ကျပ်သိန်း ၁ဝဝဝ အောက် စည်းကြပ်မှုလွတ်နေတဲ့ ဝင်ငွေခွန်ကို ၆ ရာခိုင်နူန်း တိုးမြှင့်ကောက်ခံမယ်

ကျပ်သိန်း ၁ဝဝဝ အောက် စည်းကြပ်မှုလွတ်နေတဲ့ ဝင်ငွေခွန်ကို ၆ ရာခိုင်နူန်း တိုးမြှင့်ကောက်ခံမယ်

နေပြည်တော်၊ဩဂုတ်၂၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ကျပ်သိန်း ၁၀၀၀ အောက် စည်းကြပ်မှုကင်းလွတ်နေတဲ့ ဝင်ငွေခွန်တွေကို ၆
ရာခိုင်းနူန်း တိုးမြှင့်ကောက်ခံသွားမယ့်အပြင် ကျပ်သိန်းတစ်ထောင်နဲ့အထက်ကိုတော့ ၁၀
ရာခိုင်နူန်းကနေ ၃၀ ရာခိုင်နူန်းထိပြင်ဆင် တိုးမြင့်ကောက်ခံသွားမယ်လို့ဩဂုတ် ၂၈ ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တာဖြစ်ပါတယ်။

” ပြင်ဆင်‌ချက်အဆိုကို တင်တဲ့သူက တင်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ‌ဆွေးနွေးသဘောတူညီချက်တွေရပြီးမှ အတည်ပြုလိုက်တဲ့ သဘောပါ။ အခွန်နဲ့ပတ်သက်လို့ ဆေးလိပ်လို ကန့်သတ်ကုန်စည်တွေဆိုလည်း ပြားစွန်းလောက်တိုးတယ်။ စည်းကြပ်မှုလွတ်နေတဲ့အခွန်ကတော့ နှစ်ဆနီးပါး တိုးတာပေါ့” လို့ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့စည်းများဆိုင်ရာကော်မတီဥက္ကဌ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ပြောပါတယ်။

၂၀၁၉ခုနှစ် ထုတ်ပြန်ထားတဲ့ အခွန်အကောက်ဥပဒေမှာတော့ စည်းကြပ်မှုလွတ်ကင်းနေတဲ့ ဝင်ငွေများ၊ ဝင်ငွေရေရပေါက်ရလမ်းမဖော်ပြနိုင်သော ဝင်ငွေများအ‌ပေါ်တွင်လည်းကောင်း၊ အခွန်ကောက်ခံရာမှာ ကျပ်သိန်းတစ်ထောင်အောက် ၃ ရာခိုင်နှုန်း ၊ ကျပ်သိန်းတစ်ထောင်အထက် ကျပ်သိန်းသုံးထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန‌်းသုံးထောင်အထက် ကျပ်သိန်းသုံသောင်းအထိ ၁၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း သုံးသောင်းနဲ့အထက်ကို ၃၀ ရာခိုင်နှုန်းထိ ကောက်ခံခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိတိုးမြင့်ကောက်ခံလိုက်တဲ့ အခွန်ကိစ္စက အိမ်ခြံမြေ တန်ဖိုးကြီးရောင်းဝယ်ကြမယ့်သူတွေနဲ့ အကြီးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအပေါ် သက်ရောက်မှုများနိုင်ပေမယ့် အလတ်စားနဲ့အသေးစားလုပ်ငန်းတွေကိုတော့ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့
ပြည်မြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

အခုနှစ် ဩဂုတ်လ၂၈ ရက်နေ့က အတည်ပြုထုတ်ပြန်လိုက်တဲ့ ၂ဝ၂ဝ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေသစ်အရ ကျပ်သိန်းတစ်ထောင်အောက် ၆ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက် သိန်းသုံးထောင်အထိ ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အ ထက် ကျပ်သိန်းသုံးသောင်းအထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းနဲ့အထက် ၃ဝ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမယ်လို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

က်ပ္သိန္း ၁ဝဝဝ ေအာက္ စည္းၾကပ္မႈလြတ္ေနတဲ့ ဝင္ေငြခြန္ကို ၆ ရာခိုင္ႏူန္း တိုးျမႇင့္ေကာက္ခံမယ္

ေနျပည္ေတာ္၊ဩဂုတ္၂၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

က်ပ္သိန္း ၁၀၀၀ ေအာက္ စည္းၾကပ္မႈကင္းလြတ္ေနတဲ့ ဝင္ေငြခြန္ေတြကို ၆
ရာခိုင္းႏူန္း တိုးျမႇင့္ေကာက္ခံသြားမယ့္အျပင္ က်ပ္သိန္းတစ္ေထာင္နဲ႔အထက္ကိုေတာ့ ၁၀
ရာခိုင္ႏူန္းကေန ၃၀ ရာခိုင္ႏူန္းထိျပင္ဆင္ တိုးျမင့္ေကာက္ခံသြားမယ္လို႔ဩဂုတ္ ၂၈ ရက္ကက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကေန အတည္ျပဳလိုက္တာျဖစ္ပါတယ္။

” ျပင္ဆင္‌ခ်က္အဆိုကို တင္တဲ့သူက တင္ထားတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ‌ေဆြးေႏြးသေဘာတူညီခ်က္ေတြရၿပီးမွ အတည္ျပဳလိုက္တဲ့ သေဘာပါ။ အခြန္နဲ႔ပတ္သက္လို႔ ေဆးလိပ္လို ကန္႔သတ္ကုန္စည္ေတြဆိုလည္း ျပားစြန္းေလာက္တိုးတယ္။ စည္းၾကပ္မႈလြတ္ေနတဲ့အခြန္ကေတာ့ ႏွစ္ဆနီးပါး တိုးတာေပါ့” လို႔ အစိုးရမဟုတ္ေသာျပည္တြင္းျပည္ပအဖြဲ႕စည္းမ်ားဆိုင္ရာေကာ္မတီဥကၠဌ၊ အမ်ိဳးသားလြတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းဦးက ေျပာပါတယ္။

၂၀၁၉ခုႏွစ္ ထုတ္ျပန္ထားတဲ့ အခြန္အေကာက္ဥပေဒမွာေတာ့ စည္းၾကပ္မႈလြတ္ကင္းေနတဲ့ ဝင္ေငြမ်ား၊ ဝင္ေငြေရရေပါက္ရလမ္းမေဖာ္ျပႏိုင္ေသာ ဝင္ေငြမ်ားအ‌ေပၚတြင္လည္းေကာင္း၊ အခြန္ေကာက္ခံရာမွာ က်ပ္သိန္းတစ္ေထာင္ေအာက္ ၃ ရာခိုင္ႏႈန္း ၊ က်ပ္သိန္းတစ္ေထာင္အထက္ က်ပ္သိန္းသုံးေထာင္အထိ ၅ ရာခိုင္ႏႈန္း၊ က်ပ္သိန‌္းသုံးေထာင္အထက္ က်ပ္သိန္းသုံေသာင္းအထိ ၁၀ ရာခိုင္ႏႈန္းနဲ႔ က်ပ္သိန္း သုံးေသာင္းနဲ႔အထက္ကို ၃၀ ရာခိုင္ႏႈန္းထိ ေကာက္ခံခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိတိုးျမင့္ေကာက္ခံလိုက္တဲ့ အခြန္ကိစၥက အိမ္ၿခံေျမ တန္ဖိုးႀကီးေရာင္းဝယ္ၾကမယ့္သူေတြနဲ႔ အႀကီးစားစီးပြားေရးလုပ္ငန္း လုပ္ကိုင္ေနသူေတြအေပၚ သက္ေရာက္မႈမ်ားႏိုင္ေပမယ့္ အလတ္စားနဲ႔အေသးစားလုပ္ငန္းေတြကိုေတာ့ အက်ိဳးသက္ေရာက္မႈ မရွိႏိုင္ဘူးလို႔
ျပည္ၿမိဳ႕ေဒသခံ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုပါတယ္။

အခုႏွစ္ ဩဂုတ္လ၂၈ ရက္ေန႔က အတည္ျပဳထုတ္ျပန္လိုက္တဲ့ ၂ဝ၂ဝ ခုႏွစ္ ျပည္ေထာင္စုရဲ႔ အခြန္အေကာက္ဥပေဒသစ္အရ က်ပ္သိန္းတစ္ေထာင္ေအာက္ ၆ရာခိုင္ႏႈန္း၊ က်ပ္သိန္းတစ္ေထာင္အထက္ သိန္းသုံးေထာင္အထိ ၁ဝ ရာခိုင္ႏႈန္း၊ က်ပ္သိန္းသုံးေထာင္အ ထက္ က်ပ္သိန္းသုံးေသာင္းအထိ ၂ဝ ရာခိုင္ႏႈန္း၊ က်ပ္သိန္းသုံးေသာင္းနဲ႔အထက္ ၃ဝ ရာခိုင္ႏႈန္းတိုးျမွင့္ေကာက္ခံမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW