ကယားဝန်ကြီးချုပ်ကို အချက် ၅ ချက်နဲ့ စစ်ဆေး‌ပေးဖို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆို

ကယားဝန်ကြီးချုပ်ကို အချက် ၅ ချက်နဲ့ စစ်ဆေး‌ပေးဖို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆို

နေပြည်တော်၊ဩဂုတ် ၃၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ပြည်နယ်အမတ်လေးပုံတစ်ပုံက စွပ်စွဲ ပြစ်တင်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အချက် ၅ ချက်ကို စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းပေါင်း၂၀ ကျော်က ဒီကနေ့ဩဂုတ်လ၃၁ ရက်နေ့ ရက်စွဲနဲ့ ပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်အစိုးရဆီကို စာရေးသားပေးပို့တောင်းဆိုခဲ့တယ်လို့ ဦးဆောင်ပေးပို့သူ ခွန်ဘားနဒ်ဘုတ်က ပြောပါတယ်။

“စစ်ဆေးရေးအဖွဲ့ဆီကို လာရောက်အစစ်ဆေးမခံတာကိုလည်း ကန့်ကွက်တယ်။မြေယာကိစ္စတွေ သတ္တုတူးဖော်ရေးနဲ့ အခြား ပစ္စည်းဝယ်ယူရေးကိစ္စတွေကို သေချာစစ်ဆေးပေးဖို့နဲ့ ဝန်ကြီးချုပ်ကလည်း ပွင့်လင်းမြင်သာစွာ အစစ်ခံပေးဖို့တောင်းဆိုတာပါ” လို့ ခွန်ဘားနဒ်ဘုတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပေမယ့် ဝန်ကြီးချုပ်က လာရောက်အစစ်ဆေးမခံတာ‌ကြောင့် ရပ်ဆိုင်းလိုက်ရတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်ကပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို လာရောက်အစစ်ဆေးခံဖို့ဩဂုတ်၂၅ ရက်‌နေ့က‌နေစတင်ပြီး အကြိမ်ကြိမ် စာရေးသားပေးပို့ ဆင့်ခေါ်‌ပေမယ့်လည်း ဝန်ကြီးချုပ်ကိုယ်တိုင်မလာဘဲ သူ့ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအံ့‌မော်ကိုသာ စေလွတ်ခဲ့တယ်လို့ သိရပါတယ်။

“သူကလည်း လာအစစ်ဆေးခံတာမျိုးထက် လာပြဿနာရှာသလိုမျိုးဖြစ်နေတယ်။ လူမစုံလို့ တစ်ခါပြောတယ်။ လူစုံတော့လည်း တရားမျှတမှာမဟုတ်ဖူးဆိုပြီးငြင်းတယ်”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်ကပြောပါတယ်။

အခုလိုစွပ်စွဲပြစ်တင်တဲ့ကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပုဒ်မ ၂၆၃(ခ)အရ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတင်ပြလာတဲ့အတွက် ဥက္ကဌ တစ်ဦး၊ အတွင်းရေးမှူးတစ်ဦးနဲ့ အဖွဲ့ဝင် သုံးဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို မြေယာပန်းခြံကိစ္စ ၊ ခရီးစဉ်တွေမှာ ပိုက်ဆံ‌ေ‌ပးဝေခြင်း၊ ဘာသာရေးဆိုင်ရာအလှူဒါနနဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေကို ပိုက်ဆံခွဲပေးခြင်းကိစ္စ၊ သတ္တုသန့်စင်ထုတ်လုပ်ရေးလုပ်ငန်းကိစ္စတွေကို စစ်ဆေးပေးဖို့အတွက် ကယားဒေသခံ အရပ်ဖက်အဖွဲ့စည်း၂၃ခုက သက်ဆိုင်ရာအဖွဲ့တွေကို စာရေးသားပေးပို့တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကယား

Zawgyi

ကယားဝန္ႀကီးခ်ဳပ္ကို အခ်က္ ၅ ခ်က္နဲ႔ စစ္ေဆး‌ေပးဖို႔ ေဒသခံအရပ္ဖက္အဖြဲ႕အစည္းေတြက ေတာင္းဆို

ေနျပည္ေတာ္၊ဩဂုတ္ ၃၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွဳိကို ျပည္နယ္အမတ္ေလးပုံတစ္ပံုက စြပ္စြဲ ျပစ္တင္ထားတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အခ်က္ ၅ ခ်က္ကို စုံစမ္းစစ္ေဆးေပးဖို႔ ေဒသခံ အရပ္ဖက္အဖြဲ႕အစည္းေပါင္း၂၀ ေက်ာ္က ဒီကေန႔ဩဂုတ္လ၃၁ ရက္ေန႔ ရက္စြဲနဲ႔ ျပည္နယ္လႊတ္ေတာ္႐ုံး၊ ျပည္နယ္အစိုးရဆီကို စာေရးသားေပးပို ႔ေတာင္းဆိုခဲ့တယ္လို႔ ဦးေဆာင္ေပးပို႔သူ ခြန္ဘားနဒ္ဘုတ္က ေျပာပါတယ္။

“စစ္ေဆးေရးအဖြဲ႕ဆီကို လာေရာက္အစစ္ေဆးမခံတာကိုလည္း ကန႔္ကြက္တယ္။ေျမယာကိစၥေတြ သတၱဳတူးေဖာ္ေရးနဲ႔ အျခား ပစၥည္းဝယ္ယူေရးကိစၥေတြကို ေသခ်ာစစ္ေဆးေပးဖို႔နဲ႔ ဝန္ႀကီးခ်ဳပ္ကလည္း ပြင့္လင္းျမင္သာစြာ အစစ္ခံေပးဖို႔ေတာင္းဆိုတာပါ” လို႔ ခြန္ဘားနဒ္ဘုတ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၀ရက္ေန႔ကလည္း စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းေပးခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္က လာေရာက္အစစ္ေဆးမခံတာ‌ေၾကာင့္ ရပ္ဆိုင္းလိုက္ရတယ္လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဥကၠဌ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ခူးသဲရယ္ကေျပာပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို လာေရာက္အစစ္ေဆးခံဖို႔ဩဂုတ္၂၅ ရက္‌ေန႔က‌ေနစတင္ၿပီး အႀကိမ္ႀကိမ္ စာေရးသားေပးပို႔ ဆင့္ေခၚ‌ေပမယ့္လည္း ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္မလာဘဲ သူ႔ကိုယ္စား ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးအံ့‌ေမာ္ကိုသာ ေစလြတ္ခဲ့တယ္လို႔ သိရပါတယ္။

“သူကလည္း လာအစစ္ေဆးခံတာမ်ိဳးထက္ လာျပႆနာရွာသလိုမ်ိဳးျဖစ္ေနတယ္။ လူမစုံလို႔ တစ္ခါေျပာတယ္။ လူစုံေတာ့လည္း တရားမွ်တမွာမဟုတ္ဖူးဆိုၿပီးျငင္းတယ္”လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ခူးသဲရယ္ကေျပာပါတယ္။

အခုလိုစြပ္စြဲျပစ္တင္တဲ့ကိစၥကို ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၅)၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ ဥပေဒပုဒ္မ ၂၆၃(ခ)အရ ျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္‌ ေလးပံုတစ္ပံုက လက္မွတ္ေရးထိုးတင္ျပလာတဲ့အတြက္ ဥကၠဌ တစ္ဦး၊ အတြင္းေရးမႉးတစ္ဦးနဲ႔ အဖြဲ႕ဝင္ သုံးဦးပါတဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔ကို ဖြဲ႕စည္းခဲ့တာလည္းျဖစ္ပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရိႈကို ေျမယာပန္းၿခံကိစၥ ၊ ခရီးစဥ္ေတြမွာ ပိုက္ဆံ‌ေ‌ပးေဝျခင္း၊ ဘာသာေရးဆိုင္ရာအလႉဒါနနဲ႔ စာေပယဥ္ေက်းမႈအဖြဲ႕ေတြကို ပိုက္ဆံခြဲေပးျခင္းကိစၥ၊ သတၱဳသန႔္စင္ထုတ္လုပ္ေရးလုပ္ငန္းကိစၥေတြကို စစ္ေဆးေပးဖို႔အတြက္ ကယားေဒသခံ အရပ္ဖက္အဖြဲ႕စည္း၂၃ခုက သက္ဆိုင္ရာအဖြဲ႔ေတြကို စာေရးသားေပးပို႔ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကယား

Related posts

Leave a Comment

VOM News

FREE
VIEW