ပဲခူးမြို့မှာ ခိုးဝင်တရုတ်နိုင်ငံသား (၇)ဦးဖမ်းမိ

ပဲခူးမြို့မှာ ခိုးဝင်တရုတ်နိုင်ငံသား (၇)ဦးဖမ်းမိ

နေပြည်တော်၊ဩဂုတ် ၃၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့လမ်းဆုံအနီးမှာ မနေ့ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းက Alphard အမျိုးအစားကားတစ်စီးနဲ့ ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့‌ခေါ်‌ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရာကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။

” တရုတ်တွေကို အလုပ်ရမယ်ဆိုပြီးခေါ်လာတာပါ။ ပွဲစားကိ‌ုတော့ မမိလိုက်ဘူး။ တရုတ် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ဦး၊ ကားသမားနဲ့စပါယ်ယာကို ဖမ်းမိထားတယ်”လို့ ဘုရားကြီးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး အဆင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပဲခူးမြို့နယ်၊ ဘုရားကြီးလမ်းဆုံအနီးမှာ လဝကနဲ့ နယ်‌မြေခံရဲစခန်းက တာဝန်ရှိသူတွေဟာ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေချိန် အမြန်လမ်းဘက်ကနေမောင်းလာတဲ့ ALPHARDအမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရာ တရားဝင်အထာက်အထားမပါတဲ့ ခိုးဝင် တရုတ်နိုင်ငံသားတွေကို ဖမ်းမိထားတာဖြစ်ပါတယ်။

ဖမ်းမိထားတဲ့ တရုတ်နိုင်ငံသားတွေဟာ ယူနန်ပြည်နယ်ကျေးရွာအချို့မှာနေထိုင်တဲ့ ယန်ပင်း(၃၅ နှစ်) ၊ကျောင်းကျားလောင်(၁၈ နှစ်)၊ ချုံးချူးရှန်(၂၇ နှစ်)၊ ကျုံးဟွမ်ပေါ် (၂၄ နှစ်)၊ချိန်းစွတ်လီ(၄၃နှစ်)၊ လျှိုဖုန်း(၂၄ နှစ်)တို့နဲ့ တရုတ်အမျိုးသမီး ကျန်အားမိန်(၄၃ နှစ်)
တို့ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးနဲ့အမျိုးသမီး ၁ ဦးကို ၁၉၄၇ လူဝင်မှုကြီးကြပ်‌ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ တရုတ်နိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ဆက်စပ်သူတွေကို (ပ)၁၄၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၆၇နဲ့ ဘုရားကြီးနယ်မြေရဲစခန်းမှာ အမှု့ဖွင့်ထားတယ်လို့ ဘုရားကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်မြို့သစ်မှာရှိတဲ့ ကာစီနိုလောင်းကစားရုံတွေမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်ရင်းနှီးမြုပ်နှံမှုတွေ မပြုလုပ်ဖို့ တရုတ်အစိုးရကတားမြစ်ထားပေးမယ့် လက်ရှိမှာ တရုတ်နိုင်ငံသား သောင်းဂဏန်းနီးပါး အလုပ် လုပ်ကိုင်
နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – မောင်မေတ္တာ
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ပဲခူးၿမိဳ႔မွာ ခိုးဝင္တ႐ုတ္ႏိုင္ငံသား (၇)ဦးဖမ္းမိ

ေနျပည္ေတာ္၊ဩဂုတ္ ၃၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးၿမိဳ႕လမ္းဆုံအနီးမွာ မေန႔ဩဂုတ္လ ၃၀ ရက္၊ ေန႔လယ္ပိ္ုင္းက Alphard အမ်ိဳးအစားကားတစ္စီးနဲ႔ ခိုးဝင္လာတဲ့ တ႐ုတ္ႏိုင္ငံသား ၇ ဦးနဲ႔‌ေခၚ‌ေဆာင္လာသူႏွစ္ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ ဘုရာႀကီးနယ္ေျမရဲစခန္းကေန သိရပါတယ္။

” တ႐ုတ္ေတြကို အလုပ္ရမယ္ဆိုၿပီးေခၚလာတာပါ။ ပြဲစားကိ‌ုေတာ့ မမိလိုက္ဘူး။ တ႐ုတ္ အမ်ိဳးသား ၆ ဦးနဲ႔ အမ်ိဳးသမီး ၁ဦး၊ ကားသမားနဲ႔စပါယ္ယာကို ဖမ္းမိထားတယ္”လို႔ ဘုရားႀကီးၿမိဳ႔နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ တပ္ခြဲမႉး အဆင့္ရွိသူတစ္ဦးက ေျပာပါတယ္။

ပဲခူးၿမိဳ႕နယ္၊ ဘုရားႀကီးလမ္းဆုံအနီးမွာ လဝကနဲ႔ နယ္‌ေျမခံရဲစခန္းက တာဝန္ရွိသူေတြဟာ သက္ေသေတြနဲ႔အတူ ေစာင့္ဆိုင္းေနခ်ိ္န္ အျမန္လမ္းဘက္ကေနေမာင္းလာတဲ့ ALPHARDအမ်ိဳးအစားယာဥ္ကို ရပ္တန႔္စစ္ေဆးရာ တရားဝင္အထာက္အထားမပါတဲ့ ခိုးဝင္ တ႐ုတ္ႏိုင္ငံသားေတြကို ဖမ္းမိထားတာျဖစ္ပါတယ္။

ဖမ္းမိထားတဲ့ တ႐ုတ္ႏိုင္ငံသားေတြဟာ ယူနန္ျပည္နယ္ေက်း႐ြာအခ်ိဳ႕မွာေနထိုင္တဲ့ ယန္ပင္း(၃၅ ႏွစ္) ၊ေက်ာင္းက်ားေလာင္(၁၈ ႏွစ္)၊ ခ်ဳံးခ်ဴးရွန္(၂၇ ႏွစ္)၊ က်ဳံးဟြမ္ေပၚ (၂၄ ႏွစ္)၊ခ်ိန္းစြတ္လီ(၄၃ႏွစ္)၊ လွ်ိဳဖုန္း(၂၄ ႏွစ္)တို႔နဲ႔ တ႐ုတ္အမ်ိဳးသမီး က်န္အားမိန္(၄၃ ႏွစ္)
တို႔ကိုဖမ္းမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ခိုးဝင္လာတဲ့ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား ၆ ဦးနဲ႔အမ်ိဳးသမီး ၁ ဦးကို ၁၉၄၇ လူဝင္မႈႀကီးၾကပ္‌ေရး အက္ဥပေဒပုဒ္မ ၁၃ (၁)၊ တ႐ုတ္ႏိုင္ငံသားေတြကို တင္ေဆာင္လာတဲ့ ယာဥ္ေမာင္းနဲ႔ ဆက္စပ္သူေတြကို (ပ)၁၄၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ- ၃၆၇နဲ႔ ဘုရားႀကီးနယ္ေျမရဲစခန္းမွာ အမႈ႕ဖြင့္ထားတယ္လို႔ ဘုရားႀကီးနယ္ေျမရဲစခန္းကေန သိရပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ဆံုဆည္းၿမိဳင္ၿမိဳ႕သစ္မွာရွိတဲ့ ကာစီႏိုေလာင္းကစား႐ုံေတြမွာ တ႐ုတ္ႏိုင္ငံသားေတြ ဝင္ေရာက္ရင္းႏွီးျမဳပ္ႏွံမႈေတြ မျပဳလုပ္ဖို႔ တ႐ုတ္အစိုးရကတားျမစ္ထားေပးမယ့္ လက္ရွိမွာ တ႐ုတ္ႏိုင္ငံသား ေသာင္းဂဏန္းနီးပါး အလုပ္ လုပ္ကိုင္
ေနၾကတယ္လို႔ ေဒသခံေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

Photo – ေမာင္ေမတၱာ
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW