တရုတ်နိုင်ငံမှာ နှစ်ထပ်စားသောက်ဆိုင်ပြိုကျမှုကြောင့် လူ ၂၉ ဦးသေဆုံး

တရုတ်နိုင်ငံမှာ နှစ်ထပ်စားသောက်ဆိုင်ပြိုကျမှုကြောင့် လူ ၂၉ ဦးသေဆုံး ပေကျင်း၊ သြဂုတ်-၃၀-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင် ပြိုကျမှုဖြစ်ပွားရာ သေဆုံးသူအရေအတွက်ဟာ ၂၉ ဦးထိ တိုးမြင့်လာပြီး အသက်ရှင်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက သြဂုတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။ ရှန်စီပြည်နယ် ရှောင်ဖန်စီရင်စုရှိ နှစ်ထပ်စားသောက်ဆိုင်တစ်ခုမှာ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပွဲတစ်ခု ကျင်းပစဉ်အတွင်း သြဂုတ် ၂၉ ရက်နံနက်ပိုင်းမှာ အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူဒါဇင်များစွာ ဒဏ်ရာရခဲ့ပြီး ပြိုကျသွားတဲ့ စားသောက်ဆိုင်အပျက်အစီးတွေကြားကလူ ၅၇ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။ ဒါဏ်ရာရသူအများစု]ာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိပေမယ့်လည်း ခုနှစ်ဦးကတော့ အခြေအနေစိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အဆောက်အဦးပြိုကျရတဲ့ အကြောင်းရင်းကို မသိရှိရသေးပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည်နယ်တာဝန်ရှိသူတွေက ကြီးကြပ်သွားမယ်လို့ ဗဟိုအစိုးရရဲ့ နိုင်ငံတော်ကောင်စီကပြောပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်မှုတွေကြောင့် အဆောက်အအုံပြိုကျတာတွေနဲ့…

Read More

အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို အဓမ္မ ၂ကြိမ်ပြုကျင့်မှုဖြစ်ပွား

အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို အဓမ္မ ၂ကြိမ်ပြုကျင့်မှုဖြစ်ပွား နေပြည်တော်၊ဩဂုတ် ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်‌း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာမှာ အဘိုးဖြစ်သူ အသက် ၈၀ ကျော်အရွယ်အမျိုးသားက အသက် ၁၀ နှစ်အရွယ် မြေးအရင်းဖြစ်သူ မိန်းကလေးကို အဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျုးလွန်ခဲ့တယ်ဆိုပြီး မနေ့ ဩဂုတ်လ၂၉ ရက်နေ့မှာ လာရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။ ” သားက မွေးတဲ့ မြေးမလေးပါ။ တစ်ရွာတည်း အတူနေပေမယ့် တစ်အိမ်ထဲအတူမနေကြပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်က တစ်ကြိမ်၊ အခုလ ၁၈ ရက်နေ့က တစ်ကြိမ်၊ နှစ်ကြိမ်ကျုးလွန်ခဲ့ပြီး၊ ကျုးလွန်ချိန် မြင်သူတစ်ဦးက‌ အသိလာပေးတောမှ သိခဲ့ရတာပါ” လို့ ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲ့ကြီးကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ်အ မျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိ‌နေချိန်…

Read More

လူနာအမှတ်-၆၀၆နဲ့ ယာဉ်အတူစီးလာသူကို ရှာတွေ့

လူနာအမှတ်-၆၀၆နဲ့ ယာဉ်အတူစီးလာသူကို ရှာတွေ့ နေပြည်တော်၊ သြဂုတ် ၃၀-၂၀၂၀ ကိုထွန်း(VOM) သြဂုတ်လ ၂၈ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ COVID-19 အတည်ပြုလူနာအမှတ်-၆၀၆ နဲ့ အတူ ယာဉ်တစ်စီးထဲ အတူစီးနှင်းခဲ့သူ (၂)ဦးကို နေပြည်တော်က အစိုးရဝန်ထမ်းအိမ်ရာမှာရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထဲက ၁ ဦးဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အငြိမ်းစားဝန်ထမ်းဖြစ်ပြီး နောက် တစ်ဦးကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့(၂)ဦးဟာ သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ၊ သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးတော်စပ်သူရဲ့ နာရေးကို သွားရောက်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ သူတို့တွေဟာ ပျဉ်းမနားမြို့ ခုတင် ၂၀၀…

Read More

ကျပ်သိန်း ၁ဝဝဝ အောက် စည်းကြပ်မှုလွတ်နေတဲ့ ဝင်ငွေခွန်ကို ၆ ရာခိုင်နူန်း တိုးမြှင့်ကောက်ခံမယ်

ကျပ်သိန်း ၁ဝဝဝ အောက် စည်းကြပ်မှုလွတ်နေတဲ့ ဝင်ငွေခွန်ကို ၆ ရာခိုင်နူန်း တိုးမြှင့်ကောက်ခံမယ် နေပြည်တော်၊ဩဂုတ်၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) ကျပ်သိန်း ၁၀၀၀ အောက် စည်းကြပ်မှုကင်းလွတ်နေတဲ့ ဝင်ငွေခွန်တွေကို ၆ ရာခိုင်းနူန်း တိုးမြှင့်ကောက်ခံသွားမယ့်အပြင် ကျပ်သိန်းတစ်ထောင်နဲ့အထက်ကိုတော့ ၁၀ ရာခိုင်နူန်းကနေ ၃၀ ရာခိုင်နူန်းထိပြင်ဆင် တိုးမြင့်ကောက်ခံသွားမယ်လို့ဩဂုတ် ၂၈ ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ” ပြင်ဆင်‌ချက်အဆိုကို တင်တဲ့သူက တင်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ‌ဆွေးနွေးသဘောတူညီချက်တွေရပြီးမှ အတည်ပြုလိုက်တဲ့ သဘောပါ။ အခွန်နဲ့ပတ်သက်လို့ ဆေးလိပ်လို ကန့်သတ်ကုန်စည်တွေဆိုလည်း ပြားစွန်းလောက်တိုးတယ်။ စည်းကြပ်မှုလွတ်နေတဲ့အခွန်ကတော့ နှစ်ဆနီးပါး တိုးတာပေါ့” လို့ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့စည်းများဆိုင်ရာကော်မတီဥက္ကဌ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ပြောပါတယ်။ ၂၀၁၉ခုနှစ် ထုတ်ပြန်ထားတဲ့ အခွန်အကောက်ဥပဒေမှာတော့ စည်းကြပ်မှုလွတ်ကင်းနေတဲ့ ဝင်ငွေများ၊ ဝင်ငွေရေရပေါက်ရလမ်းမဖော်ပြနိုင်သော ဝင်ငွေများအ‌ပေါ်တွင်လည်းကောင်း၊ အခွန်ကောက်ခံရာမှာ ကျပ်သိန်းတစ်ထောင်အောက် ၃ ရာခိုင်နှုန်း…

Read More

ဟုမ္မလင်းမြို့နယ်ရှိ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေတူးဖော်ရေးစွန့်ပစ်မျောမှီးများဝင်ရောက်မှုကြောင့် ဒေသခံများအခက်ကြုံနေရ

ဟုမ္မလင်းမြို့နယ်ရှိ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေတူးဖော်ရေးစွန့်ပစ်မျောမှီးများဝင်ရောက်မှုကြောင့် ဒေသခံများအခက်ကြုံနေရ မုံရွာ၊ သြဂုတ် ၂၉-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေမျောလုပ်ငန်းတွေက မျောမှီးနွံရေတွေဟာ ကျေးရွာအတွင်းဝင်ရောက်တာတွေရှိနေတဲ့အတွက် ဒေသခံတွေမှာ စိုက်ခင်းမြေတွေပျက်စီးတဲ့အပြင် သွားလာရခက်ခဲနေတယ်လို့ အောက်တောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကပြောပါတယ်။ အဲ့ဒီ မျောမှီးနွံရေတွေဟာ ကျေးရွာထဲက လူနေအိမ်တွေအပြင် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနဲ့ လယ်ယာစိုက်ခင်းမြေတွေထဲ ဝင်ရောက်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ” အခုထိ အိမ်တွေမှာ ဒါတွေဝင်တော့ ဘယ်လိုသွားလို့ သွားရမှန်းကို မသိတော့ဘူး။ အိမ်ခြေ ၄၀ လောက် အခြေအနေဆိုးတယ်၊ စိုက်ခင်းတွေထဲလည်းဝင်တယ် ၊ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းပါ ဝင်တယ်။ အပင်တွေဆိုရင် နွံဖုံးလို့ သေကုန်ပြီ။ ကျန်းမာရေးအရဆိုရင်လည်း ဒီမျောနွံရေတွေကြောင့် စိုးရိမ်ရတယ်။ အရင်ကလည်း ဒီလိုဖြစ်ခဲ့လို့ ခံဝန်လက်မှတ် သုံးကြိမ်ထိုးခိုင်းပြီးပြီ ၊ ဒါ…

Read More

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည် မန္တလေး ၊ သြဂုတ်- ၂၉ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၆) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)က မန်နေဂျာဟာ ပဲပွဲရုံလုပ်ငန်းရှင် ဦးစိုးတင့် ဆီကနေ စိုက်စပ်လို့ခေါ်တဲ့ ချေးငွေလုပ်ငန်းလုပ်ဖို့ပြောပြီး ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်ခဲ့တယ်လို့ မန္တလေးမြို့က မီဒီယာစင်တာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အလိမ်ခံရသူ ဦးစိုးတင့်က ပြောခဲ့ပါတယ်။ ပဲလုပ်ငန်းလုပ်ကိုင်ဖို့ ငွေလိုအပ်နေတဲ့အတွက် ဦးစိုးတင့်ဟာ အမှတ် (၆) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)မှာ အိမ်ကိုပေါင်နှံပြီး သိန်း ၁၅၀၀ ချေးခဲ့တာဖြစ်ပြီး ၁၁၈၆ သိန်းကို ၂၀၁၉ ခုနှစ်အတွက် ဘဏ်ကို အကျေအလည်ဆပ်ဖို့ ပြန်သွင်းထားတဲ့အချိန်မှာ ဘဏ်မန်နေဂျာ ဒေါ်ခင်အေးမြင့်က ငွေကိုဒီအတိုင်းထားရင် အကျိုးမရှိဘူး ငွေတွေလည်းနစ်နာတယ်၊ ဒီအတိုင်းမထားပါနဲ့…

Read More

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ပထမအကြိမ်မြေရောင်းချမှု ငွေကျပ် သန်း ၅၀၀၀ ကျော်သာ ရရှိထား

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ပထမအကြိမ်မြေရောင်းချမှု ငွေကျပ် သန်း ၅၀၀၀ ကျော်သာ ရရှိထား ရန်ုကုန် ၊ သြဂုတ် ၂၉-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ ပထမအကြိမ် ရောင်းချပေးခဲ့တဲ့ မြေကွက်တန်ဖိုး ကျပ်သန်းပေါင်း ၁၇၃၀၅ သန်းကျော်ဖို့ရှိခဲ့ပေမယ့် အမှန်တကယ် ရောင်းရပြီး ငွေလက်ခံရရှိတာက ကျပ်သန်း ၅၀၀၀ ကျော်သာရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ထုတ်ရောင်းပေးမှုအတွက် မြေကွက် ၁၉၇ ကွက်(တန်ဖိုး ငွေကျပ် သန်း ၁၇၀၀၀ကျော်) ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူတွေဟာ မြေကွက် ၆၉ ကွက်တန်ဖိုး ကျပ် သန်းပေါင်း ၅ထောင်ကျော်ကိုသာ လာရောက်ပေးသွင်းခဲ့တာကြောင့် ရောင်းချရတဲ့မြေကွက်ရဲ့ သုံးပုံ တစ်ပုံနီးပါးသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ” ငွေပေးသွင်းခြင်းမရှိတဲ့ ကျန်မြေကွက်တွေကို နောက်ဆုံးထားပေးသွင်းရမယ့်ရက်လည်း သတ်မှတ်ပေးခဲ့ပေမယ့် လာမသွင်းခဲ့ဘူး။ဒါကြောင့်…

Read More

ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်းရုတ်သိမ်း

ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်းရုတ်သိမ်း ပုဏ္ဏားကျွန်း၊ ဩဂုတ် ၂၉- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ရဲကင်းစခန်းတစ်ခုဖြစ်တဲ့ ယိုးတရုတ်ကျေးရွာရဲကင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က စခန်းကနေထွက်ခွာသွားတယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဆီကနေသိရပါတယ်။ ယိုတရုတ်ရဲကင်းစခန်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းက နေရာ (၂)ခုမှာ စခန်းချနေထိုင်ကြတာဖြစ်ပြီး ယိုးတရုတ်ကနေ ကျောက်တော်မြို့ဖက် အထွက်လမ်းမှာရှိတဲ့ ပေါ်တော်မူဘုရားမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းက မမြင်တွေ့ရတော့ဘဲ ရွာကနေထွက်ခွာသွားကြတာဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ ယိုးတရုတ်ရဲကင်းစခန်းမှာရှိတဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေထွက်ခွာသွားတဲ့ အကြောင်းအရင်းကို မသိရှိကြောင်းနဲ့ ဒေသခံပြည်သူတွေကြားမှာပြောနေတာကတော့ ရန်ကုန်- စစ်တွေကားလမ်း၊ ကန်စောက်တောင်အနီးရှိ တပ်မတော် (၅၃၉)တပ်ရင်းကို သွားတာဖြစ်ဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းပြောပြတာက” ထွက်သွားကြတာတော့ ဟုတ်ပါတယ်။ ရဲစခန်းမှာတော့ ရဲကလူတွေမရှိတော့ဘူး။ ဘယ်အချိန်လောက်က ထွက်သွားကြလည်းဆိုတာတော့မသိဘူး။…

Read More

ရန်ကုန်တိုင်းအတွင်းမှာကျန်နေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်ပိုင်းအတွင်း ပေးလျော်သွားဖို့ စီစဉ်နေ

ရန်ကုန်တိုင်းအတွင်းမှာကျန်နေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်ပိုင်းအတွင်း ပေးလျော်သွားဖို့ စီစဉ်နေ ရန်ကုန် ၊ သြဂုတ် ၂၈-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းအတွင်းမှာကျန်ရှိနေတဲ့ မြေယာလျော်ကြေးတွေကို အခုလကုန်အတွင်း မြို့နယ်အလိုက် ပေးလျော်သွားဖို့ စိစစ်ဆောင်ရွက်နေပါတယ်လို့ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ရောင်းချခဲ့တဲ့ မြေကွက်တွေနဲ့ပတ်သက်ပြီး ရောင်းချခဲ့တဲ့ ငွေတစ်စိတ်တစ်ဒေသကို မြေယာလျော်ကြေးအဖြစ်နဲ့ ဘယ်လိုပေးထားသလဲဆိုတဲ့မေးခွန်းကို ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ မေးခွန်းကို ဝန်ကြီးက အထက်ပါအတိုင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေကို ပွင့်လင်းမြင်သာမူနဲ့ မြေကွက်ရောင်းချမှုအား ပထမအကြိမ်နဲ့ယခုဒုတိယအကြိမ်ရောင်းချမှုအရ ရရှိခဲ့တဲ့ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ငွေစာရင်းမှာ ပေးသွင်းထားပြီး စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ သိမ်းဆည်းခံလယ်ယာမြေ လျော်ကြေးငွေပေးအပ်မှုတွင် ဘတ်ဂျက်ရေးဆွဲလျာထားပေးလျော်နေပါတယ်”လို့ ရန်ကုန်တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဟံထွန်းကပြောပါတယ်။ အခုလိုဆောင်ရွက်မှုမှာ…

Read More

တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို Covid-19 ကာကွယ်ဆေးစမ်းသပ်ထိုးပေး

တရုတ်နိုင်ငံမှာ အလုပ်သမားတွေကို Covid-19 ကာကွယ်ဆေးစမ်းသပ်ထိုးပေး ရှန်ဟိုင်း|ဩဂုတ်-၂၈-၂၀၂၀ လဲ့လဲ့ဝင်း(VOM) Covid-19ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ အဆင့် ၃ဖြစ်တဲ့ လူအများအပြားနဲ့ စမ်းသပ်တဲ့ လုပ်ငန်းအဖြစ် ပစိဖိတ်ကျွန်းနိုင်ငံမှာ သတ္တုတွင်းကိုလုပ်ကိုင်ဖို့သွားတဲ့ အလုပ်သမား ၄၈ ဦး ကို သြဂုတ်လအစောပိုင်းက စမ်းသပ်ထိုးပေးထားကြောင်း တရုတ်အစိုးရပိုင်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ အတည်မပြုရသေးတဲ့ စမ်းသပ်မှုတွေဟာ တရားဝင်အဆင့်သုံးဆင့်စစ်ဆေးခြင်းမဟုတ်ဘဲ အရေးပေါ်ပါဝါကာကွယ်ဆေးထိုးခြင်း စမ်းသပ်ခြင်းတွေကို အလုပ်ရှင်က စမ်းသပ်နေတယ်လို့ တရုတ်အလုပ်သမားအများက ဖေါပြပြီးတဲ့နောက်မကြာခင်မှာဘဲ ပါပူဝါနယူးဂီနီနိုင်ငံက အလုပ်သမားတွေကို ဝင်ရောက်ဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒီစမ်းစပ်မှုမှာပါတဲ့ အချို့အလုပ်သမားတွေမှာ Covid-19 ရောဂါရရှိနိုင်တယ်လို့လည်း ပါပူဝါနယူးဂီနီ အာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်ကျန်းမာရေးဌာန အကြီးတန်းအရာရှိတစ်ဦး ပြောတာကတော့ တရုတ်မှာ ပြီးခဲ့တဲ့လကစပြီး အရေးကြီးတဲ့ ပြည်သူ့အရာရှိတွေကို ကာကွယ်ဆေးစစ်ဆေးမှု လျို့ဝှက်ပြုလုပ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါဟာအစိုးရနဲ့ ဆေးဝါးကုမ္ပဏီတွေအကြား ကောင်းမွန်စွာမှတ်တမ်းတင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ…

Read More
VOM News

FREE
VIEW