၀ ဖြူဖြူ(VOM) ညွှန်ကြားရေးမှူးချုပ်နဲ့အထက် ပြည့်သူ့ဝန်ထမ်းနဲ့ နိုင်ငံဝန်ထမ်းတွေကို ကားပါမစ်ချပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် မန္တလေးကားဈေးကွက်မှာ အရောင်းအဝယ်ပိုအေးလာတယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းမှာတော့ ပါမစ်တွေထွက်မယ်ဆိုတဲ့ သတင်းတွေကြောင့် တစ်ချို့ဝယ်နေရင်းနဲ့ပြန်သွားတာတောင် ရှိတယ်။ မနေ့ကဆို ဈေးစကားပြောပြီးမှ သူတို့အိမ်က ပါမစ်ရမယ်ဆိုလို့ မဝယ်နဲ့တော့၊ ပြန်လာခဲ့တော့ဆိုပြီး ပြန်သွားတယ်။”လို့ ကားအရောင်းအဝယ်လုပ်ကိုင်သူ ဦးမောင်မောင်မျိုးခိုင်က ပြောပါတယ်။ တိုင်းပြည်စီးပွားရေးအခြေအနေအရ ပြည်သူအားလုံး ကြပ်တည်းနေချိန်မှာ အရပ်သားအစိုးရအနေနဲ့ အခုလို ခွဲခြားပြီး အခွင့်ထူးခံပေးတာတွေက အစိုးရပုံရိပ်ကိုလည်းထိခိုက်စေတယ်လို့ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ အခုနှစ်တွေအတွင်း မူလကတည်းက ကားအရောင်းအဝယ်အေးနေတဲ့ အချိန်မှာ အခုလို ပါမစ်ချပေးလိုက်ပါက ကားဈေးကွက်ကိုလည်း ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။ “ချပေးလိုက်ရင်တော့ ထိခိုက်သွားမှာပေါ့။ ထိခိုက်တဲ့အပြင် အစိုးရရဲ့ပုံရိပ်လည်းကျသွားမှာပဲ။ အရင်အစိုးရတွေလိုဖြစ်သွားမှာပဲ။ ကျနော်တို့ကတော့ ချမပေးစေချင်ပါဘူး။”လို့ မန္တလေးမြို့ပြည်ကြီးမျက်ရှင် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း အတွင်းရေးမှူး ဦးရဲညွန့်က ပြောပါတယ်။ မန္တလေးကားဈေးကွက်မှာ ကျပ်သိန်း…
Read More
VOM News
FREE
VIEW