ချမ်းမြသာစည်မြို့နယ်က မြေစွန်းဝန်မြတ်စွာဘုရားရဲ့ ဂန္ဓာကုဋီတိုက်မျက်နှာကျက် ပြိုကျမှုဖြစ်ပွား
Read More
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုမှာ အင်တာနက်လိုင်း ထပ်မံဖြတ်တောက်
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ ခုမှာ အင်တာနက်လိုင်း ထပ်မံဖြတ်တောက် ရသေ့တောင်၊ ဖေဖော်ဝါရီ ၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ ရသေ့တောင်၊ ဘူသီးတောင်၊ မောင်တော၊ မြေပုံ စတဲ့မြို့နယ်တွေမှာ မနေ့က ဖေဖော်ဝါရီလ ၃ ရက် ညပိုင်း ၉ နာရီကျော်လောက်က စတင်ပြီး အင်တာနက်လိုင်းတွေကို ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ Mytel၊ Telenor၊ Ooredoo၊ MPT စတဲ့ဆက်သွယ်ရေးကုမ္မဏီတွေရဲ့ အင်တာနက်လိုင်းတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ပိတ်ထားလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့မှာ မနေ့ ဖေဖော်ဝါရီ ၃ရက်နေ့ ညပိုင်းက Telenorနဲ့ Ooredoo အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာဖြစ်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အရ ယာယီဖြတ်တောက်တာဖြစ်ကြောင်းကို မက်ဆေ့ချ် ပို့ခဲ့တယ်လို့ ရသေ့တောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အင်တာနက်လိုင်းဖြတ်တောက်ခံရတာ ဟုတ်ပါတယ်။ မနေ့က…
Read More
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်တဲ့ ရှင်းလင်းမှုပြုလုပ်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်တဲ့ ရှင်းလင်းမှုပြုလုပ် ရန်ကုန်၊ ဖေဖော်ဝါရီ ၄-၂၀၂၀ အောင်ထူးနိုင်(VOM) တရုတ်နိုင်ငံမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ်။ “တရုတ်နိုင်ငံကဆောင်ရွက်နေတဲ့ ကာကွယ်ထိန်းချုပ်ရေးအစီအမံတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ အကြံပြုတဲ့ အစီအမံတွေထက် များစွာကျော်လွန်နေပါတယ်။ လက်ရှိမှာ စောစောတွေ့၊ စောစောသတင်းပို့၊ စောစောအတည်ပြု၊ စောစောစောင့်ကြပ်ကြည့်ရှု၊ စောစောကုသဆိုတဲ့ ကုသရေးဗျူဟာအောက်မှာ ရောဂါကုသမှု တွေဟာ အပြုသဘောဆောင်တဲ့ ရလဒ်‌တွေရရှိနေပါတယ်”လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms.Li Xiaoyan (ခ) ဒေါ်နွဲ့ကလျာက ပြောပါတယ်။ တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံရောက် မြန်မာတိုင်းရင်းသား‌တွေအပါအဝင် တရုတ်နိုင်ငံရောက် နိုင်ငံခြားသားတို့ရဲ့ အသက်လုံခြုံမှုနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို အလေးထားပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ကောလဟာလဖြန့်ဝေရမယ့်အချိန်မဟုတ်ဘဲ ရှုတ်ချရမယ့်အချိန်ဖြစ်တယ်လို့ Ms.Li Xiaoyan က ပြောပါတယ်။ မနေ့ကအချိန်ထိ ဟူပေပြည်နယ်မှာ…
Read More
ပုဂံနယ်မြေထဲက ကန်သက်ထားတဲ့နေရာကို တတ်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကိုအရေးယူထား
ပုဂံနယ်မြေထဲက ကန်သက်ထားတဲ့နေရာကို တတ်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကိုအရေးယူထား မန္တလေး၊ ဖေဖော်ဝါရီ ၄-၂၀၂၀ ရဲရင့်မင်းခန့်(VOM) ပုဂံရှေးဟောင်းနယ်မြေအတွင်းက အိုးထိန်းကုန်းပေါ်ကို ကားနဲ့တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို အမှုဖွင့်အရေးယူခဲ့တယ်လို့ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ ဌာနခွဲ)ကနေ သိရပါတယ်။ “ဒီနေရာက ရှေးဟောင်းကုန်းဖြစ်နေတယ်၊ ကားတွေတက်လို့မရဘူးလေ၊ တက်ခွင့်မရှိတဲ့နေရာကို တက်တဲ့အတွက် အမှုဖွင့်ထားတာပါ။ ကားတွေကဘေးမှာရပ်ထားတယ်၊ လူတွေက အပေါ်တက်ကြည့်တယ်ဆိုရင် မတားမြစ်ပါဘူး၊ သို့သော်လဲ ကားမောင်းခြင်းအားဖြင့် ပျက်စီးစေတယ်၊ အခုကတော့ အမှုဖွင့်ဖို့ လုပ်နေတယ်၊ အုတ်ကုန်းပေါ်ကိုတက်တဲ့ ကားနှစ်စီးကိုမောင်းတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို အမှုဖွင့်ထားတာပါ”လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က တရုတ်နိုင်ငံသားတွေပါဝင်တဲ့ ကားရှစ်စီးဟာ ပုဂံဒေသကိုရောက်ရှိလာခဲ့ပြီး အရှေ့အိုးထိန်းကုန်းနေရာကို ရောက်ရှိပြီးနောက်မှာ ကားနှစ်စီးက အိုးထိန်းကုန်းပေါ်မောင်းတက်ခဲ့ပြီး ဘီယာ သောက်ဖို့ ပြင်ဆင်ခဲ့တဲ့အပေါ် ဒေသခံဧည့်လမ်းညွှန်နှစ်ဦးကတွေ့ရှိကာ…
Read More
ရန်ကုန်-မန္တလေး လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ ဝန်ကြီးဌာနတွေညှိနိူင်းမှုပြုလုပ်နေ
ရန်ကုန်-မန္တလေး လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ ဝန်ကြီးဌာနတွေညှိနိူင်းမှုပြုလုပ်နေ ရန်ကုန် ၊ ဖေဖော်ဝါရီ ၄-၂၀၂၀ သိဂီ ၤ(VOM) ရန်ကုန် နဲ့ မန္တလေးကို လျှပ်စစ်ရထား ပြေးဆွဲနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)ကနေ သိရပါတယ်။ လျှပ်စစ်ရထားပြေးဆွဲဖို့ အစီအစဉ်ရှိပေမယ့်လည်း လတ်တလော အခြေအနေအရတော့ တွက်ချေမကိုက်သေးတဲ့အတွက် အကောင်အထည်မဖော်နိုင်သေးတာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်လောက်မှာတော့ ဖြစ်လာနိုင်ဖို့များတယ်လို့ သိရပါတယ်။ “လျှပ်စစ်ရထားပြေးဆွဲဖို့ ဝန်ကြီးဌာနချင်းဆွေးနွေးတာရှိတယ်။လျှပ်စစ်ရထားက တွက်ချေကိုက်သလားခေါင်းစဉ်ကိုသွားတဲ့အခါ လောလောဆယ် တွက်ချေမကိုက်သေးဘူးလို့ အဖြေရတယ်။ တစ်ဦးချင်းဝင်ငွေသည် ဘယ်လောက်ရှိမှ လျှပ်စစ်ရထားလုပ်သင့်တယ်ဆိုတာလည်း နိုင်ငံတကာမှာရှိတယ်။ ဒါကြောင့် လောလောဆယ်တော့ High Speed မလုပ်သင့်သေးဘူးလို့ ထွက်ထားတယ်။ ဒါတွက်ချက်မှုအရပေါ့။၂၀၂၀ နောက်ပိုင်းလောက်ဆိုရင်တော့ ရနိုင်မယ်လို့သိရတယ်။”လို့ မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)က အထွေထွေမန်နေဂျာ ဦးအောင်သူလတ်ကပြောပါတယ်။ လျှပ်စစ်ရထားစတင်ပြေးဆွဲဖို့ အဆင့်သင့်ဖြစ်ချိန်မှာ ရထားလမ်းတွေလည်း ပြည့်စုံကောင်းမွန်နေဖို့အတွက် အချိန်ကိုက်ပြီးစီးအောင် ရန်ကုန်-မန္တလေး လမ်းအဆင့်မြှင့်တင်မှုကို စီမံကိန်းအပိုင်း…
Read More
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အမေရိကန်ကျွမ်းကျင်သူတွေကူညီမှု တရုတ်လက်ခံ
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အမေရိကန်ကျွမ်းကျင်သူတွေကူညီမှု တရုတ်လက်ခံ ပေကျင်း၊ ဖေဖော်ဝါရီ-၄-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်နဲ့ ကူးစက်ခံရသူဦးရေ ဆက်လက်တိုးမြင့်လာချိန်မှာ ရောဂါကူးစက်မှုကို တားဆီးရေးကူညီဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ကျန်းမာရေးကျွမ်းကျင်သူတွ လာရောက်ဖို့ကို တရုတ်နိုင်ငံက လက်ခံလိုက်ပါတယ်။ အဲ့ဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ကနေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကူးစက်ခံရမှုအသစ် ၂၃၄၅ ဦးနဲ့ နောက်ထပ် ၆၄ ဦးသေဆုံးခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်အထိ သေဆုံးသူ ၄၁၄ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လေ့လာဖို့နဲ့ ကူညီဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ရဲ့ကမ်းလှမ်းမှုကို တရုတ်နိုင်ငံက လက်ခံခဲ့ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဝူဟန်ရှိ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကိုကုသဖို့ ရှစ်ရက်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ ကုတင် ၁၀၀၀ ဆေးရုံမှာ လူနာတွေကို…
Read More
ရန်ကုန်မြို့ပတ်ရထားလမ်း အချိန်စာရင်းပြောင်းလဲပြေးဆွဲမယ်
ရန်ကုန်မြို့ပတ်ရထားလမ်း အချိန်စာရင်းပြောင်းလဲပြေးဆွဲမယ် ရန်ကုန်၊ဖေဖော်ဝါရီ ၄-၂၀၂၀ စွဲ့ဝတီ(VOM) ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ပြုပြင်တာတွေ ဆောင်ရွက်နေတဲ့အတွက် ပြေးဆွဲနေတဲ့အချိန်စာရင်းကို ဖေဖော်ဝါရီ ၈ရက်နေ့ကစပြီး ပြောင်းလဲပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ အခုလက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်း ပြုပြင်တာမှာ ရေကူး – ပုဇွန်တောင် နှစ်လမ်းသွားရှိတဲ့အနက် အပြင်လမ်း(Outer Line)ကို လမ်းပိုင်းပိတ်ပြီး လမ်းပြုပြင်ဆောင်ရွက်မှာဖြစ်တဲ့အတွက် မြို့ပတ်ရထားအချိန်စာရင်း ပြင်ဆင်ပြောင်းလဲပြေးဆွဲမှာဖြစ်တယ်လို့ သိရပါတယ်။ “အဓိကတော့ ၈ရက်နေ့က စပြီးတော့ မြို့ပတ်ရထားတွေရဲ့ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမှာဖြစ်ပါတယ်။. လက်ရှိမြို့ပတ်ရထားကတော့ ၁၈၃စီး ပြေးဆွဲနေတာဖြစ်ပါတယ်။ အချိန်စာရင်းပြောင်းရင် အဲ့ထက်တော့ နည်းနည်းလျော့သွားမယ်။ အရင်တုန်းက လမ်းပိုင်းတွေပိတ်ထားတာဖြစ်တဲ့အတွက် အတိုလေးတွေက များတာပေါ့။ အခေါက်ရေ ပိုများတယ်။ အခုကတော့ မြို့တစ်ပတ်လုံးကို ပတ်တဲ့စနစ်တွေကလည်း အခုဒီထဲမှာ ပြန်ပါလာတယ်။ လက်ဝဲလက်ယာ တစ်ပတ်လုံးပတ်တဲ့ စနစ်ပေါ့။ အဲဒါကြောင့် ခရီးစင်းရေက ပိုလျော့သွားတယ်။ ခရီးကြာချိန်ကတော့ အရင်အတိုင်းပါပဲ မပြောင်းသေးပါဘူး”လို့မြန်မာ့မီးရထား၊…
Read More
စစ်ကိုင်းမြို့ကနေ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူကို တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေး
စစ်ကိုင်းမြို့ကနေ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူကို တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေး စစ်ကိုင်း ဖေဖော်ဝါရီ ၄-၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့၊ရွာထောင်ရပ်ကွက်မှာ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့သူကို တာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းမှာသွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်ပြည်ကို သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ ကိုဇင်မင်းအောင်ဆိုသူဟာ ကျန်းမာရေးကောင်းမွန်မှုမရှိဘဲ ကျန်းမာရေးစစ်ဆေးမှုလည်း ခံယူတာမရှိဘူးလို့ ဒီကနေ့မနက်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတာဝန်ရှိသူတွေနဲ့ ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ”လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရွာထောင်ဘုန်းကြီးကျောင်းတောင်ဘက်က တရုတ်ပြည်က ပြန်လာတဲ့ မောင်နှမ နှစ်ယောက်ကို သံသယလူနာအဖြစ် ရှိတယ်လို့ ကိစ္စလေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ အတူသွားရောက်စစ်ဆေးခဲ့ပါတယ်။ တရုတ်ပြည်ကိုသွားတာက မောင်နှမနှစ်ယောက်၊ ညီမဖြစ်သူက ပြန်လာတာ သုံးလလောက်ရှိပြီ၊ ခုချိန်ထိ သူက ကျန်းမာရေးကောင်းတယ်၊ အစ်ကိုဖြစ်သူက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က…
Read More
အိပ်ချ်အိုင်ဗီကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်ဖို့ အလားအလာမရှိသေး
အိပ်ချ်အိုင်ဗီကာကွယ်ဆေး ထုတ်လုပ်မှု အောင်မြင်ဖို့ အလားအလာမရှိသေး ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၀ မျိုးဆက် (VOM) အေအိုင်ဒီအက်စ်ရောဂါကိုဖြစ်ပွားစေတဲ့ အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ကိုဟန့်တားမယ့် ကာကွယ်ဆေးစမ်းသပ်မှုဟာ မအောင်မြင်ခဲ့ပဲ ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပျက်ပြားသွားပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကာကွယ်ဆေးဟာ အိပ်ချ်အိုင်ဗီဗိုင်းရပ်ကို မကာကွယ်နိုင်ဘူးလို့ တွေ့ရှိခဲ့တဲ့အတွက် အမျိုးသားကျန်းမာရေးအင်စတီကျုဟာ HVTN 702 လို့အမည်ရတဲ့ ကာကွယ်ဆေးသစ်တစ်မျိုးကို တောင်အာဖရိကရှိ လူပေါင်း ၅၀၀၀ကျော်ကို စမ်းသပ်နေတာကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီရလဒ်အတွက် အလွန်အမင်းစိတ်ပျက်မိကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အိပ်ချ်အိုင်ဗီကာကွယ်ဆေးကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်ဟာ အမျိုးအစားကွဲပြားမှုတွေရှိပြီး စမ်းသပ်ခဲ့တဲ့ အဲဒီကာကွယ်ဆေးဟာ ကမ္ဘာပေါ်မှာ အိပ်ချ်အိုင်ဗီကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်တဲ့ တောင်အာဖရိကမှာ အများဆုံးဖြစ်ပွားလေ့ရှိတဲ့ အမျိုးအစားကို ကာကွယ်ဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အိပ်ချ်အိုင်ဗီကာကွယ်ဆေးဟာ မဖြစ်မနေလိုအပ်ပြီး ထုတ်လုပ်ခဲ့တဲ့ ကာကွယ်ဆေးမှာ အာနိသင်သက်ရောက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း…
Read More
သေလာပဗ္ဗတ သံခမောက်တောင်တော်
သေလာပဗ္ဗတ သံခမောက်တောင်တော် စစ်ကိုင်း၊ ဇန်နဝါရီ ၄-၂၀၂၀ ရှိုင်းအောင် ( VOM ) စစ်ကိုင်းတိုင်း ၊ ကသာခရိုင်၊ ကောလင်းမြို့မှ အနောက်ဘက် ၄ မိုင် ခန့်သာကွာဝေးပြီး သစ်ပင်၊ ဝါးပင် များ သိပ်သည်းထူထပ်စွာဖြင့် မြူခိုးများ ဝေသီရစ်မှိုင်းလျှက် သံခမောက်တောင်တော်ကြီးကို ရေးရေးပြပြမြင်နိုင်ပါတယ်။ ခမောက်တောင်တော်မှာ အခြေကနေစပြီး တောင်ထိပ်တိုင်အောင် အမြင့် ( ၆၀၃ )ပေရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ( ၁၂၂၁ )ပေရှိကာ ခန့်ညားထယ်ဝါမတ်စောက်စွာ ခမောက်တစ်လုံးရဲ့ ပုံသဏ္ဍာန် တည်ရှိတဲ့အတွက် မျက်မှောက်ခေတ်မှာ ခမောက်တောင်လို့ ခေါ်တွင်ခဲ့ကြတာဖြစ်ပါတယ်။ တောင်တော်အနီးနားမှာ ဂွေးချို တောင်ရွာ၊ မြောက်ရွာ၊ လွှဲမောက်ရွာ၊ ပန်းတင်ရွာ၊ သက္ကယ်ကျင်းရွာ၊ နတ်ရေတွင်းရွာ၊ ရေကန်သာရွာ နဲ့ သဖန်းကုန်ရွာ စသဖြင့် ရွာပေါင်းမြောက်များစွာ ခြံရံပြီး လုံကွဲတောင်၊ ဒုတ္တာတောင်၊…
Read More
VOM News
FREE
VIEW