ရသေ့တောင်၊သမီးလှရွာဟောင်းမှာ လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားနေ

ရသေ့တောင်၊သမီးလှရွာဟောင်းမှာ လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားနေ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၈- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာ ရွာဟောင်းမှာ ဒီကနေ့နေ့လယ်၂ နာရီခန့်က ကျေးရွာတွင်းက နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ယခုလို သမီးလှရွာဟောင်းမှာ နေအိမ်တချို့မီးလောင်မှု ဖြစ်ပွားတာဟာ သမီးလှရွာသစ်မှာရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရသေ့တောင်မြို့နယ် ရက္ခူတိုင်၊ကုန်တန်းကျေးရွာက ကျောင်းဆရာတစ်ဦးကတော့ ” သူတို့က သမီးလှရွာသစ်ကနေ အရပ်လေးမျက်နှာကို လက်နက်ကြီးတွေနဲ့ ဖြိုးပစ်နေတဲ့အခါ သမီးလှရွာဟောင်းမှာ လက်နက်ကြီး ကျည်တွေကျပြီး အိမ်တွေမီးလောင်နေတယ်။” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် သမီးလှကျေးရွာဖက်မှာ တပ်မတော်နဲ့အေအေ ယခုအချိန်ထိတိုက်ပွဲဖြစ်နေပြီး သမီးလှရွာဟောင်းအနောက်တောင်ထောင့်ကစပြီး မီးလောင်ကျွမ်းနေတာဟာ အိမ်ခြေ၁၀လုံးလောက် လောင်ကျွမ်းနေတာဖြစ်တယ်လို့ ငစံဘော်ကျေးရွာက ဒေသခံပြည်သူတစ်ဦးပြောပြချက်အရ သိရပါတယ်။

” သမီးလှရွာဟောင်းမှာ အခုဆိုရင် အိမ်အလုံး ၁၀ လောက်မီးလောင်နေတယ်။ အနောက်တောင်ထောင့်က စလောင်နေတာ။ တိုက်ပွဲကလည်း မပြီးသေးဘူး။ ဇက်ရေယာဉ်ကလည်း ပစ်တယ်။ တပ်မတော်ဖက်က သမီးလှရွာသစ်မှာရှိတဲ့ စစ်ကြောင်းကလည်း ပစ်တယ်။ အခုလောင်နေတုန်းပဲ ရှိတယ်။ ” လို့ ရသေ့တောင်မြို့နယ် ငစံဘော်ကျေးရွာက ဒေသခံလူကြီးတစ်ဦးကပြောပါတယ်။

တပ်မတော်ဖက်က ဇက်ရေယာဉ်နဲ့ ရသေ့တောင်မြို့မှာရှိတဲ့ တပ်ရင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

တပ်မတော်နဲ့အေအေတို့ဟာ ဒီကနေ့နေလယ် ၂ နာရီခန့်က ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းနဲ့ ရွာသစ်ဖက်မှာ တိုက်ပွဲဖြစ်မဖြစ် တပ်မတော်နဲ့ အေအေ ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #လက်နက်ကြီးငယ်ပစ်ခတ်မှု #နေအိမ်အချို့မီးလောင်

Zawgyi

ရေသ့ေတာင္၊သမီးလွရြာေဟာင္းမွာ လက္နက္ႀကီးငယ္ ပစ္ခတ္မွဳေၾကာင့္ ေနအိမ္တခ်ိဳ႕ မီးေလာင္မႈျဖစ္ပြားေန

ရေသ့ေတာင္၊ ေဖေဖာ္ဝါရီ ၈- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ သမီးလွေက်းရြာ ရြာေဟာင္းမွာ ဒီကေန႔ေန႔လယ္၂ နာရီခန္႔က ေက်းရြာတြင္းက ေနအိမ္တခ်ိဳ႕ မီးေလာင္မႈျဖစ္ပြားေနတယ္လုိ႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ယခုလို သမီးလွရြာေဟာင္းမွာ ေနအိမ္တခ်ိဳ႕မီးေလာင္မႈ ျဖစ္ပြားတာဟာ သမီးလွရြာသစ္မွာ႐ွိတဲ့ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ျဖစ္တယ္လို႔ ေဒသခံေတြဆီကေန သိရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ရကၡဴတိုင္၊ကုန္တန္းေက်းရြာက ေက်ာင္းဆရာတစ္ဦးကေတာ့ ” သူတို႔က သမီးလွရြာသစ္ကေန အရပ္ေလးမ်က္ႏွာကို လက္နက္ႀကီးေတြနဲ႔ ၿဖိဳးပစ္ေနတဲ့အခါ သမီးလွရြာေဟာင္းမွာ လက္နက္ႀကီး က်ည္ေတြက်ၿပီး အိမ္ေတြမီးေလာင္ေနတယ္။” လို႔ ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွေက်းရြာဖက္မွာ တပ္မေတာ္နဲ႔ေအေအ ယခုအခ်ိန္ထိတိုက္ပြဲျဖစ္ေနၿပီး သမီးလွရြာေဟာင္းအေနာက္ေတာင္ေထာင့္ကစၿပီး မီးေလာင္ကြၽမ္းေနတာဟာ အိမ္ေျခ၁၀လံုးေလာက္ ေလာင္ကြၽမ္းေနတာျဖစ္တယ္လို႔ ငစံေဘာ္ေက်းရြာက ေဒသခံျပည္သူတစ္ဦးေျပာျပခ်က္အရ သိရပါတယ္။

” သမီးလွရြာေဟာင္းမွာ အခုဆိုရင္ အိမ္အလံုး ၁၀ ေလာက္မီးေလာင္ေနတယ္။ အေနာက္ေတာင္ေထာင့္က စေလာင္ေနတာ။ တိုက္ပြဲကလည္း မၿပီးေသးဘူး။ ဇက္ေရယာဥ္ကလည္း ပစ္တယ္။ တပ္မေတာ္ဖက္က သမီးလွရြာသစ္မွာ႐ွိတဲ့ စစ္ေၾကာင္းကလည္း ပစ္တယ္။ အခုေလာင္ေနတုန္းပဲ ႐ွိတယ္။ ” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ငစံေဘာ္ေက်းရြာက ေဒသခံလူႀကီးတစ္ဦးကေျပာပါတယ္။

တပ္မေတာ္ဖက္က ဇက္ေရယာဥ္နဲ႔ ရေသ့ေတာင္ၿမိဳ႕မွာ႐ွိတဲ့ တပ္ရင္းေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြရဲ႕ သတင္းေပးပို႔ခ်က္အရ သိရပါတယ္။

တပ္မေတာ္နဲ႔ေအေအတို႔ဟာ ဒီကေန႔ေနလယ္ ၂ နာရီခန္႔က ရေသ့ေတာင္ၿမိဳ႕နယ္ သမီးလွရြာေဟာင္းနဲ႔ ရြာသစ္ဖက္မွာ တိုက္ပြဲျဖစ္မျဖစ္ တပ္မေတာ္နဲ႔ ေအေအ ေျပာေရးဆိုခြင့္႐ွိတဲ့ပုဂၢိဳလ္ေတြကို ဆက္သြယ္ေနဆဲ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #လက္နက္ႀကီးငယ္ပစ္ခတ္မွဳ #ေနအိမ္အခ်ိဳ႕မီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW