ကသာ – နဘားလမ်းဆုံမှာ ကားအစီးရေ ရာနဲချီပိတ်မိနေတာ လေးရက်အထိရှိလာ၊ နေပူလောင်လို့ ကွမ်းခြင်းနဲ့ သစ်ပင်ပျိုးပင်တွေ ပျက်စီး

မေ ၂၃ ၊၂၀၂၆
GG (VOM)
တိုက်ပွဲတွေကြောင့် ကသာ – နဘားလမ်းဆုံမှာ ကားတွေရာနဲ့ချီပိတ်မိနေတာ လေးရက်ထိရှိလာပြီဖြစ်တာကြောင့် ကားသမားတွေနဲ့ ခရီးသည်တွေ ဒုက္ခရောက်နေကြရတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
လမ်းပိတ်ထားတာလေးရက်အထိ ကြာမြင့်လာတဲ့အတွက် ကွမ်းရွက်တွေ ၊ သစ်ပင်ပျိုးပင်တွေ အပါအဝင် ကုန်စိမ်းပစ္စည်းတွေ ပျက်စီးပြီး လွှင့်ပစ်ရတဲ့အထိ ရှိလာသလို ခရီးသည်နဲ့ကားသမားတချို့လည်း ခရီးစရိတ်ပြတ်တာတွေ ဖြစ်ပေါ်လာနေတယ်လို့ သိရပါတယ်။
” ပိုက်ဆံတွေ စရိတ်တွေပြတ်သူပြတ်ကုန်ပြီ။ ဝယ်စားရတာ စျေးများတာကိုး ။ကသာနားမှာပိတ်တဲ့သူကတော်သေးတယ်။ နဘားဘက်ပိတ်တာတွေကျ လာရောင်းတဲ့ စျေးသည်ဆီက စျေးကြီးပေးဝယ်စားရတာလေ။ ကသာထက်တော့ စျေးပိုတာပေါ့။ ကွမ်းခြင်းတွေဆို နေပူလောင်မိလို့ ပျက်စီးကုန်တာ အများကြီးပဲ။ အကုန်ပျက်စီးတာ။ကွမ်းသမားတွေလည်း ဒုက္ခရောက်တယ်။ သစ်ပင်ပျိုးပင်တွေ သယ်လာတဲ့ကားတွေလည်း ဆယ်စီးလောက်ရှိမယ်ထင်တယ်။ အဲဒီကားပေါ်ကအပင်တွေလည်း အကုန်ညှိုး မကောင်းကြဘူး ။ တချို့က ဘုန်းကြီး ကျောင်းအိပ်တာရှိတယ်။တချို့က ကားပေါ်ပဲ ဖြစ်သလိုအိပ်ကြရတာ ။ ” လို့ ကသာ ဒေသခံက ပြောပါတယ်။
အင်းတော်နဲ့ မော်လူးဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေကြောင့် ကသာ ဘက်မှာလည်း လမ်းတွေပိတ်ထားသလို မော်လူးဘက်မှာလည်း မြို့အဝင်အထွက် အပြင်ကွင်းလမ်းတွေပါ ပိတ်ထားတာကြောင့် မော်လူးဘက်မှာလည်း ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။
” ကွင်းလမ်းလဲ သွားလို့မရဘူး ။ မော်လူးဘက်ကပိတ်ရင် ဘာကွင်းလမ်းမှမရှိဘူး ။မော်လူးက မိုးညှင်းနဲ့နီးသွားပြီလေ ။နဘားလမ်းဆုံမှာကားတွေက ရှေ့တိုးမရနောက်ဆုတ်မရနဲ့ ပိတ်မိ​နေတာ ။မော်လူးဘက်လည်း အတူတူပဲ ။ အင်းရွာဇက်ဆိပ်လည်းပိတ်ထားတယ်။ လမ်းတွေ အမြန်ပွင့်စေချင်ပြီ ။ ထီးချိုင့်တံတားကလည်း ပိတ်လိုက်ဖွင့်လိုက် အခြေအနေရှိနေတုန်းပဲ။ ” လို့ ကားသမားတယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရက သွားလာခွင့်ပြန်လည် ခွင့်ပြုပေးထားတဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေးလမ်းမကြီးကလည်း သွားလာလို့အဆင်မပြေသလို ရွှေဘို – မြစ်ကြီးနားဗျူဟာ လမ်းပိုင်းကလည်း သွားလာလို့ အဆင်မပြေဘူးလို့ သိရပါတယ်။
ဒါကြောင့် မန္တလေး – မြစ်ကြီးနားကို ကားနဲ့သွားမယ့်သူတွေအနေနဲ့ မဖြစ်မနေအရေးကြီးကိစ္စရှိမှသာ သွားသင့်ကြောင်း နဲ့ မဖြစ်နေသွားရမယ်ဆိုပါက အစားအစာ ၊ သောက်ရေနဲ့ ဆေးဝါး ၊ အိပ်စရာအတွက် လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေကို ယူဆောင်သွားဖို့ ကားသမားတွေကအကြံပြု ပြောဆိုထားပါတယ်။
ဓာတ်ပုံ – CJ ( ပုံဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW