ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦးထပ်တိုး

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦးထပ်တိုး

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၂၀
သိဂီ ၤ(VOM)

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦးထပ်တိုးလာတာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားပါတယ်။

ထပ်တိုးလာတဲ့လူနာ ၂ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကသိုးမွေးအထည်ချုပ်စက်ရုံ (၁)ရုံမှာ တရုတ်နိုင်ငံသား ၁ ဦးနဲ့ နောက်ထပ်အခြားတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာ သူတို့ကို ဧရာဝတီ တိုင်းကပြည်သူ့ဆေးရုံမှာပဲ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတယ်လို့ သိရပါတယ်။

” ကျိုင်းတုံဆေးရုံက လူနာတစ်ယောက်ဆင်းသွားပြီ။ ထုတ်ပြန်ချက်ထဲမပါလိုက်ဘူး။ ဒါကြောင့်ခုဆိုရင် သံသယလူနာက ၂ ဦးနဲ့ စောင့်ကြည်လူနာ ၆ ဦးပေါ့။ ထုတ်ပြန်တာက သံသယလူနာ ၂ ဦး၊စောင့်ကြည့်လူနာ ၅ ဦးပါ။ ခုဆိုရင် စောင့်ကြည့်လူနာ ၁ ဦးလျော့ ၊ ၂ ဦးတိုးပါတယ်။ ဆက်လက်စောင့်ကြည့်နေပါတယ်။”လို့ ဒေါ်ခင်ခင်ကြီးကပြောပါတယ်။

သံသယလူနာ ၂ ဦးကို ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်စစ်ဆေးနေပြီး စောင့်ကြည့်လူနာ ၆ ဦးကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှု စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခုလက်ရှိ တစ်နိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ၂ ဦးရှိနေပြီး စောင့်ကြည့်လူနာ (၆)ဦး၊ စုစုပေါင်း (၈) ဦးရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ကိုရိုနာဗိုင်းရပ်စ် #လူနာ(၂)ဦးထပ်တိုး

Zawgyi


သိဂီ င်္(VOM)







Related posts

Leave a Comment

VOM News

FREE
VIEW