အခန်း (၁၂၁)

ဆူးငှက် လွတ်လပ်ရေးနေ့ ———————– မှတ်မှတ်ရရ ၁၉၈၀ခုနှစ် ဇန်နဝါရီလ ၄ရက်၊ လွတ်လပ်ရေးနေ့မှာပဲ ကျွန်တော်တို့ သမီးယောက်ဖ၂ယောက် ရန်ကုန်က ပြန်ခဲ့ကြသည်။ ရန်ကုန်မှာ ဇန်နဝါရီ ၃ရက်နေ့ အခြေခံဥပဒေနေ့ ကတည်းက လမ်းတွေပိတ်ကာ အသံချဲ့စက် တကြော်ကြော်နှင့် အားကစားပြိုင်ပွဲတွေ ကျင်းပနေကြသည်။ နောက်ရက် လွတ်လပ်ရေးနေ့တွင်လည်း မနက်မလင်းခင် ကတည်းက လမ်းတိုင်းမှာ အသံချဲ့စက်သံဆူညံနေသည်။ လမ်းပေါ်တွင် ထုံးလိုင်းများတား၍ အားကစားပြိုင်ပွဲများ ကျင်းပကြသည်။ ဦးဇော်ဝင်းလည်း မန္တလေးရောက်သည်နှင့် မုံရွာသို့ ချက်ချင်းပြန်သည်။ ထို့နောက် ဇန်နဝါရီလအတွင်း မှာပင် ခင်ဝင်းနွယ်က မိမိတို့ စာမူကို ကန့်ကွက်ခြင်း ကိစ္စအား ဖြေရှင်းပေးပါရန် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ စာတင်ခဲ့ သည်။ ထို့အတူ နိုင်ငံတော်သမ္မတကြီးထံသို့လည်း စာမူကန့်ကွက် ခံရခြင်းကို တင်ပြခဲ့သည်။ ကဗျာလွတ်စာအုပ် ထွက်ပြီ ———————————— ဤသို့ဖြင့် ထိုနှစ် ဖေဖော်ဝါရီလ…

Read More

ဘုတလင် – စိုင်ပြင်လမ်းတလျှောက်ရှိ ဒေသခံ တသိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရ

မေ ၂၄ – ၂၀၂၆ SS (VOM) ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ကို အစိုးရတပ်က ဘုတလင်မြို့ကနေတဆင့် အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး လေကြောင်းပစ်ခတ်မှုတွေပါ ပြုလုပ်နေတဲ့အတွက် ဘုတလင် – စိုင်ပြင်လမ်းတလျှောက်ရှိ ကျေးရွာတွေက ဒေသခံ တသိန်းနီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စိုင်ပြင်မြို့နယ်ရှိ နယ်မြေရဲစခန်းကို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်က မုံရွာ – ဘုတလင် – စိုင်ပြင်လမ်းအတိုင်း အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာလို့ သိရပါတယ်။ “နမခ စစ်ဌာနချုပ်ကနေ စစ်ကြောင်းလာနေတာက ပွိုင့်ဖိုက်…

Read More

မြန်မာလုပ်သားတွေ တရုတ်နယ်စပ်မှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရပေမယ့်လည်း ပြည်တွင်း အလုပ်ရှားပါးမှုကြောင့် နေ့စဉ် ရာနဲ့ချီ ဝင်ရောက်နေဆဲ

မေ ၂၄၊ ၂၀၂၆ Shy V (VOM) ရှမ်း – တရုတ်နယ်စပ်ဘက်မှာ မြန်မာလုပ်သားတွေ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် နေ့စဉ် ရာချီပြီး တရုတ်နိုင်ငံဘက် ဝင်ရောက်နေကြတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “တရုတ်ဘက်က ပြန်ပို့နေတာ (၇ ရက်သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ်) တပတ်ကတ် နဲ့ လည်း ဝင်နေတာပဲ။ နေ့တိုင်း ဝင်နေတာပဲ။ နန်းတော်ပေါက်ရော ဆင်ဖြူပေါက်ရော နှစ်ဂိတ်ပေါင်း တရက်ကို ၅၀၀ လောက်တောင် ဝင်မယ်ထင်တယ်” လို့ နယ်စပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ တရုတ်ဘက်ကို သွားရောက်အလုပ်လုပ်တဲ့ မြန်မာလုပ်သားအများစုဟာ မြန်မာပြည်မှာ အိမ်ပေါင်၊ ယာပေါင်ထားပြီး အကြွေးတင်ကာ တက်လာကြတာဖြစ်ပေမယ့် တရုတ်ဘက်ရောက်ချိန်မှာတော့ မျှော်လင့်သလို အဆင်မပြေကြဘူးလို့ သူက ပြောပါတယ်။ လုပ်သားတွေဟာ အလုပ်သမားခေါင်းပုံဖြတ်ခံရတာ၊…

Read More

ကသာနယ်မှာ ကျောင်းတက်လိုတဲ့ ကလေးငယ်တွေရဲ့ ဘဝ

မေ ၂၄ – ၂၀၂၆ SN (VOM) အခြေခံပညာ ကျောင်းတက်ဖို့အတွက် စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ကို သွားရောက်မယ့် ကလေးငယ်တွေဟာ လက်နက်ကိုင်တပ်တွေဆီမှာ ရိုက်နှက်ခံရပြီးမှ ကျောင်းအပ်နှံမှု ပြုလုပ်ခွင့်ရနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ မြို့ပေါ်ကျောင်းတက်လိုသူ ကလေးတွေဟာ ၅ တန်း ဖြစ်ပါက ၅ ချက်၊ ၁၀ တန်း ဖြစ်ပါက ၁၀ ချက် လက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ အရိုက်ခံပြီးမှ ကသာမြို့ပေါ်ကျောင်းကို လာ ရောက် ကျောင်းနှံကြရတဲ့အပြင် ကျောင်းသား မိဘတွေအနေနဲ့ အဲဒီအဖွဲ့တွေကို ငွေကြေးတွေ လစဥ် ပေးရသလို ထမင်းဟင်းလည်း အလှည့်ကျ ချက်ပြုတ်ပြီး ပို့ပေးရတယ်လို့ ကသာမြို့ပေါ်ကို ပြောင်းရွှေ့လာသူ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။ “ရွာဘက်တွေမှာ ဖြစ်နေတာပါ။ ရွာတိုင်းတော့ မဟုတ်ဘူး။ ပိုက်ဆံက လစဉ်ကြေး နှစ်သောင်း၊ သုံးသောင်း ပေးရတယ်။…

Read More

ကသာ – နဘားလမ်းဆုံမှာ ကားအစီးရေ ရာနဲချီပိတ်မိနေတာ လေးရက်အထိရှိလာ၊ နေပူလောင်လို့ ကွမ်းခြင်းနဲ့ သစ်ပင်ပျိုးပင်တွေ ပျက်စီး

မေ ၂၃ ၊၂၀၂၆ GG (VOM) တိုက်ပွဲတွေကြောင့် ကသာ – နဘားလမ်းဆုံမှာ ကားတွေရာနဲ့ချီပိတ်မိနေတာ လေးရက်ထိရှိလာပြီဖြစ်တာကြောင့် ကားသမားတွေနဲ့ ခရီးသည်တွေ ဒုက္ခရောက်နေကြရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လမ်းပိတ်ထားတာလေးရက်အထိ ကြာမြင့်လာတဲ့အတွက် ကွမ်းရွက်တွေ ၊ သစ်ပင်ပျိုးပင်တွေ အပါအဝင် ကုန်စိမ်းပစ္စည်းတွေ ပျက်စီးပြီး လွှင့်ပစ်ရတဲ့အထိ ရှိလာသလို ခရီးသည်နဲ့ကားသမားတချို့လည်း ခရီးစရိတ်ပြတ်တာတွေ ဖြစ်ပေါ်လာနေတယ်လို့ သိရပါတယ်။ ” ပိုက်ဆံတွေ စရိတ်တွေပြတ်သူပြတ်ကုန်ပြီ။ ဝယ်စားရတာ စျေးများတာကိုး ။ကသာနားမှာပိတ်တဲ့သူကတော်သေးတယ်။ နဘားဘက်ပိတ်တာတွေကျ လာရောင်းတဲ့ စျေးသည်ဆီက စျေးကြီးပေးဝယ်စားရတာလေ။ ကသာထက်တော့ စျေးပိုတာပေါ့။ ကွမ်းခြင်းတွေဆို နေပူလောင်မိလို့ ပျက်စီးကုန်တာ အများကြီးပဲ။ အကုန်ပျက်စီးတာ။ကွမ်းသမားတွေလည်း ဒုက္ခရောက်တယ်။ သစ်ပင်ပျိုးပင်တွေ သယ်လာတဲ့ကားတွေလည်း ဆယ်စီးလောက်ရှိမယ်ထင်တယ်။ အဲဒီကားပေါ်ကအပင်တွေလည်း အကုန်ညှိုး မကောင်းကြဘူး ။ တချို့က ဘုန်းကြီး ကျောင်းအိပ်တာရှိတယ်။တချို့က ကားပေါ်ပဲ ဖြစ်သလိုအိပ်ကြရတာ…

Read More

ကျိုက်ဒုံမြို့မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး သုံးယောက် သေဆုံး

မေ ၂၄ – ၂၀၂၆ SS (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့မှာ ဒီကနေ့ မေ ၂၄ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ကျိုက်ဒုံမြို့အထွက်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ဂိတ်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ပြင်းထန်ဒဏ်ရာရသူ တယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “လျှပ်တပြတ် တိုက်ခိုက်ခံရတာ။ KNU ဂိတ်နဲ့ ဘေးက အိမ်တွေပါထိတာ။ သုံးယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရ တယောက်ကလည်း အနီရောင်အဆင့်ပဲ။ လူနေအိမ်၊ အဆောက်အအုံ သုံးလုံးထက်မနည်း ပျက်စီးတာလည်း ရှိတယ်။ လေကြောင်း တိုက်ခိုက်တာလည်းဖြစ်‌ရော ဂိတ်မှာ တပ်စွဲထားတဲ့သူတွေက နေရာကနေ…

Read More

အိန္ဒိယ-မြန်မာ ဆက်ဆံရေး သမိုင်းနှင့် နိုင်ငံရေးသုံးသပ်ချက်

MT(VOM) ​ ​သမိုင်းဆိုတာ မြစ်တစ်စင်းကဲ့သို့ပင် ဖြစ်သည်။ မည်သည့်နေရာက စတင်စီးဆင်းခဲ့သည်ဖြစ်စေ၊ လမ်းခရီးတစ်လျှောက်တွင် ကွေ့ကောက်ဖြတ်သန်းကာ နောက်ဆုံး၌ ပင်လယ်ပြင်ကြီးထဲသို့ အတူတကွ စီးဝင်ပေါင်းစပ်သွားကြစမြဲ ဖြစ်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်းကြီး ဖြစ်သော အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး သမိုင်းကြောင်းသည်လည်း ထိုနည်းအတိုင်းပင်။ ပထဝီဝင်အနေအထားအရ တောင်တန်းကြီးများ၊ တောနက်ကြီးများ ခြားနေစေကာမူ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် နိုင်ငံရေး ရေစီးကြောင်းတို့က ကျွန်ုပ်တို့နိုင်ငံနှစ်ခုကို ရှေးပဝေသဏီကတည်းက ရေကြည်ရာမြက်နုရာ ချည်နှောင်ပေးခဲ့ကြသည်။ ​ ရှေးဟောင်းဗုဒ္ဓခေတ်မှသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ထို့နောက် ဖဆပလခေတ်နှင့် စစ်အာဏာရှင်ခေတ်များကို ဖြတ်သန်းကာ မကြာသေးမီက ကုန်လွန်သွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေတ်အထိ အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ အနိမ့်အမြင့်၊ အတက်အကျတို့ကို နိုင်ငံရေးရှူထောင့်မှ သုံးသပ်ကြည့်ပါမည်။ ​(၁) ရှေးခေတ်ကာလ ယဉ်ကျေးမှုရေကြည်နှင့် သံတမန်အစ ​မြန်မာနှင့် အိန္ဒိယတို့၏ ဆက်ဆံရေးသည် နိုင်ငံရေးထက် ယဉ်ကျေးမှုနှင့် ဘာသာရေးက…

Read More
VOM News

FREE
VIEW