ယူကရိန်းလေယာဉ်တစ်စင်း အီရန်နိုင်ငံအတွင်း ပျက်ကျ လူ ၁၈၀ ဦးသေဆုံး

တီဟီရန်၊ ဇန်နဝါရီ-၈-၂၀၂၀
မျိုးဆက် (VOM)

ခရီးသည် ၁၈၀ ဦးကိုတင်ဆောင်ထားတဲ့ ယူကရိန်းနိုင်ငံပိုင် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ အီရန်နိုင်ငံအတွင်း ဇန်နဝါရီ ၈ ရက်မှာ ပျက်ကျသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျတဲ့ အခြေအနေမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အခွင့်အလမ်းမရှိကြောင်း အီရန်လခြမ်းနီ ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ အီရန်နိုင်ငံ တီဟီရန်ရှိ အိုင်မန်ခိုမီနီလေဆိပ်မှ ပျံတက်ပြီး များမကြာမီပျက်ကျသွားတာဖြစ်ကြောင်း ဖားစ်သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်ဟာ အီရန်နိုင်ငံမှ ယူကရိန်းနိုင်ငံ ကိယက်သို့သွားရောက်ဖို့ စီစဉ်ထားခြင်းဖြစ်တယ်လို့ ကနဦးအစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။

လေယာဉ်ပျက်ကျမှုဟာ အမေရိကန်နဲ့ အီရန်တို့အကြား ထိပ်တိုက်စစ်ရေးတင်းမာမှုတွေနဲ့ ဆက်နွယ်နေခြင်းရှိမရှိ ရှင်းလင်းစွာမသိရသေးပါဘူး။

လေယာဉ်ပျက်သွားတဲ့ လေဆိပ်အနီးအခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။ ဒါပေမယ့် လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူမရှိနိုင်ဘူးလို့ လခြမ်းနီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက အီရန်နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ယူကရိန်းလေယာဉ် #အီရန် #ပျက်ကျ #လူ၁၈၀သေ

Zawgyi

ယူကရိန္းေလယာဥ္တစ္စင္း အီရန္နိုင္ငံအတြင္း ပ်က္က် လူ ၁၈၀ ဦးေသဆံုး

တီဟီရန္၊ ဇန္န၀ါရီ-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ခရီးသည္ ၁၈၀ ဦးကိုတင္ေဆာင္ထားတဲ႔ ယူကရိန္းနိုင္ငံပိုင္ ဘိုးအင္း ၇၃၇ ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ အီရန္နိုင္ငံအတြင္း ဇန္န၀ါရီ ၈ ရက္မွာ ပ်က္က်သြားတယ္လို႔ ေဒသတြင္း သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ေလယာဥ္ပ်က္က်တဲ႔ အေျခအေနမွာ အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြဖို႔ အခြင္႔အလမ္းမရိွေၾကာင္း အီရန္လျခမ္းနီ ကယ္ဆယ္ေရးအဖြဲ႔ကေျပာပါတယ္။

ယူကရိန္းနုိင္ငံတကာေလေၾကာင္းလိုင္းပိုင္ ေလယာဥ္ဟာ အီရန္နိုင္ငံ တီဟီရန္ရိွ အိုင္မန္ခိုမီနီေလဆိပ္မွ ပ်ံတက္ျပီး မ်ားမၾကာမီပ်က္က်သြားတာျဖစ္ေၾကာင္း ဖားစ္သတင္းဌာနက ေဖာ္ျပထားပါတယ္။

အဲဒီေလယာဥ္ဟာ အီရန္နိုင္ငံမွ ယူကရိန္းနုိင္ငံ ကိယက္သို႔သြားေရာက္ဖို႔ စီစဥ္ထားျခင္းျဖစ္တယ္လို႔ ကနဦးအစီရင္ခံစာေတြမွာေဖာ္ျပထားပါတယ္။

ေလယာဥ္ပ်က္က်မႈဟာ အေမရိကန္နဲ႔ အီရန္တို႔အၾကား ထိပ္တိုက္စစ္ေရးတင္းမာမႈေတြနဲ႔ ဆက္ႏြယ္ေနျခင္းရိွမရိွ ရွင္းလင္းစြာမသိရေသးပါဘူး။

ေလယာဥ္ပ်က္သြားတဲ႔ ေလဆိပ္အနီးအခင္းျဖစ္ရာေနရာသို႔ ကယ္ဆယ္ေရးအဖြဲ႔ေတြ ေစလႊတ္ထားပါတယ္။ ဒါေပမယ္႔ ေလယာဥ္ပ်က္က်မႈမွာ အသက္ရွင္က်န္ရစ္သူမရိွနိုင္ဘူးလို႔ လျခမ္းနီကယ္ဆယ္ေရးအဖြဲ႔ အၾကီးအကဲက အီရန္နုိင္ငံပိုင္သတင္းဌာနကို ေျပာပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ယူကရိန္းေလယာဥ္ #အီရန္ #ပ်က္က် #လူ၁၈၀ေသ

Related posts

Leave a Comment

VOM News

FREE
VIEW