ရခိုင်က ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံကို အေအေနဲ့ ဆက်နွယ်တယ်ဆိုပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း ပယ်ဖျက်ခံရ

ရခိုင်က ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံကို အေအေနဲ့ ဆက်နွယ်တယ်ဆိုပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်း ပယ်ဖျက်ခံရ

ကျောက်ဖြူ၊ ဩဂုတ် ၃၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အမည်စားတင်သွင်းထားတာကို အေအေအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်တဲ့အတွက် ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့ ဦးဖိုးစံက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံရဲ့သားဖြစ်သူ တပ်မတော်က ဗိုလ်မှူးအောင်မြင့်စိုးဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေချိန် တပ်ကနေ ခွင့်မဲ့ပျက်ကွက်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ကြည့်တဲ့အခါ အေအေအဖွဲ့ကို ရောက်သွားတာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ ငြိတဲ့အတွက် ကိုယ်စားလှယ်စာရင်းက ပယ်ဖျက်ဖို့အတွက် အသိပေးတာဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောတယ်လို့ ဦးဖိုးစံက ပြောပါတယ်။

ဦးဖိုးစံဟာ ရခိုင်အမျိုးသားပါတီ(ANP)က ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။

” ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၁၀(ဎ)မှာ သူတို့ပြောတာက တရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုကို ခိုင်လုံသောအထောက်အထားရှိသူဖြစ်ရမည်လို့ ပါတယ်လေ။ ကျနော်နဲ့က အဆက်အသွယ်မရှိဘူး။ ခိုင်လုံတဲ့ အထောက်အထားလည်း ဘာမှမရှိဘူး။” လို့ ရခိုင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံက ပြောပါတယ်။

ဦးဖိုးစံ ရဲ့သားဖြစ်သူဟာ အရင်က တပ်မတော်အမှတ်(၇၃) သံချပ်ကာတပ်မမှာ ဗိုလ်မှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေရာကနေ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက အေအေအဖွဲ့ကို ဝင်ရောက်သွားတာဖြစ်ပြီး သူဟာ တပ်မတော် စစ်တက္ကသိုလ်အပတ်စဉ် (၄၇) ဗိုလ်လောင်းသင်တန်းဆင်းတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကနေ ဦးဖိုးစံကို လာရောက်တွေ့ဆုံဖို့ခေါ်ကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ လာတဲ့စာကို ဖတ်ပြခဲ့တယ်လို့ ဦးဖိုးစံက ပြောပါတယ်။

” ခရိုင်ကော်မရှင်ရုံးမှာ ပြည်ထောင်စုကော်မရှင်က လာတဲ့စာကို ဖတ်ပြတယ်။ ဖတ်ပြတဲ့အခါမှာ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်ထားတာရှိတယ်။ ဦးဖိုးစံရဲ့သား ဗိုလ်မှူးအောင်မြင့်စိုးဟာ ၂၀၁၈ ခုနှစ် မတ်လက တပ်က ခွင့်မဲ့ပျက်ကွက်ပြီး ကင်းကွာနေတယ်။ အဲဒါကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းတဲ့အခါ အေအေတပ်ကို ရောက်သွားတယ်လို့ သိရှိရတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၁၀ (ဎ) နဲ့ ငြိစွန်းတယ်ဆိုပြီးတော့ ခရိုင်ကော်မရှင်က ဖတ်ပြတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်တယ်ဆိုပြီး အသိပေးတာလို့ ပြောတယ်။” လို့ ဦးဖိုးစံကပြောပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ပြီးခဲ့ ဩဂုတ်လ ၁၄ ရက်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့ပြီး ခရိုင်ကော်မရှင်နဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကပါကန့်ကွက်သူမရှိခဲ့ဘူးလို့ ဦးဖိုးစံက ပြောပါတယ်။

“ ဒီကိစ္စကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို စာတင်ရမယ်လို့ ဩဂုတ်လ ၂၂ ရက်နေ့က ခရိုင်ကော်မရှင်ရုံးမှာ ပြောတဲ့အခါ သူတို့က ပြည်နယ်ကိုလည်း တင်လို့မရဘူး။ ခရိုင်ကိုလည်း တင်လို့မရဘူး။ ပြည်ထောင်စုက လာတဲ့စာဖြစ်တဲ့အတွက် ပြည်ထောင်စုနဲ့ပဲ ဆက်သွယ်ရမယ်လို့ ပြောပါတယ်။ ခရိုင်ကော်မရှင်က အဲ့ဒီလိုငြင်းပါတယ်။ ကျနော်က ၂၄ ရက်နေ့မှာ ပြည်ထောင်စုကော်မရှင်ကို စာတင်တယ်။ ပြည်ထောင်စုကော်မရှင်က ၂၇ ရက်နေ့စာထွက်လာတယ်။ ၂၈ ရက်နေ့မှာ ခရိုင်ကော်မရှင်ရုံးကပို့လို့ အဲ့ဒီစာကိုရတယ်။ အဲ့ဒီစာမှာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပေးပါရန် ဦးဖိုစံက ၂၄ ရက် ၈ လပိုင်းက တင်ပြလာမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၅ ရက်နေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ချက်အရ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၅၃) မှာ လုပ်ပိုင်ခွင့်ကိုကျင့်သုံးရန် အကြောင်းမပေါ်ပေါက်ပါသဖြင့် ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ်ဖြစ်ပါကြောင်း ပြန်ကြားပါသည်။” လို့ ပါရှိကြောင်းကို ဦးဖိုးစံက ပြောပါတယ်။

ဒါကြောင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြည်နယ်ကိုတင်မယ့်အစီအစဉ်ကိုလည်း ငြင်းဆိုကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ပါလို့ပြောတဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဟာ သူ့အပေါ် ရွယ်ရွယ်ချက်ရှိရှိ ညစ်ပြီးလုပ်တာဖြစ်ကြောင်း ခံစားမိတယ်လို့ ဦးဖိုးစံက သူ့ရဲ့အမြင်ကို ပြောပါတယ်။

အခုလိုမျိုး ကိုယ်စားလှယ် အမည်စာရင်းကနေ ပယ်ဖျက်ခံရတဲ့အတွက် ပြည်သူလူထုအတွက်ရော ပါတီအတွက်ပါ ထိခိုက်မှုရှိတဲ့အပြင် မိမိအတွက်ပါထိခိုက်မှုရှိကြောင်း ဦးဖိုးစံက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကိုဆက်သွယ်မေးမြန်းရာမှာတော့ “ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ စီစစ်တဲ့အခါမှာ ဩဂုတ်လ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ စိစစ်တဲ့ကာလမှာ ဦးဖိုစံကို ကန့်ကွက်သူမရှိကြောင်းနဲ့ ရွေးကောက်တင်မြောက်ခံပိုင်ခွင့် အရည်အချင်းတွေနဲ့လည်းပြည့်စုံပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့လိုက်တဲ့အခါမှာ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်ကွက်စာတင်တဲ့အတွက် ၁၀ (ဎ) နဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းပယ်ဖျက်ခံလိုက် ရတာဖြစ်တယ်၊ ပြည်ထောင်စုက ပယ်တာလည်းမဟုတ်ဘူး။ ခရိုင်ကနေပယ်လိုက်တာလည်းမဟုတ်ဘူး။ ခရိုင်ကနေ အတည်ပြုလို့တင်ပေးလိုက်ပြီ။ ပြည်ထောင်စုကို တင်ပေးလိုက်ပြီ။ စိစစ်တဲ့ကာလမှာ သူကဘာမှ မနှောင့်အယှက်မရှိခဲ့ဘူး။ တက်သွားပြီ။ ဒါပေမယ့် စိစစ်တဲ့ကာလ ကျော်ပြီးတဲ့အခါမှ ပြည်ထဲရေးက ၁၀(ဎ) နဲ့ ငြိစွန်းပါတယ်ဆိုပြီး ကန့်ကွက်လာလို့ ဥပဒေအရ ပယ်သွားတာ။” လို့ ပြောပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံဟာ အခုလာမယ့်ရွေးကောက်ပွဲမှာ အရင်၂၀၁၅ ရွေးကောက်ပွဲကယှဉ်ပြိုင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမည်စာရင်းတင်သွင်းထားတာလည်း ဖြစ်ပါတယ်။

Photo – ဦးဖိုးစံ (FB)
#voiceofmyanmar #VOM #ကျောက်ဖြူ

Zawgyi

ရခိုင္က ျပည္နယ္လႊတ္ေတာ္အမတ္ ဦးဖိုးစံကို ေအေအနဲ႔ ဆက္ႏြယ္တယ္ဆိုၿပီး ကိုယ္စားလွယ္ေလာင္းအမည္စာရင္း ပယ္ဖ်က္ခံရ

ေက်ာက္ျဖဴ၊ ဩဂုတ္ ၃၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံကို လာမယ့္ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း အမည္စားတင္သြင္းထားတာကို ေအေအအဖြဲ႕နဲ႔ ဆက္ႏြယ္မႈရွိတယ္ဆိုၿပီး ျပည္ထဲေရးဝန္ႀကီးဌာနက ကန႔္ကြက္တဲ့အတြက္ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ ၿငိစြန္းတယ္ဆိုကာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ပယ္ဖ်က္လိုက္တယ္လို႔ ဦးဖိုးစံက ေျပာပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးဖိုးစံရဲ႕သားျဖစ္သူ တပ္မေတာ္က ဗိုလ္မႉးေအာင္ျမင့္စိုးဟာ တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ေနခ်ိန္ တပ္ကေန ခြင့္မဲ့ပ်က္ကြက္တဲ့အတြက္ ျပည္ထဲေရးဝန္ႀကီးဌာနက စိစစ္ၾကည့္တဲ့အခါ ေအေအအဖြဲ႕ကို ေရာက္သြားတာေၾကာင့္ ေ႐ြးေကာက္ပြဲဥပေဒနဲ႔ ၿငိတဲ့အတြက္ ကိုယ္စားလွယ္စာရင္းက ပယ္ဖ်က္ဖို႔အတြက္ အသိေပးတာျဖစ္ေၾကာင္း ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာတယ္လို႔ ဦးဖိုးစံက ေျပာပါတယ္။

ဦးဖိုးစံဟာ ရခိုင္အမ်ိဳးသားပါတီ(ANP)က ေက်ာက္ျဖဴၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၂) က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ပါတယ္။

” ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မ-၁၀(ဎ)မွာ သူတို႔ေျပာတာက တရားမဝင္အဖြဲ႕အစည္းနဲ႔ ဆက္သြယ္မႈကို ခိုင္လုံေသာအေထာက္အထားရွိသူျဖစ္ရမည္လို႔ ပါတယ္ေလ။ က်ေနာ္နဲ႔က အဆက္အသြယ္မရွိဘူး။ ခိုင္လုံတဲ့ အေထာက္အထားလည္း ဘာမွမရွိဘူး။” လို႔ ရခိုင္ျပည္နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးဖိုးစံက ေျပာပါတယ္။

ဦးဖိုးစံ ရဲ႕သားျဖစ္သူဟာ အရင္က တပ္မေတာ္အမွတ္(၇၃) သံခ်ပ္ကာတပ္မမွာ ဗိုလ္မႉးအဆင့္နဲ႔ တာဝန္ထမ္းေဆာင္ေနရာကေန ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ မတ္လအတြင္းက ေအေအအဖြဲ႕ကို ဝင္ေရာက္သြားတာျဖစ္ၿပီး သူဟာ တပ္မေတာ္ စစ္တကၠသိုလ္အပတ္စဥ္ (၄၇) ဗိုလ္ေလာင္းသင္တန္းဆင္းတစ္ဦးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၂ ရက္ေန႔က ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးကေန ဦးဖိုးစံကို လာေရာက္ေတြ႕ဆုံဖို႔ေခၚေၾကာင္းနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေန လာတဲ့စာကို ဖတ္ျပခဲ့တယ္လို႔ ဦးဖိုးစံက ေျပာပါတယ္။

” ခ႐ိုင္ေကာ္မရွင္႐ုံးမွာ ျပည္ေထာင္စုေကာ္မရွင္က လာတဲ့စာကို ဖတ္ျပတယ္။ ဖတ္ျပတဲ့အခါမွာ ျပည္ထဲေရးဝန္ႀကီးဌာနက ကန႔္ကြက္ထားတာရွိတယ္။ ဦးဖိုးစံရဲ႕သား ဗိုလ္မႉးေအာင္ျမင့္စိုးဟာ ၂၀၁၈ ခုႏွစ္ မတ္လက တပ္က ခြင့္မဲ့ပ်က္ကြက္ၿပီး ကင္းကြာေနတယ္။ အဲဒါကို ျပည္ထဲေရးဝန္ႀကီးဌာနက စုံစမ္းတဲ့အခါ ေအေအတပ္ကို ေရာက္သြားတယ္လို႔ သိရွိရတယ္။ အဲဒါေၾကာင့္ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒပုဒ္မ ၁၀ (ဎ) နဲ႔ ၿငိစြန္းတယ္ဆိုၿပီးေတာ့ ခ႐ိုင္ေကာ္မရွင္က ဖတ္ျပတယ္။ ဒါေၾကာင့္ ကိုယ္စားလွယ္ေလာင္းစာရင္းက ပယ္ဖ်က္တယ္ဆိုၿပီး အသိေပးတာလို႔ ေျပာတယ္။” လို႔ ဦးဖိုးစံကေျပာပါတယ္။

ကိုယ္စားလွယ္ေလာင္းအမည္စာရင္းကို ၿပီးခဲ့ ဩဂုတ္လ ၁၄ ရက္ေန႔က ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္သြင္းခဲ့ၿပီး ခ႐ိုင္ေကာ္မရွင္နဲ႔ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကပါကန႔္ကြက္သူမရွိခဲ့ဘူးလို႔ ဦးဖိုးစံက ေျပာပါတယ္။

“ ဒီကိစၥကို ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကို စာတင္ရမယ္လို႔ ဩဂုတ္လ ၂၂ ရက္ေန႔က ခ႐ိုင္ေကာ္မရွင္႐ုံးမွာ ေျပာတဲ့အခါ သူတို႔က ျပည္နယ္ကိုလည္း တင္လို႔မရဘူး။ ခ႐ိုင္ကိုလည္း တင္လို႔မရဘူး။ ျပည္ေထာင္စုက လာတဲ့စာျဖစ္တဲ့အတြက္ ျပည္ေထာင္စုနဲ႔ပဲ ဆက္သြယ္ရမယ္လို႔ ေျပာပါတယ္။ ခ႐ိုင္ေကာ္မရွင္က အဲ့ဒီလိုျငင္းပါတယ္။ က်ေနာ္က ၂၄ ရက္ေန႔မွာ ျပည္ေထာင္စုေကာ္မရွင္ကို စာတင္တယ္။ ျပည္ေထာင္စုေကာ္မရွင္က ၂၇ ရက္ေန႔စာထြက္လာတယ္။ ၂၈ ရက္ေန႔မွာ ခ႐ိုင္ေကာ္မရွင္႐ုံးကပို႔လို႔ အဲ့ဒီစာကိုရတယ္။ အဲ့ဒီစာမွာက ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ အတည္ျပဳေပးပါရန္ ဦးဖိုစံက ၂၄ ရက္ ၈ လပိုင္းက တင္ျပလာမႈအေပၚ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၅ ရက္ေန႔ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမွာ ေဆြးေႏြးဆုံးျဖတ္ခ်က္အရ သက္ဆိုင္ရာလႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒ ပုဒ္မ (၅၃) မွာ လုပ္ပိုင္ခြင့္ကိုက်င့္သုံးရန္ အေၾကာင္းမေပၚေပါက္ပါသျဖင့္ ေက်ာက္ျဖဴခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အၿပီးအျပတ္ျဖစ္ပါေၾကာင္း ျပန္ၾကားပါသည္။” လို႔ ပါရွိေၾကာင္းကို ဦးဖိုးစံက ေျပာပါတယ္။

ဒါေၾကာင့္ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပည္နယ္ကိုတင္မယ့္အစီအစဥ္ကိုလည္း ျငင္းဆိုေၾကာင္းနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ဆက္သြယ္ပါလို႔ေျပာတဲ့အတြက္ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ သူ႔အေပၚ ႐ြယ္႐ြယ္ခ်က္ရွိရွိ ညစ္ၿပီးလုပ္တာျဖစ္ေၾကာင္း ခံစားမိတယ္လို႔ ဦးဖိုးစံက သူ႔ရဲ႔အျမင္ကို ေျပာပါတယ္။

အခုလိုမ်ိဳး ကိုယ္စားလွယ္ အမည္စာရင္းကေန ပယ္ဖ်က္ခံရတဲ့အတြက္ ျပည္သူလူထုအတြက္ေရာ ပါတီအတြက္ပါ ထိခိုက္မႈရွိတဲ့အျပင္ မိမိအတြက္ပါထိခိုက္မႈရွိေၾကာင္း ဦးဖိုးစံက ဆက္ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမႉး ဦးသူရိန္ထြဋ္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ “ကိုယ္စားလွယ္ေလာင္းအမည္စာရင္းေတြ စီစစ္တဲ့အခါမွာ ဩဂုတ္လ ၁၁ ရက္ကေန ၁၇ ရက္ေန႔အထိ စိစစ္တဲ့ကာလမွာ ဦးဖိုစံကို ကန႔္ကြက္သူမရွိေၾကာင္းနဲ႔ ေ႐ြးေကာက္တင္ေျမာက္ခံပိုင္ခြင့္ အရည္အခ်င္းေတြနဲ႔လည္းျပည့္စုံၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ပို႔လိုက္တဲ့အခါမွာ ျပည္ထဲေရးဝန္ႀကီးဌာနက ကန႔္ကြက္စာတင္တဲ့အတြက္ ၁၀ (ဎ) နဲ႔ ၿငိစြန္းတာေၾကာင့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းပယ္ဖ်က္ခံလိုက္ ရတာျဖစ္တယ္၊ ျပည္ေထာင္စုက ပယ္တာလည္းမဟုတ္ဘူး။ ခ႐ိုင္ကေနပယ္လိုက္တာလည္းမဟုတ္ဘူး။ ခ႐ိုင္ကေန အတည္ျပဳလို႔တင္ေပးလိုက္ၿပီ။ ျပည္ေထာင္စုကို တင္ေပးလိုက္ၿပီ။ စိစစ္တဲ့ကာလမွာ သူကဘာမွ မေႏွာင့္အယွက္မရွိခဲ့ဘူး။ တက္သြားၿပီ။ ဒါေပမယ့္ စိစစ္တဲ့ကာလ ေက်ာ္ၿပီးတဲ့အခါမွ ျပည္ထဲေရးက ၁၀(ဎ) နဲ႔ ၿငိစြန္းပါတယ္ဆိုၿပီး ကန႔္ကြက္လာလို႔ ဥပေဒအရ ပယ္သြားတာ။” လို႔ ေျပာပါတယ္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးဖိုးစံဟာ အခုလာမယ့္ေရြးေကာက္ပြဲမွာ အရင္၂၀၁၅ ေ႐ြးေကာက္ပြဲကယွဥ္ၿပိဳင္ခဲ့တဲ့ ေက်ာက္ျဖဴၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွာပဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ အမည္စာရင္းတင္သြင္းထားတာလည္း ျဖစ္ပါတယ္။

Photo – ဦးဖိုးစံ (FB)
#voiceofmyanmar #VOM #ေက်ာက္ျဖဴ

Related posts

Leave a Comment

VOM News

FREE
VIEW