ပြည်သူတွေလက်မခံတာကြောင့် တရုတ်ဆီက ရေငုပ်သင်္ဘောတွေဝယ်ယူရေး ထိုင်းအစိုးရ ဆိုင်းငံ့

ပြည်သူတွေလက်မခံတာကြောင့် တရုတ်ဆီက ရေငုပ်သင်္ဘောတွေဝယ်ယူရေး ထိုင်းအစိုးရ ဆိုင်းငံ့

ဘန်ကောက်၊ သြဂုတ် ၃၁-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံစီးပွားရေး ကြပ်တည်းမှုတွေဖြစ်ပေါ်နေချိန်မှာ အငြင်းပွားဖွယ် သဘောတူညီချက်တစ်ခုအပေါ် အများပြည်သူတွေက အမျက်ဒေါသထွက်ပြီး လက်မခံတာကြောင့် တရုတ်နိုင်ငံကနေ ဒေါ်လာ ၇၂၄ သန်းတန်ဖိုးရှိ ရေငုပ်သင်္ဘောနှစ်စင်းဝယ်ယူမယ့်ကိစ္စကို ထိုင်းအစိုးရက ဆိုင်းငံ့လိုက်ပါတယ်။

၂၀၁၅ ခုနှစ်သင်္ဘောတူညီချက်အရ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံကနေ ရေငုပ်သင်္ဘောတွေနဲ့ ရေတပ်သုံးပစ္စည်းတွေကို ပထမဆုံးဝယ်ယူတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပြီး ဝယ်ယူရေးကို ၂၀၁၇ ခုနှစ်မှာ အပြီးသတ်သဘောတူခဲ့ကာ ၂၀၂၃ ခုနှစ်မှာတော့ ပထမဆုံးရေငုပ်သင်္ဘောကို လက်ခံရရှိမှာဖြစ်ပါတယ်။

ဒေါ်လာ ၇၂၄ သန်းတန်ဖိုးရှိ နောက်ထပ်သင်္ဘောနှစ်စင်း ဝယ်ယူရေးနဲ့ပတ်သက်ပြီး ပါလီမန်ဆပ်ကော်မတီက အခုလအစောပိုင်းမှာ ခွင့်ပြုခဲ့ပေမယ့် နိုင်ငံအတွင်း စီးပွားရေးကြပ်တည်းနေစဉ်မှာ ဒီလုပ်ဆောင်ချက်ကြောင့် အများပြည်သူတွေ အမျက်ဒေါသထွက်ခဲ့ကြပါတယ်။

ဒီကိစ္စအပေါ် ဒေါသထွက်နေကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ ဝယ်ယူရေးသဘောတူညီချက်အပေါ် ဝေဖန်နေကြပြီး ပြည်သူတွေအနေနဲ့ ရေငုပ်သင်္ဘောတွေ မလိုချင်ဘူးလို့ လူမှုကွန်ရက်တွေပေါ်မှာ လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

ပြည်သူတွေရဲ့ မကျေနပ်မှုတွေကြောင့် နောက်ထပ်ရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူရေးနဲ့ပတ်သက်ပြီး ဆိုင်းငံ့ဖို့ကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ကာကွယ်ရေးဝန်ကြီးတို့က ရေတပ်ကို အကြောင်းကြားထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri သြဂုတ် ၃၁ ရက်မှာ ကြေညာလိုက်ပါတယ်။

သင်္ဘောတွေဝယ်ယူရေးနဲ့ပတ်သက်ပြီး နောက်ထပ်တစ်နှစ် ရွှေ့ဆိုင်းဖို့ ထိုင်းရေတပ်က တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Ref : CNA
Photo:AFP
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ျပည္သူေတြလက္မခံတာေၾကာင္႔ တရုတ္ဆီက ေရငုပ္သေဘၤာေတြ၀ယ္ယူေရး ထိုင္းအစိုးရ ဆိုင္းငံ႕

ဘန္ေကာက္၊ ၾသဂုတ္ ၃၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင္႔ နိုင္ငံစီးပြားေရး ၾကပ္တည္းမႈေတြျဖစ္ေပၚေနခ်ိန္မွာ အျငင္းပြားဖြယ္ သေဘာတူညီခ်က္တစ္ခုအေပၚ အမ်ားျပည္သူေတြက အမ်က္ေဒါသထြက္ျပီး လက္မခံတာေၾကာင္႔ တရုတ္နိုင္ငံကေန ေဒၚလာ ၇၂၄ သန္းတန္ဖိုးရိွ ေရငုပ္သေဘၤာနွစ္စင္း၀ယ္ယူမယ္႔ကိစၥကို ထိုင္းအစိုးရက ဆိုင္းငံ႔လိုက္ပါတယ္။

၂၀၁၅ ခုနွစ္သေဘၤာတူညီခ်က္အရ ထိုင္းနိုင္ငံဟာ တရုတ္နုိင္ငံကေန ေရငုပ္သေဘၤာေတြနဲ႔ ေရတပ္သံုးပစၥည္းေတြကို ပထမဆံုး၀ယ္ယူတဲ႔ ပထမဆံုးနိုင္ငံျဖစ္လာျပီး ၀ယ္ယူေရးကို ၂၀၁၇ ခုနွစ္မွာ အျပီးသတ္သေဘာတူခဲ႔ကာ ၂၀၂၃ ခုနွစ္မွာေတာ႔ ပထမဆံုးေရငုပ္သေဘၤာကို လက္ခံရရိွမွာျဖစ္ပါတယ္။

ေဒၚလာ ၇၂၄ သန္းတန္ဖိုးရိွ ေနာက္ထပ္သေဘၤာနွစ္စင္း ၀ယ္ယူေရးနဲ႔ပတ္သက္ျပီး ပါလီမန္ဆပ္ေကာ္မတီက အခုလအေစာပိုင္းမွာ ခြင္႔ျပဳခဲ႔ေပမယ္႔ နိုင္ငံအတြင္း စီးပြားေရးၾကပ္တည္းေနစဥ္မွာ ဒီလုပ္ေဆာင္ခ်က္ေၾကာင္႔ အမ်ားျပည္သူေတြ အမ်က္ေဒါသထြက္ခဲ႔ၾကပါတယ္။

ဒီကိစၥအေပၚ ေဒါသထြက္ေနၾကတဲ႔ ထိုင္းနိုင္ငံသားေတြဟာ ၀ယ္ယူေရးသေဘာတူညီခ်က္အေပၚ ေ၀ဖန္ေနၾကျပီး ျပည္သူေတြအေနနဲ႔ ေရငုပ္သေဘၤာေတြ မလိုခ်င္ဘူးလို႔ လူမႈကြန္ရက္ေတြေပၚမွာ လႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကပါတယ္။

ျပည္သူေတြရဲ႕ မေက်နပ္မႈေတြေၾကာင္႔ ေနာက္ထပ္ေရငုပ္သေဘၤာနွစ္စင္း ၀ယ္ယူေရးနဲ႔ပတ္သက္ျပီး ဆိုင္းငံ႕ဖို႔ကို ၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာနဲ႔ ကာကြယ္ေရး၀န္ၾကီးတို႔က ေရတပ္ကို အေၾကာင္းၾကားထားတယ္လို႔ အစိုးရေျပာေရးဆိုခြင္႔ရိွသူ Anucha Burapachaisri ၾသဂုတ္ ၃၁ ရက္မွာ ေၾကညာလိုက္ပါတယ္။

သေဘၤာေတြ၀ယ္ယူေရးနဲ႔ပတ္သက္ျပီး ေနာက္ထပ္တစ္နွစ္ ေရႊ႕ဆိုင္းဖို႔ ထိုင္းေရတပ္က တရုတ္နုိင္ငံနဲ႔ ညိွႏိႈင္းေဆြးေႏြးမႈေတြ ျပဳလုပ္သြားမယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

Ref : CNA
Photo:AFP
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW