ဟုမ္မလင်းမြို့နယ်ရှိ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေတူးဖော်ရေးစွန့်ပစ်မျောမှီးများဝင်ရောက်မှုကြောင့် ဒေသခံများအခက်ကြုံနေရ

ဟုမ္မလင်းမြို့နယ်ရှိ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေတူးဖော်ရေးစွန့်ပစ်မျောမှီးများဝင်ရောက်မှုကြောင့် ဒေသခံများအခက်ကြုံနေရ

မုံရွာ၊ သြဂုတ် ၂၉-၂၀၂၀
ရန်နိုင်စိုး(VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေမျောလုပ်ငန်းတွေက မျောမှီးနွံရေတွေဟာ ကျေးရွာအတွင်းဝင်ရောက်တာတွေရှိနေတဲ့အတွက် ဒေသခံတွေမှာ စိုက်ခင်းမြေတွေပျက်စီးတဲ့အပြင် သွားလာရခက်ခဲနေတယ်လို့ အောက်တောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကပြောပါတယ်။

အဲ့ဒီ မျောမှီးနွံရေတွေဟာ ကျေးရွာထဲက လူနေအိမ်တွေအပြင် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနဲ့ လယ်ယာစိုက်ခင်းမြေတွေထဲ ဝင်ရောက်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

” အခုထိ အိမ်တွေမှာ ဒါတွေဝင်တော့ ဘယ်လိုသွားလို့ သွားရမှန်းကို မသိတော့ဘူး။ အိမ်ခြေ ၄၀ လောက် အခြေအနေဆိုးတယ်၊ စိုက်ခင်းတွေထဲလည်းဝင်တယ် ၊ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းပါ ဝင်တယ်။ အပင်တွေဆိုရင် နွံဖုံးလို့ သေကုန်ပြီ။ ကျန်းမာရေးအရဆိုရင်လည်း ဒီမျောနွံရေတွေကြောင့် စိုးရိမ်ရတယ်။ အရင်ကလည်း ဒီလိုဖြစ်ခဲ့လို့ ခံဝန်လက်မှတ် သုံးကြိမ်ထိုးခိုင်းပြီးပြီ ၊ ဒါ စည်းကမ်းဖောက်တာဖြစ်တယ် ” လို့ အောက်တောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးချစ်မောင်က ပြောပါတယ်။

ကျေးရွာရဲ့ လက်ရှိအခြေနေကို ဟုမ္မလင်းမြို့နယ်စီမံခန့်ခွဲရေးကော်မတီဆီကို တင်ပြထားပြီး လက်ရှိ‌အချိန်ထိတော့ လာရောက်ဖြေရှင်းပေးတာမရှိသေးဘူးလို့ သိရပါတယ်။

ရွှေမျောလုပ်ငန်းတွေကတော့ လက်ရှိချိန်ထိ စက်တွေမောင်းနှင်ကာ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ကျေးရွာက သွားရောက်ပြောကြားခဲ့ပေမယ့်လည်း ဆက်လက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

အောက်တောင်ပေါ်ကျေးရွာမှာ မျောမှီးနွံရေတွေဝင်ရောက်မှုကြောင့် လယ်ဧက ၂၀ ဝန်းကျင်ပျက်စီးခဲ့ကြောင်းသိရပြီး အဲ့ဒီအတွက် ဒေသခံတွေက လျော်ကြေး‌ငွေ
ရရှိဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

အောက်တောင်ပေါ်ကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ကျော်ရှိကြောင်း သိရပါတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်း

Zawgyi

ဟုမၼလင္းၿမိဳ႕နယ္ရွိ ေအာက္ေတာင္ေပၚေက်း႐ြာမွာ ေ႐ႊတူးေဖာ္ေရးစြန႔္ပစ္ေမ်ာမွီးမ်ားဝင္ေရာက္မႈေၾကာင့္ ေဒသခံမ်ားအခက္ႀကဳံေနရ

မံုရြာ၊ ၾသဂုတ္ ၂၉-၂၀၂၀
ရန္ႏိုင္စိုး(VOM)

စစ္ကိုင္းတိုင္း ၊ ခႏၲီးခ႐ိုင္ ၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေအာက္ေတာင္ေပၚေက်း႐ြာမွာ ေ႐ႊေမ်ာလုပ္ငန္းေတြက ေမ်ာမွီးႏြံေရေတြဟာ ေက်း႐ြာအတြင္းဝင္ေရာက္တာေတြရွိေနတဲ့အတြက္ ေဒသခံေတြမွာ စိုက္ခင္းေျမေတြပ်က္စီးတဲ့အျပင္ သြားလာရခက္ခဲေနတယ္လို႔ ေအာက္ေတာင္ေပၚေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးကေျပာပါတယ္။

အဲ့ဒီ ေမ်ာမွီးႏြံေရေတြဟာ ေက်း႐ြာထဲက လူေနအိမ္ေတြအျပင္ ဘုန္းႀကီးေက်ာင္း ၊ စာသင္ေက်ာင္းနဲ႔ လယ္ယာစိုက္ခင္းေျမေတြထဲ ဝင္ေရာက္တာေတြ ရွိေနတယ္လို႔လည္း သိရပါတယ္။

” အခုထိ အိမ္ေတြမွာ ဒါေတြဝင္ေတာ့ ဘယ္လိုသြားလို႔ သြားရမွန္းကို မသိေတာ့ဘူး။ အိမ္ေျခ ၄၀ ေလာက္ အေျခအေနဆိုးတယ္၊ စိုက္ခင္းေတြထဲလည္းဝင္တယ္ ၊ ဘုန္းႀကီးေက်ာင္းေရာ စာသင္ေက်ာင္းပါ ဝင္တယ္။ အပင္ေတြဆိုရင္ ႏြံဖုံးလို႔ ေသကုန္ၿပီ။ က်န္းမာေရးအရဆိုရင္လည္း ဒီေမ်ာႏြံေရေတြေၾကာင့္ စိုးရိမ္ရတယ္။ အရင္ကလည္း ဒီလိုျဖစ္ခဲ့လို႔ ခံဝန္လက္မွတ္ သုံးႀကိမ္ထိုးခိုင္းၿပီးၿပီ ၊ ဒါ စည္းကမ္းေဖာက္တာျဖစ္တယ္ ” လို႔ ေအာက္ေတာင္ေပၚေက်း႐ြာအုပ္ခ်ဳပ္ေရးမႈး ဦးခ်စ္ေမာင္က ေျပာပါတယ္။

ေက်း႐ြာရဲ႕ လက္ရွိအေျခေနကို ဟုမၼလင္းၿမိဳ႕နယ္စီမံခန႔္ခြဲေရးေကာ္မတီဆီကို တင္ျပထားၿပီး လက္ရွိ‌အခ်ိန္ထိေတာ့ လာေရာက္ေျဖရွင္းေပးတာမရွိေသးဘူးလို႔ သိရပါတယ္။

ေ႐ႊေမ်ာလုပ္ငန္းေတြကေတာ့ လက္ရွိခ်ိန္ထိ စက္ေတြေမာင္းႏွင္ကာ ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ၿပီး ေက်း႐ြာက သြားေရာက္ေျပာၾကားခဲ့ေပမယ့္လည္း ဆက္လက္လုပ္ကိုင္ေနၾကတယ္လို႔ သိရပါတယ္။

ေအာက္ေတာင္ေပၚေက်း႐ြာမွာ ေမ်ာမွီးႏြံေရေတြဝင္ေရာက္မႈေၾကာင့္ လယ္ဧက ၂၀ ဝန္းက်င္ပ်က္စီးခဲ့ေၾကာင္းသိရၿပီး အဲ့ဒီအတြက္ ေဒသခံေတြက ေလ်ာ္ေၾကး‌ေငြ
ရရွိဖို႔ကိုလည္း ေမွ်ာ္လင့္ေနၾကပါတယ္။

ေအာက္ေတာင္ေပၚေက်း႐ြာမွာ အိမ္ေျခ ၈၀ ေက်ာ္ရွိၿပီး လူဦးေရ ၃၀၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။

#voiceofmyanmar #VOM #ဟုမၼလင္း

Related posts

Leave a Comment

VOM News

FREE
VIEW