ရသေ့တောင်မြို့နယ်မှာ မူလတန်းပြ ကျောင်းဆရာမတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ

ရသေ့တောင်မြို့နယ်မှာ မူလတန်းပြ ကျောင်းဆရာမတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၄- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ ရက္ခူတိုင် (ကုန်တန်းကျေးရွာ) မှာ မနေ့ ဇန်နဝါရီ(၃)ရက်နေ့ ညနေပိုင်းက မူလတန်းပြကျောင်းဆရာမတစ်ဦး တပ်မတော်ရဲ့ ဇက်ရေယာဉ်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီဒဏ်ရာ ရရှိသွားတဲ့ မူလတန်းပြ ကျောင်းဆရာဟာ မခင်းဌေးဝင်း အသက် ၂၈ နှစ်ဖြစ်ပြီး ရင်ဘတ်ကို ကျည်ဖောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” ဖြစ်စဉ်က နေဗီကနေပြီး ယမ်းပြီးပစ်လိုက်တာ။ အဲ့ဒါမှာ ဆရာမဆီမှာလာကျတာ။ ကျည်က ရင်ဘတ်ကို ဖောက်ဝင်သွားတယ်။” လို့ အမည်မဖော်လိုတဲ့ ဒေသခံကျောင်းဆရာတစ်ဦးကပြောပါတယ်။

အဲ့ဒီ ကျည်စထိမှန်တဲ့ဆရာမကို ရသေ့တောင်ဆေးရုံကိုပို့ဆောင်ချိန် ဒဏ်ရာပြင်းထန်တဲ့အတွက် ယခုအချိန်မှာ စစ်တွေဆေးရုံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

” ရသေ့တောင်ကိုသွားနေတယ်။ အခု ဒဏ်ရာက ဘယ်ဘက်နို့အုံက ဖောက်ပြီးတော့ နောက်ကထွက်သွားတယ်။ ဆရာမအခြေအနေက ဒဏ်ရာပြင်းတော့ အခု စစ်တွေကို လာဖို့လုပ်နေတယ်။” လို့ အဲ့ဒီလူနာနဲ့အတူလိုက်ပါလာတဲ့ ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

ယခုအချိန်မှာ စစ်တွေမြို့ဆေးရုံကြီးသို့ ရောက်ရှိနေပြီး လိုအပ်တဲ့ဆေး ကုသမှုတွေခံယူနေဆဲဖြစ်တယ်လို့ သိရ ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #လက်နက်ကျည်ထိ #ကျောင်းဆရာမဒဏ်ရာရ

Zawgyi

ရေသ့ေတာင္ၿမိဳ႕နယ္မွာ မူလတန္းျပ ေက်ာင္းဆရာမတစ္ဦး က်ည္ဆံထိမွန္ဒဏ္ရာရ

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၄- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ရကၡဴတိုင္ (ကုန္တန္းေက်းရြာ) မွာ မေန႔ ဇန္နဝါရီ(၃)ရက္ေန႔ ညေနပိုင္းက မူလတန္းျပေက်ာင္းဆရာမတစ္ဦး တပ္မေတာ္ရဲ႕ ဇက္ေရယာဥ္ကေနပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္စထိမွန္ၿပီး ဒဏ္ရာျပင္းထန္စြာရ႐ွိသြားခဲ့တယ္လုိ႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အဲ့ဒီဒဏ္ရာ ရ႐ွိသြားတဲ့ မူလတန္းျပ ေက်ာင္းဆရာဟာ မခင္းေဌးဝင္း အသက္ ၂၈ ႏွစ္ျဖစ္ၿပီး ရင္ဘတ္ကို က်ည္ေဖာက္သြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

” ျဖစ္စဥ္က ေနဗီကေနၿပီး ယမ္းၿပီးပစ္လိုက္တာ။ အဲ့ဒါမွာ ဆရာမဆီမွာလာက်တာ။ က်ည္က ရင္ဘတ္ကို ေဖာက္ဝင္သြားတယ္။” လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံေက်ာင္းဆရာတစ္ဦးကေျပာပါတယ္။

အဲ့ဒီ က်ည္စထိမွန္တဲ့ဆရာမကို ရေသ့ေတာင္ေဆးရံုကိုပို႔ေဆာင္ခ်ိန္ ဒဏ္ရာျပင္းထန္တဲ့အတြက္ ယခုအခ်ိန္မွာ စစ္ေတြေဆးရံုကို ေရာက္႐ွိေနတယ္လို႔ သိရပါတယ္။

” ရေသ့ေတာင္ကိုသြားေနတယ္။ အခု ဒဏ္ရာက ဘယ္ဘက္ႏို႔အုံက ေဖာက္ၿပီးေတာ့ ေနာက္ကထြက္သြားတယ္။ ဆရာမအေျခအေနက ဒဏ္ရာျပင္းေတာ့ အခု စစ္ေတြကို လာဖို႔လုပ္ေနတယ္။” လို႔ အဲ့ဒီလူနာနဲ႔အတူလိုက္ပါလာတဲ့ ပညာေရးဝန္ထမ္းတစ္ဦးကေျပာပါတယ္။

ယခုအခ်ိန္မွာ စစ္ေတြၿမိဳ႕ေဆးရံုႀကီးသို႔ ေရာက္႐ွိေနၿပီး လိုအပ္တဲ့ေဆး ကုသမႈေတြခံယူေနဆဲျဖစ္တယ္လုိ႔ သိရ ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ပိန္းေတာေက်းရြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး ၃ ဦးဒဏ္ရာရ႐ွိသြားတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #လက္နက္က်ည္ထိ #ေက်ာင္းဆရာမဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW