တရုတ်နိုင်ငံမှာ နှစ်ထပ်စားသောက်ဆိုင်ပြိုကျမှုကြောင့် လူ ၂၉ ဦးသေဆုံး

တရုတ်နိုင်ငံမှာ နှစ်ထပ်စားသောက်ဆိုင်ပြိုကျမှုကြောင့် လူ ၂၉ ဦးသေဆုံး

ပေကျင်း၊ သြဂုတ်-၃၀-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင် ပြိုကျမှုဖြစ်ပွားရာ သေဆုံးသူအရေအတွက်ဟာ ၂၉ ဦးထိ တိုးမြင့်လာပြီး အသက်ရှင်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက သြဂုတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။

ရှန်စီပြည်နယ် ရှောင်ဖန်စီရင်စုရှိ နှစ်ထပ်စားသောက်ဆိုင်တစ်ခုမှာ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပွဲတစ်ခု ကျင်းပစဉ်အတွင်း သြဂုတ် ၂၉ ရက်နံနက်ပိုင်းမှာ အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လူဒါဇင်များစွာ ဒဏ်ရာရခဲ့ပြီး ပြိုကျသွားတဲ့ စားသောက်ဆိုင်အပျက်အစီးတွေကြားကလူ ၅၇ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။ ဒါဏ်ရာရသူအများစု]ာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိပေမယ့်လည်း ခုနှစ်ဦးကတော့ အခြေအနေစိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဆောက်အဦးပြိုကျရတဲ့ အကြောင်းရင်းကို မသိရှိရသေးပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည်နယ်တာဝန်ရှိသူတွေက ကြီးကြပ်သွားမယ်လို့ ဗဟိုအစိုးရရဲ့ နိုင်ငံတော်ကောင်စီကပြောပါတယ်။

တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်မှုတွေကြောင့် အဆောက်အအုံပြိုကျတာတွေနဲ့ လူသေဆုံးစေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုတွက အမြဲလိုလိုဖြစ်ပွားလေ့ရှိပါတယ်။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

တရုတ္နုိင္ငံမွာ နွစ္ထပ္စားေသာက္ဆိုင္ျပိဳက်မႈေၾကာင္႔ လူ ၂၉ ဦးေသဆံုး

ေပက်င္း၊ ၾသဂုတ္-၃၀-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံေျမာက္ပိုင္းရိွ စားေသာက္ဆုိင္တစ္ဆိုင္ ျပိဳက်မႈျဖစ္ပြားရာ ေသဆံုးသူအေရအတြက္ဟာ ၂၉ ဦးထိ တိုးျမင္႔လာျပီး အသက္ရွင္သူေတြကို ရွာေဖြကယ္ဆယ္ေရးေတြ ဆက္လက္လုပ္ေဆာင္ေနၾကတယ္လို႔ တရုတ္နုိင္ငံပိုင္ သတင္းဌာနက ၾသဂုတ္ ၃၀ ရက္မွာ ေဖာ္ျပပါတယ္။

ရွန္စီျပည္နယ္ ေရွာင္ဖန္စီရင္စုရိွ နွစ္ထပ္စားေသာက္ဆိုင္တစ္ခုမွာ အသက္ရွစ္ဆယ္ျပည္႔ေမြးေန႔ပြဲတစ္ခု က်င္းပစဥ္အတြင္း ၾသဂုတ္ ၂၉ ရက္နံနက္ပိုင္းမွာ အေဆာက္အဦျပိဳက်မႈျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။

လူဒါဇင္မ်ားစြာ ဒဏ္ရာရခဲ႔ျပီး ျပိဳက်သြားတဲ႔ စားေသာက္ဆိုင္အပ်က္အစီးေတြၾကားကလူ ၅၇ ဦးကို ကယ္ထုတ္ခဲ႔ရပါတယ္။ ဒါဏ္ရာရသူအမ်ားစု]ာ အသက္အႏၱရာယ္စိုးရိမ္ရျခင္းမရိွေပမယ္႔လည္း ခုနွစ္ဦးကေတာ႔ အေျခအေနစိုးရိမ္ရတယ္လို႔ ဆိုပါတယ္။

အေဆာက္အဥိီးျပိဳက်ရတဲ႔ အေၾကာင္းရင္းကို မသိရိွရေသးေပမယ္႔ ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး စံုစမ္းစစ္ေဆးမႈတစ္ရပ္ကို ျပည္နယ္တာ၀န္ရိွသူေတြက ၾကီးၾကပ္သြားမယ္လို႔ ဗဟိုအစိုးရရဲ႕ နိုင္ငံေတာ္ေကာင္စီကေျပာပါတယ္။

တရုတ္နုိင္ငံမွာ ေဆာက္လုပ္ေရးဆိုင္ရာ ေဘးကင္းလံုျခံဳမႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ခ်ိဳးေဖာက္မႈေတြေၾကာင္႔ အေဆာက္အအံုျပိဳက်တာေတြနဲ႔ လူေသဆံုးေစတဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ မေတာ္တဆမႈတြက အျမဲလိုလိုျဖစ္ပြားေလ႔ရိွပါတယ္။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW