ရန်ကုန်မြို့ပတ်ရထားလမ်း အချိန်စာရင်းပြောင်းလဲပြေးဆွဲမယ်

ရန်ကုန်မြို့ပတ်ရထားလမ်း အချိန်စာရင်းပြောင်းလဲပြေးဆွဲမယ်

ရန်ကုန်၊ဖေဖော်ဝါရီ ၄-၂၀၂၀
စွဲ့ဝတီ(VOM)

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ပြုပြင်တာတွေ ဆောင်ရွက်နေတဲ့အတွက် ပြေးဆွဲနေတဲ့အချိန်စာရင်းကို ဖေဖော်ဝါရီ ၈ရက်နေ့ကစပြီး ပြောင်းလဲပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

အခုလက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်း ပြုပြင်တာမှာ ရေကူး – ပုဇွန်တောင် နှစ်လမ်းသွားရှိတဲ့အနက် အပြင်လမ်း(Outer Line)ကို လမ်းပိုင်းပိတ်ပြီး လမ်းပြုပြင်ဆောင်ရွက်မှာဖြစ်တဲ့အတွက် မြို့ပတ်ရထားအချိန်စာရင်း ပြင်ဆင်ပြောင်းလဲပြေးဆွဲမှာဖြစ်တယ်လို့ သိရပါတယ်။

“အဓိကတော့ ၈ရက်နေ့က စပြီးတော့ မြို့ပတ်ရထားတွေရဲ့ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမှာဖြစ်ပါတယ်။. လက်ရှိမြို့ပတ်ရထားကတော့ ၁၈၃စီး ပြေးဆွဲနေတာဖြစ်ပါတယ်။ အချိန်စာရင်းပြောင်းရင် အဲ့ထက်တော့ နည်းနည်းလျော့သွားမယ်။ အရင်တုန်းက လမ်းပိုင်းတွေပိတ်ထားတာဖြစ်တဲ့အတွက် အတိုလေးတွေက များတာပေါ့။ အခေါက်ရေ ပိုများတယ်။ အခုကတော့ မြို့တစ်ပတ်လုံးကို ပတ်တဲ့စနစ်တွေကလည်း အခုဒီထဲမှာ ပြန်ပါလာတယ်။ လက်ဝဲလက်ယာ တစ်ပတ်လုံးပတ်တဲ့ စနစ်ပေါ့။ အဲဒါကြောင့် ခရီးစင်းရေက ပိုလျော့သွားတယ်။ ခရီးကြာချိန်ကတော့ အရင်အတိုင်းပါပဲ မပြောင်းသေးပါဘူး”လို့မြန်မာ့မီးရထား၊ သွားလားရေး ရန်ကုန်တိုင်းမန်နေဂျာ ဦးဇော်လွင်ကပြောပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းအချိန်တွေ ပြင်ဆင်သတ်မှတ်တဲ့ လက်ရှိကာလအချိန်မှာ မြို့ပတ်ရထားလမ်းပိုင်းကို ၁၈၃ခေါက်၊ ပြင်ဆင်မဲ့ကာလမှာ ၁၆၈ခေါက်ပြေးဆွဲပေးမှာဖြစ်ပြီးတော့ ရုံးချိန်ရထားပြေးဆွဲပေးမဲ့ အခြေအနေမှာ နံနက်ပိုင်းကို အဝင် ၁၂စင်းနဲ့ ညနေပိုင်းအထွက်၁၄စင်း ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်း ပြုပြင်မူမှာ အတွင်းလမ်း၊အပြင်လမ်း အစုန်လမ်း၊အဆန်လမ်းရှိပြီးတော့ လမ်းတစ်လမ်းပိတ် ၊ လမ်းတစ်လမ်းဖွင့်စနစ်နဲ့ ပြုပြင်နေတာဖြစ်ပါတယ်။

“အချိန်တွေကတော့ လမ်းပိုင်းတစ်ခုကို လုပ်တဲ့ ကျန်တဲ့လမ်းပိုင်းနဲ့ ရထားပြေးဆွဲတာပေါ့။ အခုပိတ်ထားတဲ့ လမ်းပိုင်းက ပြန်ဖွင့်ပြီးတော့ နောက်ထပ်လမ်းပိုင်းကို ချိန်းလိုက်တာပေါ့။ ချိန်းလိုက်တဲ့အခါ အချိန်စာရင်းတွေ အသစ်ပြန်ပြီးတော့ ရေးဆွဲရတယ်။ မူလအချိန်စာရင်းနဲ့ တစ်ထပ်ထဲမကျတော့ဘူ။ ၈နာရီ ရန်ကုန်ဘူတာကြီးက ထွက်ရမယ်ဆိုတဲ့ ရထားက ၈နာရီဟုတ်ချင်မှဟုတ်မယ်။ ၈နာရီ ၅မိနစ်ဖြစ်ချင်ဖြစ်မယ်။ ၇နာရီ ၅၀ဖြစ်ရင်ဖြစ်မယ်။ တစ်ထပ်ထဲမကျတဲ့အတွက် အချိန်လေးက နည်းနည်းလေးရွေ့ပြီး ချိန်းသွားတာဖြစ်တဲ့ အချိန်စာရင်းပြောင်းလဲ ပြေးဆွဲတာဖြစ်ပါတယ်”လို့ ဦးဇော်လွင်က ဆက်ပြီးတော့ပြောပါတယ်။

အချိန်စာရင်းပြောင်းတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာဘူတာအသီးသီးမှာ အသေးစိတ် ဗီနိုင်းတွေနဲ့ ကြေညာပေးမှာဖြစ်ပြီးတော့ အဓိက မနက်ပိုင်းရုံးချိန်ရထားနဲ့ ညနေပိုင်းရုံးချိန်ရထားတွေကို ခရီးသွားလာမူ အများဆုံး အချိန်တွေမှာ ခရီးသွားလာမူ မထိခိုက်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

“ အခုလက်ရှိ ရထားအချိန်စာရင်းကတော့ အဆင်ပြေတယ်။ ပြောင်းလဲလာမယ့် အချိန်စာရင်းကတော့ မသိသေးတော့ပြောလို့မရဘူး။ ခုလမ်းတွေ ပြင်နေတဲ့အချိန်မှာ ရုံးဆင်း၊ရုံးတက်မှာ ရထားတွေကတော့ ပုံမှန်ပဲဆိုတော့ အဆင်ပြေပါတယ်။ ကျန်တဲ့အချိန်တွေကတော့ ရထားလမ်းပြင်နေတာတွေရှိတော့ တစ်လမ်းထဲမောင်းရတဲ့အခါကျတော့ ရထားအချိန်ထက်နည်းနည်းနောက်ကျတော့ရှိတယ်။ ရုံးဆင်းရုံးတက်ချိန်ကတော့ တော်တော်များများ ရထားအချိန်မှန်ပါတယ်။ ရုံးဆင်းရုံးတက်မဟုတ်တဲ့ အချိန်လောက်ပဲ နည်းနည်းနောက်ကျတာရှိတယ်”လို့ ရန်ကုန်မြို့ပတ်ရထားနဲ့ နေ့စဉ်အလုပ်သွားနေတဲ့ ကြည့်မြင်တိုင်မြို့နယ်နေ ကိုမင်းမင်းသူကပြောပါတယ်။

ရန်ကုန်မြို့ပတ် အနောက်ခြမ်းပြုပြင်မူဟာ အခုလက်ရှိ ၈၀ရာခိုင်နှုန်းလောက်ကိုပြီးနေပြီး အရှေ့ခြမ်းပြုပြင်မူကတော့ ရာခိုင်နှုန်းအားနဲ့ တစ်ဝက်ခန့်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။

ရထားလမ်းပိုင်းပြင်ဆင်မူအားလုံးကို ၂၀၂၀ ဇူလိုင်မှာ ပြီးမယ်လို့ လျာထားပြီး မြို့ပတ်ရထား စီမံကိန်းတစ်ခုလုံး အဆင့်မြှင့်တင်မူကိုတော့ ၂၀၂၁-၂၀၂၂မှ ပြီးမယ်လို့ လျာထားတာဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ် အဆင့်မြှင့်တင်မူ စီမံကိန်းတစ်ခုလုံးပြီးသွားရင်လည်း မြို့ပတ်ရထားလမ်းပိုင်းအချိန်တွေကို ပြန်လည်ပြောင်းလဲကာ ပြေးဆွဲသွားမှာဖြစ်မယ်လို့ သိရပါတယ်။

 

Photo -မြန်မာ့မီးရထား
#VOM #voiceofmyanmar #ရန်ကုန် #မြို့ပတ်ရထား #အချိန်ပြောင်းလဲပြေးဆွဲ

Zawgyi

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း အခ်ိန္စာရင္းေျပာင္းလဲေျပးဆြဲမယ္

ရန္ကုန္၊ေဖေဖာ္ဝါရီ ၄-၂၀၂၀
စြဲ႔ဝတီ(VOM)

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းကို အဆင့္ျမႇင့္တင္ျပဳျပင္တာေတြ ေဆာင္႐ြက္ေနတဲ့အတြက္ ေျပးဆြဲေနတဲ့အခ်ိန္စာရင္းကုိ ေဖေဖာ္ဝါရီ ၈ရက္ေန႔ကစၿပီး ေျပာင္းလဲေျပးဆြဲသြားမယ္လို႔ ျမန္မာ့မီးရထားကေန သိရပါတယ္။

အခုလက္ရွိ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း ျပဳျပင္တာမွာ ေရကူး – ပုဇြန္ေတာင္ ႏွစ္လမ္းသြားရွိတဲ့အနက္ အျပင္လမ္း(Outer Line)ကို လမ္းပိုင္းပိတ္ၿပီး လမ္းျပဳျပင္ေဆာင္႐ြက္မွာျဖစ္တဲ့အတြက္ ၿမိဳ႕ပတ္ရထားအခ်ိန္စာရင္း ျပင္ဆင္ေျပာင္းလဲေျပးဆြဲမွာျဖစ္တယ္လို႔ သိရပါတယ္။

“အဓိကေတာ့ ၈ရက္ေန႔က စၿပီးေတာ့ ၿမိဳ႕ပတ္ရထားေတြရဲ႕ အခ်ိန္ဇယားကို ေျပာင္းလဲေျပးဆြဲမွာျဖစ္ပါတယ္။. လက္ရွိၿမိဳ႕ပတ္ရထားကေတာ့ ၁၈၃စီး ေျပးဆြဲေနတာျဖစ္ပါတယ္။ အခ်ိန္စာရင္းေျပာင္းရင္ အဲ့ထက္ေတာ့ နည္းနည္းေလ်ာ့သြားမယ္။ အရင္တုန္းက လမ္းပိုင္းေတြပိတ္ထားတာျဖစ္တဲ့အတြက္ အတိုေလးေတြက မ်ားတာေပါ့။ အေခါက္ေရ ပိုမ်ားတယ္။ အခုကေတာ့ ၿမိဳ႕တစ္ပတ္လုံးကို ပတ္တဲ့စနစ္ေတြကလည္း အခုဒီထဲမွာ ျပန္ပါလာတယ္။ လက္ဝဲလက္ယာ တစ္ပတ္လုံးပတ္တဲ့ စနစ္ေပါ့။ အဲဒါေၾကာင့္ ခရီးစင္းေရက ပိုေလ်ာ့သြားတယ္။ ခရီးၾကာခ်ိန္ကေတာ့ အရင္အတိုင္းပါပဲ မေျပာင္းေသးပါဘူး”လို႔ျမန္မာ့မီးရထား၊ သြားလားေရး ရန္ကုန္တိုင္းမန္ေနဂ်ာ ဦးေဇာ္လြင္ကေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းအခ်ိန္ေတြ ျပင္ဆင္သတ္မွတ္တဲ့ လက္ရွိကာလအခ်ိန္မွာ ၿမိဳ႕ပတ္ရထားလမ္းပိုင္းကို ၁၈၃ေခါက္၊ ျပင္ဆင္မဲ့ကာလမွာ ၁၆၈ေခါက္ေျပးဆြဲေပးမွာျဖစ္ၿပီးေတာ့ ႐ုံးခ်ိန္ရထားေျပးဆြဲေပးမဲ့ အေျခအေနမွာ နံနက္ပိုင္းကို အဝင္ ၁၂စင္းနဲ႔ ညေနပိုင္းအထြက္၁၄စင္း ေျပးဆြဲေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္း ျပဳျပင္မူမွာ အတြင္းလမ္း၊အျပင္လမ္း အစုန္လမ္း၊အဆန္လမ္းရွိၿပီးေတာ့ လမ္းတစ္လမ္းပိတ္ ၊ လမ္းတစ္လမ္းဖြင့္စနစ္နဲ႔ ျပဳျပင္ေနတာျဖစ္ပါတယ္။

“အခ်ိန္ေတြကေတာ့ လမ္းပိုင္းတစ္ခုကို လုပ္တဲ့ က်န္တဲ့လမ္းပိုင္းနဲ႔ ရထားေျပးဆြဲတာေပါ့။ အခုပိတ္ထားတဲ့ လမ္းပိုင္းက ျပန္ဖြင့္ၿပီးေတာ့ ေနာက္ထပ္လမ္းပိုင္းကို ခ်ိန္းလိုက္တာေပါ့။ ခ်ိန္းလိုက္တဲ့အခါ အခ်ိန္စာရင္းေတြ အသစ္ျပန္ၿပီးေတာ့ ေရးဆြဲရတယ္။ မူလအခ်ိန္စာရင္းနဲ႔ တစ္ထပ္ထဲမက်ေတာ့ဘူ။ ၈နာရီ ရန္ကုန္ဘူတာႀကီးက ထြက္ရမယ္ဆိုတဲ့ ရထားက ၈နာရီဟုတ္ခ်င္မွဟုတ္မယ္။ ၈နာရီ ၅မိနစ္ျဖစ္ခ်င္ျဖစ္မယ္။ ၇နာရီ ၅၀ျဖစ္ရင္ျဖစ္မယ္။ တစ္ထပ္ထဲမက်တဲ့အတြက္ အခ်ိန္ေလးက နည္းနည္းေလးေ႐ြ႕ၿပီး ခ်ိန္းသြားတာျဖစ္တဲ့ အခ်ိန္စာရင္းေျပာင္းလဲ ေျပးဆြဲတာျဖစ္ပါတယ္”လို႔ ဦးေဇာ္လြင္က ဆက္ၿပီးေတာ့ေျပာပါတယ္။

အခ်ိန္စာရင္းေျပာင္းတာနဲ႔ ပတ္သက္ၿပီးေတာ့ သက္ဆိုင္ရာဘူတာအသီးသီးမွာ အေသးစိတ္ ဗီႏိုင္းေတြနဲ႔ ေၾကညာေပးမွာျဖစ္ၿပီးေတာ့ အဓိက မနက္ပိုင္း႐ုံးခ်ိန္ရထားနဲ႔ ညေနပိုင္း႐ုံးခ်ိန္ရထားေတြကို ခရီးသြားလာမူ အမ်ားဆုံး အခ်ိန္ေတြမွာ ခရီးသြားလာမူ မထိခိုက္ေအာင္ စီစဥ္ေပးထားတယ္လို႔ သိရပါတယ္။

“ အခုလက္ရွိ ရထားအခ်ိန္စာရင္းကေတာ့ အဆင္ေျပတယ္။ ေျပာင္းလဲလာမယ့္ အခ်ိန္စာရင္းကေတာ့ မသိေသးေတာ့ေျပာလို႔မရဘူး။ ခုလမ္းေတြ ျပင္ေနတဲ့အခ်ိန္မွာ ႐ုံးဆင္း၊႐ုံးတက္မွာ ရထားေတြကေတာ့ ပုံမွန္ပဲဆိုေတာ့ အဆင္ေျပပါတယ္။ က်န္တဲ့အခ်ိန္ေတြကေတာ့ ရထားလမ္းျပင္ေနတာေတြရွိေတာ့ တစ္လမ္းထဲေမာင္းရတဲ့အခါက်ေတာ့ ရထားအခ်ိန္ထက္နည္းနည္းေနာက္က်ေတာ့ရွိတယ္။ ႐ုံးဆင္း႐ုံးတက္ခ်ိန္ကေတာ့ ေတာ္ေတာ္မ်ားမ်ား ရထားအခ်ိန္မွန္ပါတယ္။ ႐ုံးဆင္း႐ုံးတက္မဟုတ္တဲ့ အခ်ိန္ေလာက္ပဲ နည္းနည္းေနာက္က်တာရွိတယ္”လို႔ ရန္ကုန္ၿမိဳ႕ပတ္ရထားနဲ႔ ေန႔စဥ္အလုပ္သြားေနတဲ့ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ေန ကိုမင္းမင္းသူကေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္ အေနာက္ျခမ္းျပဳျပင္မူဟာ အခုလက္ရွိ ၈၀ရာခိုင္ႏႈန္းေလာက္ကိုၿပီးေနၿပီး အေရွ႕ျခမ္းျပဳျပင္မူကေတာ့ ရာခိုင္ႏႈန္းအားနဲ႔ တစ္ဝက္ခန႔္ၿပီးစီးၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ရထားလမ္းပိုင္းျပင္ဆင္မူအားလုံးကို ၂၀၂၀ ဇူလိုင္မွာ ၿပီးမယ္လို႔ လ်ာထားၿပီး ၿမိဳ႕ပတ္ရထား စီမံကိန္းတစ္ခုလုံး အဆင့္ျမႇင့္တင္မူကိုေတာ့ ၂၀၂၁-၂၀၂၂မွ ၿပီးမယ္လို႔ လ်ာထားတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ပတ္ အဆင့္ျမႇင့္တင္မူ စီမံကိန္းတစ္ခုလုံးၿပီးသြားရင္လည္း ၿမိဳ႕ပတ္ရထားလမ္းပိုင္းအခ်ိန္ေတြကုိ ျပန္လည္ေျပာင္းလဲကာ ေျပးဆြဲသြားမွာျဖစ္မယ္လို႔ သိရပါတယ္။

Photo -ျမန္မာ့မီးရထား
#VOM #voiceofmyanmar #ရန္ကုန္ #ၿမိဳ႕ပတ္ရထား #အခ်ိန္ေျပာင္းလဲေျပးဆြဲ

Related posts

Leave a Comment

VOM News

FREE
VIEW