အလုပ်ရှင်ထွက်ပြေးတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၂၇၀သာရရှိတဲ့အတွက် လေလံပွဲပျက်

အလုပ်ရှင်ထွက်ပြေးတဲ့ အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၂၇၀သာရရှိတဲ့အတွက် လေလံပွဲပျက်

ရန်ကုန်၊သြဂုတ် ၃၁-၂၀၂၀
အေးချမ်းသူ(VOM)

အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့ ရွှေလင်းဗန်းစက်ရုံအတွင်း SU Xing အထည်ချုပ်စက်ရုံကပစ္စည်းတွေကို ဒီကနေ့မနက်ပိုင်းမှာပဲ လေလံတင်ရောင်းချခဲ့ရာ ဈေးအဆမတန်နှိမ်ပြီး ကျပ်သိန်းပေါင်း၂၇၀သာရရှိခဲ့တာကို အလုပ်သမားတွေက ကျေနပ်မှုမရှိတဲ့အတွက် လေလံပွဲပျက်သွားခဲ့ရတယ်လို့ အလုပ်သမားသမဂ္ဂများပူပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU) အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းကပြောပါတယ်။

“စက်ပစွည်းတွေက အသစ်တွေ၊ ဥပမာ ဈေး၁၂၀တန်ဆိုရင် ၆၀၊ အပ်ချုပ်စက်တစ်လုံးကို ၅သိန်းတန်ရင် ၂သိန်းဆိုတော့ အလုပ်သမားတွေက မကျေနပ်ဘူး၊ ဒါကြောင့်လေလံပွဲပျက်သွားတာပါ”လို့ ဦးရဲဝင်းနိုင်ကပြောပါတယ်။

SuXingအထည်ချုပ်စက်ရုံက စက်ရုံဝန်ထမ်း မခင်လပြည့်ဝန်းပြောပြတာကတော့ “လေလံတင်ရောင်းချတာ သိန်း၂၇၀နဲ့ဖြတ်လိုက်တယ်။ ကျွန်မတို့က မကျေနပ်ဘူး။ ကျွန်မတို့ရမယ့် လုပ်ခတောင် သိန်း ၆၀၀ကျော်ရှိတယ်။ ဒါတောင်နစ်နာကြေးမပါဘူး”လို့ ပြောပါတယ်။

အဲ့ဒီလေလံတင်ရောင်းချပွဲကို ဒီကနေ့မနက်ပိုင်းက လှိုင်သာယာ၊ရွှေလင်ဗန်းစက်ရုံရှိ SuXingအထည်ချုပ်စက်ရုံမှာ ပြုလုပ်ခဲ့ပြီး လေလံတင်ရောင်းချရာမှာ ဝယ်ယူသူ၅ဦးရှိခဲ့ပြီး ကြမ်းခင်းဈေး သိန်း ၁၅၀ကနေ စတင်သတ်မှတ်ခဲ့ပြီး သိန်း၂၇၀နဲ့ ဈေးဖြတ်ခဲ့တာဖြစ်တယ်လို့ စက်ရုံဝန်ထမ်းတွေကပြောပါတယ်။

အလုပ်ရှင်ထွက်ပြေးသွားသော.SuXing အထည်ချုပ်စက်ရုံမှာ အလုပ်သမားဦးရေ ၃၁၂ဦးရှိပြီး အခုရရှိတဲ့ သိန်းပေါင်း၂၇၀ကလည်း အလုပ်သမားတစ်ဦးကို ငွေကျပ် ခုနှစ်သောင်းကျော်သာရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Su Xing အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား အလုပ်ရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၅ရက်က ထွက်ပြေးသွားခဲ့တာဖြစ်ပြီး အလုပ်သမားတွေမှာတော့ ဖေဖော်ဝါရီလလုပ်ခလစာအပြင် နစ်နာကြေးတွေကိုပါတွက်ချက်မယ်ဆိုရင် သိန်း၁၇၀၀ပေးရမှာဖြစ်တယ်လို့ SuXingအထည်ချုပ်စက်ရုံက စက်ရုံဝန်ထမ်း မခင်လပြည့်ဝန်းကရှင်းပြပါတယ်။

အခုလက်ရှိ အလုပ်သမားတွေဟာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးတိုင်ပင်နေတဲ့အပြင် SuXingအထည်ချုပ်စက်ရုံလေလံတင်ရောင်းချမှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ အလုပ်ရှင်ထွက်ပြေးသွားတဲ့ ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Royal Apoloအထည်ချုပ်စက်ရုံကလည်း လာမယ့်စက်တင်ဘာ ၃ရက်နေ့မှာ လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အလုပ္ရွင္ထြက္ေျပးတဲ့ အထည္ခ်ဳပ္စက္႐ုံကို ေလလံတင္ေရာင္းခ်ရာ သိန္း၂၇၀သာရရွိတဲ့အတြက္ ေလလံပြဲပ်က္

ရန္ကုန္၊ၾသဂုတ္ ၃၁-၂၀၂၀
ေအးခ်မ္းသူ(VOM)

အလုပ္သမားေတြကို လုပ္ခလစာမေပးဘဲ အလုပ္ရွင္ထြက္ေျပးသြားတဲ့ ေ႐ႊလင္းဗန္းစက္႐ုံအတြင္း SU Xing အထည္ခ်ဳပ္စက္႐ုံကပစၥည္းေတြကို ဒီကေန႔မနက္ပိုင္းမွာပဲ ေလလံတင္ေရာင္းခ်ခဲ့ရာ ေဈးအဆမတန္ႏွိမ္ၿပီး က်ပ္သိန္းေပါင္း၂၇၀သာရရွိခဲ့တာကို အလုပ္သမားေတြက ေက်နပ္မႈမရွိတဲ့အတြက္ ေလလံပြဲပ်က္သြားခဲ့ရတယ္လို႔ အလုပ္သမားသမဂၢမ်ားပူေပါင္းေဆာင္႐ြက္ေရးေကာ္မတီ(CCTU) အေထြေထြအတြင္းေရးမႉး ဦးရဲႏိုင္ဝင္းကေျပာပါတယ္။

“စက္ပစြည္းေတြက အသစ္ေတြ၊ ဥပမာ ေဈး၁၂၀တန္ဆိုရင္ ၆၀၊ အပ္ခ်ဳပ္စက္တစ္လုံးကို ၅သိန္းတန္ရင္ ၂သိန္းဆိုေတာ့ အလုပ္သမားေတြက မေက်နပ္ဘူး၊ ဒါေၾကာင့္ေလလံပြဲပ်က္သြားတာပါ”လို႔ ဦးရဲဝင္းႏိုင္ကေျပာပါတယ္။

SuXingအထည္ခ်ဳပ္စက္႐ုံက စက္႐ုံဝန္ထမ္း မခင္လျပည့္ဝန္းေျပာျပတာကေတာ့ “ေလလံတင္ေရာင္းခ်တာ သိန္း၂၇၀နဲ႔ျဖတ္လိုက္တယ္။ ကြၽန္မတို႔က မေက်နပ္ဘူး။ ကြၽန္မတို႔ရမယ့္ လုပ္ခေတာင္ သိန္း ၆၀၀ေက်ာ္ရွိတယ္။ ဒါေတာင္နစ္နာေၾကးမပါဘူး”လို႔ ေျပာပါတယ္။

အဲ့ဒီေလလံတင္ေရာင္းခ်ပြဲကို ဒီကေန႔မနက္ပိုင္းက လႈိင္သာယာ၊ေ႐ႊလင္ဗန္းစက္႐ုံရွိ SuXingအထည္ခ်ဳပ္စက္႐ုံမွာ ျပဳလုပ္ခဲ့ၿပီး ေလလံတင္ေရာင္းခ်ရာမွာ ဝယ္ယူသူ၅ဦးရွိခဲ့ၿပီး ၾကမ္းခင္းေဈး သိန္း ၁၅၀ကေန စတင္သတ္မွတ္ခဲ့ၿပီး သိန္း၂၇၀နဲ႔ ေဈးျဖတ္ခဲ့တာျဖစ္တယ္လို႔ စက္႐ုံဝန္ထမ္းေတြကေျပာပါတယ္။

အလုပ္ရွင္ထြက္ေျပးသြားေသာ.SuXing အထည္ခ်ဳပ္စက္႐ုံမွာ အလုပ္သမားဦးေရ ၃၁၂ဦးရွိၿပီး အခုရရွိတဲ့ သိန္းေပါင္း၂၇၀ကလည္း အလုပ္သမားတစ္ဦးကို ေငြက်ပ္ ခုႏွစ္ေသာင္းေက်ာ္သာရရွိမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Su Xing အထည္ခ်ဳပ္စက္႐ုံက တ႐ုတ္ႏိုင္ငံသား အလုပ္ရွင္ဟာ ၿပီးခဲ့တဲ့ မတ္လ ၅ရက္က ထြက္ေျပးသြားခဲ့တာျဖစ္ၿပီး အလုပ္သမားေတြမွာေတာ့ ေဖေဖာ္ဝါရီလလုပ္ခလစာအျပင္ နစ္နာေၾကးေတြကိုပါတြက္ခ်က္မယ္ဆိုရင္ သိန္း၁၇၀၀ေပးရမွာျဖစ္တယ္လို႔ SuXingအထည္ခ်ဳပ္စက္႐ုံက စက္႐ုံဝန္ထမ္း မခင္လျပည့္ဝန္းကရွင္းျပပါတယ္။

အခုလက္ရွိ အလုပ္သမားေတြဟာ အလုပ္သမားအဖြဲ႕အစည္းေတြနဲ႔ တိုင္ပင္ေဆြးေႏြးတိုင္ပင္ေနတဲ့အျပင္ SuXingအထည္ခ်ဳပ္စက္႐ုံေလလံတင္ေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္သြားမည္ျဖစ္တယ္လို႔လည္း သိရပါတယ္။

အလားတူ အလုပ္ရွင္ထြက္ေျပးသြားတဲ့ ေ႐ႊျပည္သာစက္မႈဇုန္ရွိ Myanmar Royal Apoloအထည္ခ်ဳပ္စက္႐ုံကလည္း လာမယ့္စက္တင္ဘာ ၃ရက္ေန႔မွာ ေလလံတင္ေရာင္းခ်သြားမွာျဖစ္တယ္လို႔ အလုပ္သမားေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW