အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်နေ့တည်း ကမ္ဘာ့စံချိန်တင်

အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်နေ့တည်း ကမ္ဘာ့စံချိန်တင် ဒေလီ၊ သြဂုတ်-၃၀-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါကူးစက်ပံျံ့နှံ့မှုရဲ့ ဗဟိုချက်ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တည်းစံချိန်တင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက သြဂုတ် ၃၀ ရက်မှာပြောပါတယ်။ ကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တည်း ၇၈၇၆၁ ဦးရှိပြီး ဇူလိုင် ၁၆ ရက်က အမေရိကန်မှာ စံချိန်တင်ခဲ့တဲ့ တစ်နေ့တည်းကူးစက်ခံရသူ ၇၇၂၉၉ ဦးထက်ကို ကျော်လွန်သွားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဟာ ၃ ဒသမ ၅၄ သန်းရှိနေပြီး အမေရိကန်၊ ဘရာဇီးနိုင်ငံတို့ပြီးရင် ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃ အဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် နေ့စဉ်ကူးစက်မှုနှုန်းမှာတော့ အဲဒီနှစ်နိုင်ငံထက် အိန္ဒိယနိုင်ငံက သာလွန်နေပါတယ်။ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ ၆၃၄၉၈ ဦးရှိနေပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက…

Read More

တရုတ်နိုင်ငံမှာ နှစ်ထပ်စားသောက်ဆိုင်ပြိုကျမှုကြောင့် လူ ၂၉ ဦးသေဆုံး

တရုတ်နိုင်ငံမှာ နှစ်ထပ်စားသောက်ဆိုင်ပြိုကျမှုကြောင့် လူ ၂၉ ဦးသေဆုံး ပေကျင်း၊ သြဂုတ်-၃၀-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင် ပြိုကျမှုဖြစ်ပွားရာ သေဆုံးသူအရေအတွက်ဟာ ၂၉ ဦးထိ တိုးမြင့်လာပြီး အသက်ရှင်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေကြတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက သြဂုတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။ ရှန်စီပြည်နယ် ရှောင်ဖန်စီရင်စုရှိ နှစ်ထပ်စားသောက်ဆိုင်တစ်ခုမှာ အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပွဲတစ်ခု ကျင်းပစဉ်အတွင်း သြဂုတ် ၂၉ ရက်နံနက်ပိုင်းမှာ အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူဒါဇင်များစွာ ဒဏ်ရာရခဲ့ပြီး ပြိုကျသွားတဲ့ စားသောက်ဆိုင်အပျက်အစီးတွေကြားကလူ ၅၇ ဦးကို ကယ်ထုတ်ခဲ့ရပါတယ်။ ဒါဏ်ရာရသူအများစု]ာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိပေမယ့်လည်း ခုနှစ်ဦးကတော့ အခြေအနေစိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အဆောက်အဦးပြိုကျရတဲ့ အကြောင်းရင်းကို မသိရှိရသေးပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည်နယ်တာဝန်ရှိသူတွေက ကြီးကြပ်သွားမယ်လို့ ဗဟိုအစိုးရရဲ့ နိုင်ငံတော်ကောင်စီကပြောပါတယ်။ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်မှုတွေကြောင့် အဆောက်အအုံပြိုကျတာတွေနဲ့…

Read More

အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို အဓမ္မ ၂ကြိမ်ပြုကျင့်မှုဖြစ်ပွား

အဘိုးဖြစ်သူက မြေးအရင်းဖြစ်သူကို အဓမ္မ ၂ကြိမ်ပြုကျင့်မှုဖြစ်ပွား နေပြည်တော်၊ဩဂုတ် ၃၀-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်‌း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာမှာ အဘိုးဖြစ်သူ အသက် ၈၀ ကျော်အရွယ်အမျိုးသားက အသက် ၁၀ နှစ်အရွယ် မြေးအရင်းဖြစ်သူ မိန်းကလေးကို အဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျုးလွန်ခဲ့တယ်ဆိုပြီး မနေ့ ဩဂုတ်လ၂၉ ရက်နေ့မှာ လာရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။ ” သားက မွေးတဲ့ မြေးမလေးပါ။ တစ်ရွာတည်း အတူနေပေမယ့် တစ်အိမ်ထဲအတူမနေကြပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်က တစ်ကြိမ်၊ အခုလ ၁၈ ရက်နေ့က တစ်ကြိမ်၊ နှစ်ကြိမ်ကျုးလွန်ခဲ့ပြီး၊ ကျုးလွန်ချိန် မြင်သူတစ်ဦးက‌ အသိလာပေးတောမှ သိခဲ့ရတာပါ” လို့ ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲ့ကြီးကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ်အ မျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိ‌နေချိန်…

Read More

လူနာအမှတ်-၆၀၆နဲ့ ယာဉ်အတူစီးလာသူကို ရှာတွေ့

လူနာအမှတ်-၆၀၆နဲ့ ယာဉ်အတူစီးလာသူကို ရှာတွေ့ နေပြည်တော်၊ သြဂုတ် ၃၀-၂၀၂၀ ကိုထွန်း(VOM) သြဂုတ်လ ၂၈ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ COVID-19 အတည်ပြုလူနာအမှတ်-၆၀၆ နဲ့ အတူ ယာဉ်တစ်စီးထဲ အတူစီးနှင်းခဲ့သူ (၂)ဦးကို နေပြည်တော်က အစိုးရဝန်ထမ်းအိမ်ရာမှာရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထဲက ၁ ဦးဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အငြိမ်းစားဝန်ထမ်းဖြစ်ပြီး နောက် တစ်ဦးကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့(၂)ဦးဟာ သြဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ၊ သန်လျင်မြို့၊ အမှုထမ်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးတော်စပ်သူရဲ့ နာရေးကို သွားရောက်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ သူတို့တွေဟာ ပျဉ်းမနားမြို့ ခုတင် ၂၀၀…

Read More
VOM News

FREE
VIEW