နေပြည်တော်ကို ရခိုင်ပြည်နယ်နဲ့ ပြည်ပကလာသူတွေ မဖြစ်မနေ Quarantine ဝင်ရမယ်

နေပြည်တော်ကို ရခိုင်ပြည်နယ်နဲ့ ပြည်ပကလာသူတွေ မဖြစ်မနေ Quarantine ဝင်ရမယ် နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀ ကိုလတ် (VOM) နေပြည်တော်ကို ရခိုင်ပြည်နယ်နဲ့ ပြည်ပက ပြန်လာသူတွေဆိုရင် မဖြစ်မနေ Quarantine ဝင်ရမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ “သတ်မှတ်ထားတာကတော့ ကျန်းမာရေးဝန်ကြီးဌာနက Home Stay သတ်မှတ်ထားတဲ့ မြို့နယ်တွေကလာရင် Quarantine ဝင်ရမှာဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ် တစ်ခုလုံးကို Stay Home သတ်မှတ်ထားတော့ ရခိုင်ပြည်နယ်ကလာရင် Quarantine ဝင်ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ရန်ကုန်တို့ မန္တလေးတို့က Stay Homeထဲ မပါသေးပါဘူး၊ ပြည်ပက ပြန်လာရင်လည်း နေပြည်တော်မှာ Quarantine ဝင်ရမှာ ဖြစ်ပါတယ်”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။ နေပြည်တော်လာမယ့်သူတွေဟာ ကျန်းမာရေးထောက်ခံစာ မလိုအပ်ပေမယ့် အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့…

Read More

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအခြေအနေ သိရှိဖို့အတွက် စစ်တွေမြို့က လူ ၁၂၀၀ခန့်ကို သွေးနမူနာရယူစစ်ဆေး

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအခြေအနေ သိရှိဖို့အတွက် စစ်တွေမြို့က လူ ၁၂၀၀ခန့်ကို သွေးနမူနာရယူစစ်ဆေး ရန်ကုန်၊ ဩဂုတ် ၃၁-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ပြည်နယ်မှာ Covid-19 ရောဂါ ပြည်တွင်းကူစက်မှုကိုသိရှိနိုင်ဖို့အတွက် ရောဂါကူးစက်နိုင်ခြေများတဲ့ လူအုပ်စုတွေကို သွေးနမူနာ ရယူစစ်ဆေးမှု စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ရခိုပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။ သွေးနမူနာ ရယူစစ်ဆေးမှုကို ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့ကနေ့စတင်ပြီး စက်တင်ဘာလ ၅ ရက်နေ့အထိ ၆ ရက်အကြာ ရယူမှာဖြစ်ပြီး ဒီကနေ့မှာတော့ ကျန်းမာရေးဝန်ထမ်း ၂၆၀ ကို သွေးနမူနာရယူတယ်လို့ သိရပါတယ်။ ” ပြည်တွင်းကူးစက်မှုအခြေအနေကို သိရှိနိုင်ဖို့ ကျပန်းသွေးနမူနာဖောက်တာပါ။ စစ်တွေက အားလုံး လူ ၁၂၀၀ လောက်အထိ လုပ်ဖို့ရည်ရွယ်ထားပါတယ်။ မနက်ဖန်မှာ စစ်တွေမြို့မဈေးကိုသွားမယ်၊ အတည်ပြုလူနာ အများဆုံးတွေ့ရှိထားတဲ့ရပ်ကွက် ၅ ခုက…

Read More

ပြည်သူတွေလက်မခံတာကြောင့် တရုတ်ဆီက ရေငုပ်သင်္ဘောတွေဝယ်ယူရေး ထိုင်းအစိုးရ ဆိုင်းငံ့

ပြည်သူတွေလက်မခံတာကြောင့် တရုတ်ဆီက ရေငုပ်သင်္ဘောတွေဝယ်ယူရေး ထိုင်းအစိုးရ ဆိုင်းငံ့ ဘန်ကောက်၊ သြဂုတ် ၃၁-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံစီးပွားရေး ကြပ်တည်းမှုတွေဖြစ်ပေါ်နေချိန်မှာ အငြင်းပွားဖွယ် သဘောတူညီချက်တစ်ခုအပေါ် အများပြည်သူတွေက အမျက်ဒေါသထွက်ပြီး လက်မခံတာကြောင့် တရုတ်နိုင်ငံကနေ ဒေါ်လာ ၇၂၄ သန်းတန်ဖိုးရှိ ရေငုပ်သင်္ဘောနှစ်စင်းဝယ်ယူမယ့်ကိစ္စကို ထိုင်းအစိုးရက ဆိုင်းငံ့လိုက်ပါတယ်။ ၂၀၁၅ ခုနှစ်သင်္ဘောတူညီချက်အရ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံကနေ ရေငုပ်သင်္ဘောတွေနဲ့ ရေတပ်သုံးပစ္စည်းတွေကို ပထမဆုံးဝယ်ယူတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပြီး ဝယ်ယူရေးကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ်သဘောတူခဲ့ကာ ၂၀၂၃ ခုနှစ်မှာတော့ ပထမဆုံးရေငုပ်သင်္ဘောကို လက်ခံရရှိမှာဖြစ်ပါတယ်။ ဒေါ်လာ ၇၂၄ သန်းတန်ဖိုးရှိ နောက်ထပ်သင်္ဘောနှစ်စင်း ဝယ်ယူရေးနဲ့ပတ်သက်ပြီး ပါလီမန်ဆပ်ကော်မတီက အခုလအစောပိုင်းမှာ ခွင့်ပြုခဲ့ပေမယ့် နိုင်ငံအတွင်း စီးပွားရေးကြပ်တည်းနေစဉ်မှာ ဒီလုပ်ဆောင်ချက်ကြောင့် အများပြည်သူတွေ အမျက်ဒေါသထွက်ခဲ့ကြပါတယ်။ ဒီကိစ္စအပေါ် ဒေါသထွက်နေကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ ဝယ်ယူရေးသဘောတူညီချက်အပေါ်…

Read More

အလုပ်ရှင်ထွက်ပြေးတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၂၇၀သာရရှိတဲ့အတွက် လေလံပွဲပျက်

အလုပ်ရှင်ထွက်ပြေးတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၂၇၀သာရရှိတဲ့အတွက် လေလံပွဲပျက် ရန်ကုန်၊သြဂုတ် ၃၁-၂၀၂၀ အေးချမ်းသူ(VOM) အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့ ရွှေလင်းဗန်းစက်ရုံအတွင်း SU Xing အထည်ချုပ်စက်ရုံကပစ္စည်းတွေကို ဒီကနေ့မနက်ပိုင်းမှာပဲ လေလံတင်ရောင်းချခဲ့ရာ ဈေးအဆမတန်နှိမ်ပြီး ကျပ်သိန်းပေါင်း၂၇၀သာရရှိခဲ့တာကို အလုပ်သမားတွေက ကျေနပ်မှုမရှိတဲ့အတွက် လေလံပွဲပျက်သွားခဲ့ရတယ်လို့ အလုပ်သမားသမဂ္ဂများပူပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU) အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းကပြောပါတယ်။ “စက်ပစွည်းတွေက အသစ်တွေ၊ ဥပမာ ဈေး၁၂၀တန်ဆိုရင် ၆၀၊ အပ်ချုပ်စက်တစ်လုံးကို ၅သိန်းတန်ရင် ၂သိန်းဆိုတော့ အလုပ်သမားတွေက မကျေနပ်ဘူး၊ ဒါကြောင့်လေလံပွဲပျက်သွားတာပါ”လို့ ဦးရဲဝင်းနိုင်ကပြောပါတယ်။ SuXingအထည်ချုပ်စက်ရုံက စက်ရုံဝန်ထမ်း မခင်လပြည့်ဝန်းပြောပြတာကတော့ “လေလံတင်ရောင်းချတာ သိန်း၂၇၀နဲ့ဖြတ်လိုက်တယ်။ ကျွန်မတို့က မကျေနပ်ဘူး။ ကျွန်မတို့ရမယ့် လုပ်ခတောင် သိန်း ၆၀၀ကျော်ရှိတယ်။ ဒါတောင်နစ်နာကြေးမပါဘူး”လို့ ပြောပါတယ်။ အဲ့ဒီလေလံတင်ရောင်းချပွဲကို ဒီကနေ့မနက်ပိုင်းက လှိုင်သာယာ၊ရွှေလင်ဗန်းစက်ရုံရှိ SuXingအထည်ချုပ်စက်ရုံမှာ ပြုလုပ်ခဲ့ပြီး လေလံတင်ရောင်းချရာမှာ ဝယ်ယူသူ၅ဦးရှိခဲ့ပြီး ကြမ်းခင်းဈေး သိန်း ၁၅၀ကနေ…

Read More

ကူးစက်မြန်သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး အင်ဒိုနီရှားမှာတွေ့

ကူးစက်မြန်သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး အင်ဒိုနီရှားမှာတွေ့ ဂျကာတာ၊ သြဂုတ်-၃၁-၂၀၂၀ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေချိန် လက်ရှိအခြေအနေထက် ကူးစက်မြန်တဲ့ ဗိုင်းရပ်စ်သစ်တစ်မျိုးကို တွေ့ရှိထားတယ်လို့ ဂျကာတာအခြေစိုက် Eijkman Institute for Molecular Biology က သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံအတွင်းမှာ သြဂုတ် ၃၀ ရက်နေ့တစ်နေ့တည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၅၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ ယမန်နေ့က စံချိန်တင်ကူးစက်ခံရတဲ့ ၃၃၀၈ ဦးထက်နည်းပါးပေမယ့်လည်း လွန်ခဲ့တဲ့လက နေ့စဉ်ပျမ်းမျှကူးစက်မှုထက် မြင့်မားနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၂၀၅၃ ဦးရှိပြီး သေဆုံးသူမှာ ၇၃၄၃ ဦးထိရှိနေပါတယ်။ Eijkman Institute for Molecular Biology ကနေ စုဆောင်းထားတဲ့ ဗိုင်းရပ်စ်နမူနာတွေမှာ ကူးစက်မှုမြန်ဆန်ပြီး ပိုမိုအားနည်းတဲ့ D614G…

Read More

ကယားဝန်ကြီးချုပ်ကို အချက် ၅ ချက်နဲ့ စစ်ဆေး‌ပေးဖို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆို

ကယားဝန်ကြီးချုပ်ကို အချက် ၅ ချက်နဲ့ စစ်ဆေး‌ပေးဖို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆို နေပြည်တော်၊ဩဂုတ် ၃၁-၂၀၂၀ ကောင်းလက်ျာ(VOM) ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ပြည်နယ်အမတ်လေးပုံတစ်ပုံက စွပ်စွဲ ပြစ်တင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အချက် ၅ ချက်ကို စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းပေါင်း၂၀ ကျော်က ဒီကနေ့ဩဂုတ်လ၃၁ ရက်နေ့ ရက်စွဲနဲ့ ပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်အစိုးရဆီကို စာရေးသားပေးပို့တောင်းဆိုခဲ့တယ်လို့ ဦးဆောင်ပေးပို့သူ ခွန်ဘားနဒ်ဘုတ်က ပြောပါတယ်။ “စစ်ဆေးရေးအဖွဲ့ဆီကို လာရောက်အစစ်ဆေးမခံတာကိုလည်း ကန့်ကွက်တယ်။မြေယာကိစ္စတွေ သတ္တုတူးဖော်ရေးနဲ့ အခြား ပစ္စည်းဝယ်ယူရေးကိစ္စတွေကို သေချာစစ်ဆေးပေးဖို့နဲ့ ဝန်ကြီးချုပ်ကလည်း ပွင့်လင်းမြင်သာစွာ အစစ်ခံပေးဖို့တောင်းဆိုတာပါ” လို့ ခွန်ဘားနဒ်ဘုတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပေမယ့် ဝန်ကြီးချုပ်က လာရောက်အစစ်ဆေးမခံတာ‌ကြောင့် ရပ်ဆိုင်းလိုက်ရတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်ကပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို လာရောက်အစစ်ဆေးခံဖို့ဩဂုတ်၂၅ ရက်‌နေ့က‌နေစတင်ပြီး အကြိမ်ကြိမ်…

Read More

ရခိုင်က ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံကို အေအေနဲ့ ဆက်နွယ်တယ်ဆိုပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း ပယ်ဖျက်ခံရ

ရခိုင်က ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံကို အေအေနဲ့ ဆက်နွယ်တယ်ဆိုပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း ပယ်ဖျက်ခံရ ကျောက်ဖြူ၊ ဩဂုတ် ၃၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အမည်စားတင်သွင်းထားတာကို အေအေအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်တဲ့အတွက် ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့ ဦးဖိုးစံက ပြောပါတယ်။ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံရဲ့သားဖြစ်သူ တပ်မတော်က ဗိုလ်မှူးအောင်မြင့်စိုးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေချိန် တပ်ကနေ ခွင့်မဲ့ပျက်ကွက်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ကြည့်တဲ့အခါ အေအေအဖွဲ့ကို ရောက်သွားတာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ ငြိတဲ့အတွက် ကိုယ်စားလှယ်စာရင်းက ပယ်ဖျက်ဖို့အတွက် အသိပေးတာဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောတယ်လို့ ဦးဖိုးစံက ပြောပါတယ်။ ဦးဖိုးစံဟာ ရခိုင်အမျိုးသားပါတီ(ANP)က ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ ” ရွေးကောက်ပွဲ…

Read More

နေပြည်တော်မှာ ကိုဗစ်-၁၉ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိ

နေပြည်တော်မှာ ကိုဗစ်-၁၉ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိ နေပြည်တော်၊ သြဂုတ် ၃၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) နေပြည်တော်မှာ ကိုဗစ်နိုင်တင်းကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိဘူးလို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ပြောပါတယ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့က COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ (Case – 659) အသက် ၂၁ နှစ်အ ရွယ် အမျိုးသမီးဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ရာထူးဝင်စာမေးပွဲဖြေကြားခဲ့တာဖြစ်တယ်လို့ မနေ့က နေပြည်တော ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးဟာ နေပြည်တော်ကိုရောက်ရှိချိန်မှာ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်တွေမှာရှိတဲ့ အစိုးရဝန်ထမ်းအချို့နဲ့အတူ နေထိုင်၊ သွားလာမှုတွေရှိခဲ့ပါတယ်။ “အဲ့ဒီ Contact ၃ ယောက် မီးသတ်ကသုံးယောက်ရယ်၊ ပျဉ်းမနားဆေးရုံမှာရှိတဲ့ ယာဉ်မောင်း သုံးယောက်ရယ်၊ အဲ့ဒါတွေ အားချင်း မနေ့က ကုတင် ၁၀၀၀ မှာ…

Read More

ပဲခူးမြို့မှာ ခိုးဝင်တရုတ်နိုင်ငံသား (၇)ဦးဖမ်းမိ

ပဲခူးမြို့မှာ ခိုးဝင်တရုတ်နိုင်ငံသား (၇)ဦးဖမ်းမိ နေပြည်တော်၊ဩဂုတ် ၃၁-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့လမ်းဆုံအနီးမှာ မနေ့ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းက Alphard အမျိုးအစားကားတစ်စီးနဲ့ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့‌ခေါ်‌ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရာကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။ ” တရုတ်တွေကို အလုပ်ရမယ်ဆိုပြီးခေါ်လာတာပါ။ ပွဲစားကိ‌ုတော့ မမိလိုက်ဘူး။ တရုတ် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ဦး၊ ကားသမားနဲ့စပါယ်ယာကို ဖမ်းမိထားတယ်”လို့ ဘုရားကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး အဆင့်ရှိသူတစ်ဦးက ပြောပါတယ်။ ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံအနီးမှာ လဝကနဲ့ နယ်‌မြေခံရဲစခန်းက တာဝန်ရှိသူတွေဟာ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေချိန် အမြန်လမ်းဘက်ကနေမောင်းလာတဲ့ ALPHARDအမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ တရားဝင်အထာက်အထားမပါတဲ့ ခိုးဝင် တရုတ်နိုင်ငံသားတွေကို ဖမ်းမိထားတာဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ တရုတ်နိုင်ငံသားတွေဟာ ယူနန်ပြည်နယ်ကျေးရွာအချို့မှာနေထိုင်တဲ့ ယန်ပင်း(၃၅ နှစ်) ၊ကျောင်းကျားလောင်(၁၈ နှစ်)၊…

Read More

အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်နေ့တည်း ကမ္ဘာ့စံချိန်တင်

အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်နေ့တည်း ကမ္ဘာ့စံချိန်တင် ဒေလီ၊ သြဂုတ်-၃၀-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါကူးစက်ပံျံ့နှံ့မှုရဲ့ ဗဟိုချက်ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တည်းစံချိန်တင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက သြဂုတ် ၃၀ ရက်မှာပြောပါတယ်။ ကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တည်း ၇၈၇၆၁ ဦးရှိပြီး ဇူလိုင် ၁၆ ရက်က အမေရိကန်မှာ စံချိန်တင်ခဲ့တဲ့ တစ်နေ့တည်းကူးစက်ခံရသူ ၇၇၂၉၉ ဦးထက်ကို ကျော်လွန်သွားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဟာ ၃ ဒသမ ၅၄ သန်းရှိနေပြီး အမေရိကန်၊ ဘရာဇီးနိုင်ငံတို့ပြီးရင် ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃ အဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် နေ့စဉ်ကူးစက်မှုနှုန်းမှာတော့ အဲဒီနှစ်နိုင်ငံထက် အိန္ဒိယနိုင်ငံက သာလွန်နေပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ ၆၃၄၉၈ ဦးရှိနေပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက…

Read More
VOM News

FREE
VIEW