ရသေ့တောင်၊သမီးလှရွာဟောင်းမှာ လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားနေ

ရသေ့တောင်၊သမီးလှရွာဟောင်းမှာ လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားနေ ရသေ့တောင်၊ ဖေဖော်ဝါရီ ၈- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာ ရွာဟောင်းမှာ ဒီကနေ့နေ့လယ်၂ နာရီခန့်က ကျေးရွာတွင်းက နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ယခုလို သမီးလှရွာဟောင်းမှာ နေအိမ်တချို့မီးလောင်မှု ဖြစ်ပွားတာဟာ သမီးလှရွာသစ်မှာရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရသေ့တောင်မြို့နယ် ရက္ခူတိုင်၊ကုန်တန်းကျေးရွာက ကျောင်းဆရာတစ်ဦးကတော့ ” သူတို့က သမီးလှရွာသစ်ကနေ အရပ်လေးမျက်နှာကို လက်နက်ကြီးတွေနဲ့ ဖြိုးပစ်နေတဲ့အခါ သမီးလှရွာဟောင်းမှာ လက်နက်ကြီး ကျည်တွေကျပြီး အိမ်တွေမီးလောင်နေတယ်။” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာဖက်မှာ တပ်မတော်နဲ့အေအေ ယခုအချိန်ထိတိုက်ပွဲဖြစ်နေပြီး သမီးလှရွာဟောင်းအနောက်တောင်ထောင့်ကစပြီး မီးလောင်ကျွမ်းနေတာဟာ အိမ်ခြေ၁၀လုံးလောက် လောင်ကျွမ်းနေတာဖြစ်တယ်လို့ ငစံဘော်ကျေးရွာက ဒေသခံပြည်သူတစ်ဦးပြောပြချက်အရ သိရပါတယ်။ ”…

Read More

တောမီးလောင်နေတဲ့ သြစတြေးလျမှာ ရေကြီးရေလျှံမှုဖြစ်ပွား

တောမီးလောင်နေတဲ့ သြစတြေးလျမှာ ရေကြီးရေလျှံမှုဖြစ်ပွား ဆစ်ဒနီ၊ ဖေဖော်ဝါရီ-၈-၂၀၂၀ မျိုးဆက် (VOM) သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်မှာ လောင်ကျွမ်းနေတဲ့တောမီးဟာ မိုးရွာသွန်းမှုကြောင့် လျော့ပါးသက်သာသွားပေမယ့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံအန္တရာယ် နဲ့ရင်ဆိုင်နေရပြန်ပါတယ်။ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်တဲ့ ဆိုးရွားတဲ့ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်။ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အန္တရာယ်ရှိတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်နိုင်ရကြောင်း သြစတြေးလျ မိုးလေဝသဗျူရိုက သတိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဆစ်ဒနီနဲ့ အခြားဒေသတွေမှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။ ဆစ်ဒနီမြို့မှာ သောကြောနေ့ကရွာသွန်းခဲ့တဲ့မိုးဟာ တစ်နှစ်အတွင်းစံချိန်တင်ဖြစ်ပြီး လမ်းတွေပိတ်ဆို့ကာ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေပါ နှောင့်နှေးခဲ့ရပါတယ်။ နယူးဆောက်ဝေးပြည်နယ်ရှိ မြို့အချို့မှာလည်း မိုးရေချိန် စံချိန်တင်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုဟာ လာမယ့်သီတင်းပတ်အစောပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးရွာသွန်းမှုကြောင့် တောမီးလောင်ကျွမ်းမှု သုံးပုံတစ်ပုံငြိမ်းသွားပေမယ့်လည်း ဖေဖော်ဝါရီ ၇…

Read More

ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖျားစောင့်ကြည့်ခြင်းလုပ်ငန်းကို လူဦးရေနှစ်သောင်းနီးပါး နေ့စဉ်စစ်ဆေးမှုပြုလုပ်

ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖျားစောင့်ကြည့်ခြင်းလုပ်ငန်းကို လူဦးရေနှစ်သောင်းနီးပါး နေ့စဉ်စစ်ဆေးမှုပြုလုပ် မူဆယ်၊ ဖေဖေါ်ဝါရီ ၈-၂၀၂၀ ဖြူဖြူဖွေး(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရူလမ်းကြောင်းကြပ်မှုနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)အန္တရာယ် ဝင်ရောက်မှုမရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖျားစောင့်ကြည့်ခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်ပေးနေတာနဲ့ နမ္မတူက သံသယလူနာအခြေအနေကို VOM ဝိုင်းတော်သား ဖြူဖြူဖွေးမှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်း ညွန်ကြားရေးမှူး ဒေါက်တာတင်မောင်ညွန့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မူဆယ် #ရှမ်းပြည်မြောက်ပိုင်း #ကိုရိုနာစစ်ဆေးမှု Zawgyi ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖျားစောင့်ကြည့်ခြင်းလုပ်ငန်းကို လူဦးရေနှစ်သောင်းနီးပါး နေ့စဉ်စစ်ဆေးမှုပြုလုပ် မူဆယ်၊ ဖေဖေါ်ဝါရီ ၈-၂၀၂၀ ဖြူဖြူဖွေး(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရူလမ်းကြောင်းကြပ်မှုနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)အန္တရာယ် ဝင်ရောက်မှုမရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖျားစောင့်ကြည့်ခြင်းလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်ပေးနေတာနဲ့ နမ္မတူက သံသယလူနာအခြေအနေကို VOM ဝိုင်းတော်သား ဖြူဖြူဖွေးမှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်း…

Read More

စစ်တွေမှာမြို့နယ်မှာ တပ်မတော်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်တွေမှာမြို့နယ်မှာ တပ်မတော်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ စစ်တွေ၊ ဖေဖော်ဝါရီ ၈-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းမှာ ဒီကနေ့မနက် ၁၁ နာရီလောက်က တပ်မတော်ကားတန်းမိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတယ်လို့ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။ အဲ့ဒီကားတန်းဟာ ဆတ်ရိုးကျရပ်ကွက်အတွင်းမှာရှိတဲ့ ရွှေမင်းဂံဘက်ကနေ ကျေးတောပိုက်ဆိပ်ဘက်ကို လာတဲ့ကားတန်းတစ်ခုဖြစ်ပြီး ကျောတောပိုက်ဆိပ်ကျေးရွာအနားကိုအရောက်မှာ အခုလိုမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ကျေးတောရွာသားတစ်ဦးကပြောပါတယ်။ “ဖြစ်တာက ၁၁ နာရီလောက်မှာဖြစ်တာပါ။ မိုင်းက တစ်လုံးကွဲသံကြားလိုက်ရတယ်။ တပ်မတော်ကားတန်းကို မိုင်းဆွဲတာလို့တော့ သတင်းကြားတယ်။ ထိခိုက်မှုတွေရှိမရှိတော့မသိဘူး။”လို့ ကျေးတောရွာက အမည်မဖော်လိုသူတစ်ဦး ပြောပါတယ်။ ရွှေမင်းဂံဆိပ်ကမ်းဟာ စစ်လက်နက်တွေနဲ့ ရိက္ခာတွေကိုသယ်ယူပို့ဆောင်နေတဲ့ လမ်းတစ်လမ်းအဖြစ် တပ်မတော်ဘက်ကအသုံးပြုနေတာ လအတော်ကြာနေပြီဖြစ်ကြောင်းနဲ့ အခုလိုမျိုး ဖြစ်ပွားလာမှာကိုလည်း သေခံတွေစိုးရိမ်နေကြတယ်လို့ ကျေးတောရွာမှအမည်မဖော်လိုသူကပြောပါတယ်။ “မိုင်းကွဲတာအသံကြားတယ်။ ဘာမှမဖြစ်ဘူး။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ အဲ့ဒီမိုင်းက တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အေအေတပ်ဖွဲ့က တိုက်ခိုက်တာဟုတ်မဟုတ်နဲ့ ဘာကြောင့်ခွဲရတယ်ဆိုတာကိုတော့…

Read More

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့နိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ အမေရိကန်ကူညီမယ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့နိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ အမေရိကန်ကူညီမယ် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၀ မျိုးဆက် (VOM) အလျင်အမြန်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံနဲ့ အခြား ရောဂါပျံ့နှံနေတဲ့နိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ ကူညီဖို့ အမေရိကန်က ဖေဖော်ဝါရီ ၇ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။ အမေရိကန်တွေရဲ့ သန်းပေါင်းများစွာသော လှူဒါန်းမှုနဲ့ ကတိကဝတ်တွေဟာ ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ အမေရိကန်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို ပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။ အဲဒီအကူအညီတွေကို တိုက်ရိုက် ဒါမှမဟုတ် အဖွဲ့အစည်းတွေကတစ်ဆင့် လှူဒန်းသွားမယ်လို့ လူ့အခွင့်အရေးကိစ္စနဲ့ တစ်ခြားနိုင်ငံတွေမှာ အခြေခံအဆောက်အဦတည်ဆောက်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို မကြာခဏဝေဖန်လေ့ရှိတဲ့ မိုက်ပွန်ပီယိုက ပြောပါတယ်။ အမေရိကန်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး နှာခေါင်းစည်း၊ အကာအကွယ်ဝတ်စုံ၊ ပတ်တီး၊ အသက်ရှူကိရိယာနဲ့ ဆေးဝါးတွေ ၁၇ ဒသမ ၈ တန်နီးပါး…

Read More

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦးထပ်တိုး

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦးထပ်တိုး ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦးထပ်တိုးလာတာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားပါတယ်။ ထပ်တိုးလာတဲ့လူနာ ၂ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကသိုးမွေးအထည်ချုပ်စက်ရုံ (၁)ရုံမှာ တရုတ်နိုင်ငံသား ၁ ဦးနဲ့ နောက်ထပ်အခြားတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာ သူတို့ကို ဧရာဝတီ တိုင်းကပြည်သူ့ဆေးရုံမှာပဲ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတယ်လို့ သိရပါတယ်။ ” ကျိုင်းတုံဆေးရုံက လူနာတစ်ယောက်ဆင်းသွားပြီ။ ထုတ်ပြန်ချက်ထဲမပါလိုက်ဘူး။ ဒါကြောင့်ခုဆိုရင် သံသယလူနာက ၂ ဦးနဲ့ စောင့်ကြည်လူနာ ၆ ဦးပေါ့။ ထုတ်ပြန်တာက သံသယလူနာ ၂ ဦး၊စောင့်ကြည့်လူနာ ၅ ဦးပါ။ ခုဆိုရင် စောင့်ကြည့်လူနာ ၁ ဦးလျော့ ၊ ၂ ဦးတိုးပါတယ်။ ဆက်လက်စောင့်ကြည့်နေပါတယ်။”လို့ ဒေါ်ခင်ခင်ကြီးကပြောပါတယ်။ သံသယလူနာ…

Read More

ကိုရိုနာဗိုင်းရပ်စ် ရှာဖွေတဲ့စက်မရှိလို့ ဒီပိုးဟုတ်မဟုတ် မဖော်ထုတ်နိုင်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်

ကိုရိုနာဗိုင်းရပ်စ် ရှာဖွေတဲ့စက်မရှိလို့ ဒီပိုးဟုတ်မဟုတ် မဖော်ထုတ်နိုင်တာ ထူးဆန်းတဲ့ကိစ္စမဟုတ် မန္တလေး၊ ဖေဖော်ဝါရီ ၈-၂၀၂၀ ဖြူဖြူ(VOM) ကိုရိုနာဗိုင်းရပ်စ်ရှာဖွေတဲ့စက်ဟာ မြန်မာနိုင်ငံမှာမရှိတဲ့အတွက် အဲ့ဒီရောဂါပိုးကို မဖော်ထုတ်နိုင်တာဟာလည်း ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က မနေ့ ဖေဖော်ဝါရီ(၇)ရက်ညပိုင်းက မန္တလေးတိုင်းကျန်းမာရေးရုံးမှာပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ” ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါပိုးအသစ်ဖြစ်ပါတယ်။ အဟောင်းမဟုတ်ပါဘူး။ ရောဂါပိုးအသစ်ကို ဟုတ်မဟုတ် စိစစ်နိုင်တဲ့ ဓါတ်ခွဲခန်းဟာ ဇီဝလုံခြုံမှုအဆင့် ၃ ရှိတဲ့ ဓါတ်ခွဲခန်းမှသာလျှင် ဒီလုပ်ငန်းကို ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးအသစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ဒီပိုးဟုတ်မဟုတ်ကို မဖော်ထုတ်နိုင်သေးတာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ” လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စမ်းသပ်ရှာဖွေနိုင်တဲ့စက်ဟာ ထိုင်းနဲ့အိန္ဒိယနိုင်ငံမှာသာရှိတယ်လို့ ဒေါက်တာသာထွန်းကျော်ရဲ့ပြောပြချက်အရ သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ ဒီရောဂါပိုး ဟုတ်မဟုတ်ဆိုတာ…

Read More

ဘူးသီးတောင်မှာ ပစ်ခတ်မှုဖြစ်ပြီး မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်

ဘူးသီးတောင်မှာ ပစ်ခတ်မှုဖြစ်ပြီး မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန် ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၇-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ ဘူးသီးတောင်မြို့နယ်အတွင်းက ငလန်းပြင်ကျေးရွာမှာ နေဗီကပစ်ခတ်လိုက်တဲ့ ကျည်ထိပြီး အသက် ၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးရဲ့ ဘယ်ဘက်ပေါင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးငယ်ဟာ ဒုတိယတန်းကျောင်းသူ မချမ်းအေးဖြိုး (ဘ) ဇော်ဝင်းထွန်းရဲ့သမီးဖြစ်ပြီး ရသေ့တောင်မြို့နယ် သမီးလှကျွန်းအနီး မေယုမြစ်ပြင်မှာရှိနေတဲ့ နေဗီသင်္ဘောပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်နေတဲ့အတွက် နေအိမ်အောက်မှာ ပုန်းအောင်းနေတဲ့အချိန် ဘယ်ဘက်ပေါင်းကို ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။ “ကျွန်တော်တို့ရွာက ဘူးသီးတောင်မြို့နယ်မှာပါ။ ပစ်တဲ့နေဗီက ရသေ့တောင်မြို့နယ်၊သမီးလှကျွန်းနားကနေ ပစ်တာပါ။ အဲ့ဒီမှာ စပါးကျီအောက်မှာ ပုန်းနေတုန်း ပေါင်မှာကျည်ထိသွားပါတယ်။”လို့ အဲ့ဒီမိန်းကလေးရဲ့ အဘိုးဖြစ်သူကပြောပါတယ်။ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မချမ်းအေးဖြိုးကို ညနေ ၇ နာရီခွဲလောက်မှာ စေတီပြင်ဆေးရုံကို ပို့ဆောင်လိုက်ပြီး ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ငလန်းပြင်ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ နေဗီကပစ်ခတ်မှုတွေပြုလုပ်နေတာဖြစ်ကြောင်းနဲ့ ကျေးရွာအနီးဝန်းကျင်မှာလည်း…

Read More
VOM News

FREE
VIEW