လူငယ်ထိမ်းသိမ်းရေးကျောင်းက ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေးတယောက် ဆေးရုံမှာ အသက်အန္တရာယ်စိုးရိမ်ရ

လူငယ်ထိမ်းသိမ်းရေးကျောင်းက ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေးတယောက် ဆေးရုံမှာ အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေး၊ သြဂုတ်- ၅- ၂၀၂၀
မှူးသခင်(VOM)

မန္တလေးလူငယ် ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေ လွန်ခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ က ထွက်ပြေးလို့ရိုက်နှက်ခံရတဲ့ ကလေး၅ယောက်အဖွဲ့ထဲက ခိုင်ဇော်ထွန်း အသက် (၁၈)နှစ်ဟာ မန္တလေးဆေးရုံကြီးမှာတတ်ရောက်နေရပြီး ကျန်းမာရေး အခြေအနေ ကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကလေးရဲ့မိခင် ဖြစ်သူဒေါ်ခင်ချို က ပြောပါတယ်။

“ကလေးရဲ့ကျန်းမာရေးအခြေအနေက စိုးရိမ်ရတယ် အသံတွေလဲတုန်ပြီး စိုးရိမ်ရတဲ့ အခြေအနေကိုရောက်နေတယ် ဒဏ်ရာတွေကလဲညိုမဲလို့ ကလေးက ခါးလည်းကျိုး သွားတယ် လည်ချောင်းလဲကွဲနေတာ အဆုပ်မှာလဲထိတယ် ခေါင်းလဲဓာတ်မှန်ရိုက်ထား ရတာ ဒီနေ့မသိရမှာလို့” ဒေါ်ခင်ချိုကပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ လုရက်မှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့ ကလေး၇ယာက်ဟာ မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းကို မုံရွာမြို့ကနေ ဂျူလိုင်၂၆ရက်နေ့ကရောက်ရှိခဲပြီး ဇူလိုင်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် ထမင်းစားလွှတ်ချိန်လောက်မှာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ် ။

ဆေးရုံတက်ရောက်နေရတဲ့ကလေးကို မိခင်ဖြစ်သူကမေးကြည့်ရာမှာတော့ “သားကိုဆရာတွေကရိုက်တယ် ဘယ်ဆရာတွေလဲတော့မမှတ်မိဘူး သားတို့ကိုကျောပေးပြီးတော့ပိုက်နဲ့ရိုက်တယ် လက်သီးတွေနဲ့လဲထိုးတယ် “ပြောတယ်လို့ ဒေါ်ခင်ချိုက ပြောပါတယ်။

မောင်ခိုင်ဇော်ထွန်းကတော့ မန္တလေးဆေးရုံကြီးမှာ တတ်ရောက် ဆေးကုသ နေရပြီး လက်ရှိအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာရှိတယ်လို့ သူ့ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့တုန်းကလည်း ထွက်ပြေးခဲ့တဲ့ကျောင်းသား ၅ ယောက်ထဲက မောင်ပြည့်ဖြိုးမောင် အသက်(၁၇)နှစ်ဟာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မန္တလေးလူငယ်ထိမ်းသိမ်းရေးစခန်းက တာဝန်ရှိသူကိုဆက်မေးမြန်းရာမှာတော့”ကျွန်တော်တို့လူကြီးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူ့ကိုမ မဖြေကြားပါနဲ့လို့ညွှန်ကြားထားပါတယ်၊ မိဘတွေအနေနဲ့ကလည်းအကုန်လုံးကျေနပ်သွားပါပြီ၊ အကုန်လုံးပြီးသွားရင် ကျွန်တော်ရှင်းပြပါမယ် ” လို့ပြောပါတယ်

#VoiceofMyanmar #VOM #လူငယ်သင်တန်းကျောင်း #ရိုက်နှက်မှု

Zawgyi

လူငယ္ထိမ္းသိမ္းေရးေက်ာင္းက ထြက္ေျပးလို႔႐ိုက္ႏွက္ခံရတဲ့ ကေလးတေယာက္ ေဆး႐ုံမွာ အသက္အႏၲရာယ္စိုးရိမ္ရ

မႏၲေလး၊ ၾသဂုတ္- ၅- ၂၀၂၀
မႉးသခင္(VOM)

မႏၲေလးလူငယ္ ထိမ္းသိမ္းေရးသင္တန္းေက်ာင္းကေန လြန္ခဲ့တဲ့ ဇူလိုင္လ ၃၁ ရက္ေန႔ က ထြက္ေျပးလို႔႐ိုက္ႏွက္ခံရတဲ့ ကေလး၅ေယာက္အဖြဲ႕ထဲက ခိုင္ေဇာ္ထြန္း အသက္ (၁၈)ႏွစ္ဟာ မႏၲေလးေဆး႐ုံႀကီးမွာတတ္ေရာက္ေနရၿပီး က်န္းမာေရး အေျခအေန ကေတာ့ အသက္အႏၲရာယ္စိုးရိမ္ရတယ္လို႔ ကေလးရဲ႕မိခင္ ျဖစ္သူေဒၚခင္ခ်ိဳ က ေျပာပါတယ္။

“ကေလးရဲ႕က်န္းမာေရးအေျခအေနက စိုးရိမ္ရတယ္ အသံေတြလဲတုန္ၿပီး စိုးရိမ္ရတဲ့ အေျခအေနကိုေရာက္ေနတယ္ ဒဏ္ရာေတြကလဲညိဳမဲလို႔ ကေလးက ခါးလည္းက်ိဳး သြားတယ္ လည္ေခ်ာင္းလဲကြဲေနတာ အဆုပ္မွာလဲထိတယ္ ေခါင္းလဲဓာတ္မွန္႐ိုက္ထား ရတာ ဒီေန႔မသိရမွာလို႔” ေဒၚခင္ခ်ိဳကေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ လုရက္မႈနဲ႔ဖမ္းဆီးခံခဲ့ရတဲ့ ကေလး၇ယာက္ဟာ မႏၲေလးလူငယ္ထိမ္းသိမ္းေရးစခန္းကို မုံ႐ြာၿမိဳ႕ကေန ဂ်ဴလိုင္၂၆ရက္ေန႔ကေရာက္ရွိခဲၿပီး ဇူလိုင္လ ၃၁ ရက္ေန႔ ေန႔လည္ ၁၂ နာရီဝန္းက်င္ ထမင္းစားလႊတ္ခ်ိန္ေလာက္မွာ ထြက္ေျပးခဲ့တာ ျဖစ္ပါတယ္ ။

ေဆး႐ုံတက္ေရာက္ေနရတဲ့ကေလးကို မိခင္ျဖစ္သူကေမးၾကည့္ရာမွာေတာ့ “သားကိုဆရာေတြက႐ိုက္တယ္ ဘယ္ဆရာေတြလဲေတာ့မမွတ္မိဘူး သားတို႔ကိုေက်ာေပးၿပီးေတာ့ပိုက္နဲ႔႐ိုက္တယ္ လက္သီးေတြနဲ႔လဲထိုးတယ္ “ေျပာတယ္လို႔ ေဒၚခင္ခ်ိဳက ေျပာပါတယ္။

ေမာင္ခိုင္ေဇာ္ထြန္းကေတာ့ မႏၲေလးေဆး႐ုံႀကီးမွာ တတ္ေရာက္ ေဆးကုသ ေနရၿပီး လက္ရွိအေျခအေနမွာ အသက္အႏၲရာယ္ စိုးရိမ္ဖြယ္ရာရွိတယ္လို႔ သူ႔ရဲ႕မိခင္ျဖစ္သူက ေျပာပါတယ္။
ဇူလိုင္လ ၃၁ ရက္ေန႔တုန္းကလည္း ထြက္ေျပးခဲ့တဲ့ေက်ာင္းသား ၅ ေယာက္ထဲက ေမာင္ျပည့္ၿဖိဳးေမာင္ အသက္(၁၇)ႏွစ္ဟာ ေသဆုံးခဲ့တာျဖစ္ပါတယ္။

အဲ့ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး မႏၲေလးလူငယ္ထိမ္းသိမ္းေရးစခန္းက တာဝန္ရွိသူကိုဆက္ေမးျမန္းရာမွာေတာ့”ကြၽန္ေတာ္တို႔လူႀကီးေတြက ဒီကိစၥနဲ႔ပတ္သက္ၿပီးဘယ္သူ႔ကိုမ မေျဖၾကားပါနဲ႔လို႔ၫႊန္ၾကားထားပါတယ္၊ မိဘေတြအေနနဲ႔ကလည္းအကုန္လုံးေက်နပ္သြားပါၿပီ၊ အကုန္လုံးၿပီးသြားရင္ ကြၽန္ေတာ္ရွင္းျပပါမယ္ ” လို႔ေျပာပါတယ္

#VoiceofMyanmar #VOM #လူငယ္သင္တန္းေက်ာင္း #႐ိုက္ႏွက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW