အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာ သတင်းအမှားသာဖြစ်

အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာ သတင်းအမှားသာဖြစ် နေပြည်တော်၊ဩဂုတ်၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြည်တွင်းကူးစက်နေမှု တစ်ကျော့ပြန်လာခဲ့ပြီးနောက် အခြေခံပညာကျောင်းတွေကို စာသင်နှစ် ၁နှစ် ရပ်နားလိုက်တယ်ဆို‌တဲ့ သတင်းတွေထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ ” ဟိုနေ့ကလည်း ယာယီနားတယ်လို့ဖြေထားတယ်။ ဒီကနေ့လည်း သတင်းစာမှာ ထုတ်ပြန်ထားတယ်လေ။ ယာယီ ရပ်နားတာဖြစ်လို့ အခြေအနေတည်ငြိမ်တာနဲ့ ချက်ခြင်းပြန်ဖွင့်မယ်”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုနူန်းပြန်လည်မြင့်တက်သွားခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေကို ဩဂုတ်လ၂၇ရက်‌နေ့မှာ ယာယီစတင်ရပ်နားခဲ့တာဖြစ်ပေမယ့် စာသင်နှစ် တစ်နှစ်လုံးရပ်နားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေခြင်း အနည်းငယ်လျော့ကျခဲ့ချိန် ဇူလိုင်လတတိယပတ်မှာ အခြေခံပညာအထက်တန်းကျောင်းတွေ ၊ပုဂ္ဂလိက အထက်တန်းကျောင်းတွေကို စတင်ဖွင့်ခဲ့ပြီး တစ်‌လကျော်အကြာမှာ အခုလိုမျိုး ယာယီပြန်ပိတ်ခဲ့တာဖြစ် ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေ ပိတ်သိမ်းရခြင်းကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးရပေမယ့်…

Read More

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်တော့မယ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနေ နှုတ်ထွက်တော့မယ် တိုကျို၊ သြဂုတ်-၂၈-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ရာထူးကနေ နှုတ်ထွက်ဖို့ စီစဉ်ထားတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတစ်ခုကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပြီး မကြာသေးမီက ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၅ နှစ်အရွယ် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ သူ့ရဲ့အစိုးရအဖွဲ့မှာ ပြသနာတွေဖြစ်လာမှာကိုလည်း ရှောင်ရှားလိုတဲ့ဆန္ဒရှိနေတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ ရှင်ဇိုအာဘေးဟာ ၂၀၁၂ ခုနှစ်မှာ အာဏာရရှိပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ ရာထူးတာဝန်ကို အကြာရှည်ဆုံး ဆက်တိုက်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဖြစ်ပွားခဲ့တဲ့ အစာအိမ် အူလမ်ကြောင်းရောဂါကြောင့် ၂၀၀၇ ခုနှစ်ကလည်း ဝန်ကြီးချုပ်ရာထူးကနေ ရုတ်တရက်နှုတ်ထွက်ခဲ့ဖူးပါတယ်။ သူဟာ မကြာသေးမီက တစ်ပတ်အတွင်း ဆေးရုံမှာ…

Read More

ရွှေစက်တော်ဘေးမဲ့တောက ခိုးယူခံရတဲ့ ကြယ်လိပ်တွေထဲက ၉ကောင်ကိုပြန်ရှာတွေ့

ရွှေစက်တော်ဘေးမဲ့တောက ခိုးယူခံရတဲ့ ကြယ်လိပ်တွေထဲက ၉ကောင်ကိုပြန်ရှာတွေ့ မကွေး၊ သြဂုတ်၂၈-၂၀၂၀ ဂျန်ကိုးလ်( VOM ) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၂ရက်နေ့က ခိုးယူခံရတဲ့ မြန်မာ့မျိုးရင်းကြယ်လိပ် (၁၅၇) ကောင်ထဲက ၉ကောင်ကို မနေ့သြဂုတ်၂၇ရက်နေ့က မကွေးရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့ပြီး ဘေးမဲ့တောကိုပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ”၉ကောင်ပြန်ရတာဟုတ်ပါတယ်၊ လိပ်တွေကျန်းမာရေးကောင်းပါတယ်၊ တကယ်တော့ ၁၀ကောင်၊ ၁ကောင်က ကျနော်တို့လွှတ်ထားတဲ့ အသက်ကြီးကြီးအကောင်ပေါ့၊ ၉ကောင်က ကျွန်တော့်ခြံကနေပျောက်တဲ့အကောင်ပါ၊ ယာဉ်တိုက်မှုတစ်ခုကနေ အထုတ်ကျကျန်ခဲ့တာ၊ လှုပ်လှုပ်နဲ့ဆိုတော့မြွေတွေထင်တာ နောက်မှလိပ်တွေဖြစ်နေတာ” လို့ပြောတယ်”လို့ ရွှေစက်တောာ် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးတင့်က VOMကိုပြောပါတယ်။ ကြယ်လိပ်တွေကို ယူဆောင်သွားခဲ့တဲ့ အမျိုးသားကို (ပ)၃/(၂၀၂၀)၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်း‌ရေးနယ်မြေကာကွယ်‌စောင့်ရှောက်ခြင်းဆိုင်ရာ ဥပ‌ဒေပုဒ်မ-၄၁(က)နဲ့ စကုနယ်‌မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။ အမှုဖွင့်တာနဲ့ပတ်သက်ပြီး မကွေးယာဉ်ထိန်းတပ်ဖွဲ့ကို အတည်ပြုဖို့အတွက် ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ရွှေစက်တော်ဘေးမဲ့တောရဲ့ ဦးစီးအရာရှိဦးသိန်းလွင်ကလည်း…

Read More

ထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးတဲ့ ဟောင်ကောင်သားတွေကို တရုတ်အာဏာပိုင်တွေဖမ်းဆီး

ထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးတဲ့ ဟောင်ကောင်သားတွေကို တရုတ်အာဏာပိုင်တွေဖမ်းဆီး ပေကျင်း၊ သြဂုတ်-၂၈-၂၀၂၀ မျိုးဆက် (VOM) ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ဦးတည်သွားရောက်တယ်လို့ ယုံကြည်ရတဲ့ သင်္ဘောတစ်စင်းကို ကြားဖြတ်တားဆီးပြီးနောက် ဟောင်ကောင်ဒေသခံ ၁၀ ဦးထက်မနည်းကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲ့ဒီလိုဖမ်းဆီးမှုကို ဟောင်ကောင်အနီးရှိ ဂွမ်ဒေါင်းပြည်နယ်မှာ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့အတွက် ထိုင်ဝမ်ကိုသွားဖို့ ကြိုးစားခဲ့ကြတာလို့ ဟောင်ကောင်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဟောင်ကောင်တက်ကြွလှုပ်ရှားသူ အန်ဒီလီလည်းပါဝင်တယ်လို့ ပြောပါတယ်။ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု၊ ငွေးကြေးခဝါချမှုတို့ကြောင့် အခုလအစောပိုင်းကလည်း ဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာလီဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုသံသယကြောင့် ထိန်းသိမ်းခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆောက်ချိုင်းနားမောနီးပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်ရှိထိန်းသိမ်းထားသူကို ဘယ်လိုအမှုနဲ့ တရားစွဲမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဟောင်ကောင်ကနေ ထိုင်ဝမ်ကို…

Read More

အမြန်လမ်းမှာရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက်၊ လူ၂ဦးသေဆုံး

အမြန်လမ်းမှာရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ် ဝင်တိုက်၊ လူ၂ဦးသေဆုံး နေပြည်တော်၊ဩဂုတ်၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်-၁၅၃ အနီးမှာ ဒီကနေ့မနက်၂ နာရီခွဲခန့်က ရပ်ထားတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကို ကုန်တင်ယာဉ်တစ်စီးက နောက်ကနေ ဝင်တိုက်မိရာ ကုန်တင်ယာဉ်ပေါ်က အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ကုန်တင်ယာဉ်က တရားဝင်ဖြတ်သန်းမောင်းနှင်ခွင့်ရှိပါတယ်။ အရေးယူမှုအပိုင်းမှာတော့ ဝင်တိုက်တဲ့ ကုန်ကားဒရိုင်ဘာကို အရေးယူတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ စပါယ်ယာသေဆုံးသွားပြီး ခရီးသည်တင်ယာဉ်က အမျိုးသားတစ်ဦး ဒဏ်ရာရတယ်”လို့ ဇီးပင်သာအမြန်လမ်းရဲစခန်းမှူးက ပြောပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း မကွေး- ရန်ကုန် ပြေးဆွဲ‌နေတဲ့ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ဟာ မိုင်တိုင်-၁၅၃အနီးမှာ စက်ချို့ယွင်းလို့ ရပ်တန့် ပြုပြင်နေချိန် အနောက်ကနေ အသက်(၂၇နှစ်)အရွယ် အမျိုးသား ၁ဦး မောင်းလာတဲ့ ဟွန်ဒိုင်းအမျိုးအစား ကုန်တင်ယာဉ်တစ်စင်းက အရှိန်နဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် ရွှေမန်းသူယာဉ်လိုင်းမှ အမျိုးသားတစ်ဦးသာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ကုန်တင်ယာဉ်ပေါ်က…

Read More

မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူဦးရေ ၁၄၀ ကျော်ကို ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးကို တိုင်ကြား

မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူဦးရေ ၁၄၀ ကျော်ကို ငွေကြေးတောင်းခံခဲ့တယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးကို တိုင်ကြား စစ်ကိုင်း ၊ သြဂုတ် – ၂၈ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းမြို့နယ်၊ ရေတွင်းကောင်းကျေးရွာက ဒေသခံ ၁၄၀ ကျော်ဆီကနေ မှတ်ပုံတင်ပြုလုပ်ဖို့အတွက် လူတစ်ဦးကို ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံခဲ့တယ်လို့ဆိုကာ ရေတွင်းခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကို စစ်ကိုင်းမြို့မရဲစခန်းမှာ ဒေသခံတွေက တိုင်ကြားထားတယ်လို့ ဦးဆောင်တိုင်ကြားသူ ဦးကျော်မိုးက ပြောပါတယ်။ ” ရေတွင်းခေါင်းရွာကို မိုက်နဲ့ဟစ်ပြီး မှတ်ပုံတင်လုပ်မယ့်ရွာသူရွာသားများ ၁၈ နှစ်ပြည့်တဲ့သူများ သူ့ဆီကို စာရင်းလာပေးရင်းနဲ့ တစ်ယောက် ၅၀၀၀ ဆိုပြီး ပြောကောက်ပါတယ်၊ ပိုက်ဆံကောက်တဲ့အဖွဲ့ထဲမှာ ကျနော့်တူပါတယ်၊ ပိုက်ဆံကောက်တာ မင်းတို့လားဆိုတော့၊ သူ့ကို အကူအညီတောင်းလို့ စာရင်းပဲမှတ်ရတာပါ၊ ဥက္ကဋ္ဌကပဲယူတာပေါ့ တစ်ယောက် ၅၀၀၀ ကို စာရင်းကတော့ လူဦးရေ ၁၄၀…

Read More

စစ်တွေနဲ့ မကွေးကိုသယ်ယူနေတဲ့ ရေထွက်ကုန်စည်တွေ တန်ဆာခဈေးနူန်း တစ်ပိသာကို ၆၀ ကျပ်အထိ ဈေးမြှင့်တက်လာ

စစ်တွေနဲ့ မကွေးကိုသယ်ယူနေတဲ့ ရေထွက်ကုန်စည်တွေ တန်ဆာခဈေးနူန်း တစ်ပိသာကို ၆၀ ကျပ်အထိ ဈေးမြှင့်တက်လာ မကွေး၊ သြဂုတ်၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်တွေဒေသကထွက်ရှိတဲ့ ရေထွက်ကုန်စည် အသား၊ငါးတွေကို မကွေးမြို့ကို သယ်ယူပို့ဆောင်တဲ့အခါ အခုရက်ပိုင်းမှာ ကုန်စည်တစ်ပိသာ ငွေကျပ် ၆၀ အထိ ဈေးနူန်းမြှင့်တက်လာတယ်လို့ ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ” စစ်တွေကထွက်တဲ့ ပင်လယ်စာ ရေထွက်ကုန်တွေ မကွေးကိုသယ်တဲ့အခါ အရင်က ကုန်တစ်ပိသာ တန်ဆာခ ၁၃၀ ကျပ်ဖြစ်တယ်၊ ဒီရက်ပိုင်းမှာ အဲ့ဒီလမ်းကြောင်းကို မောင်းမယ့် ကားသမား ခေါ်ဖို့မလွယ်ဘူး၊ ရခိုင်ဘက်မှာ မောင်းတဲ့လူတစ်ယောက်နဲ့ မကွေးဘက်ကို မောင်းတဲ့လူတစ်ယောက်ဆိုပြီး လမ်းတကြောင်းကို ကားမောင်းတဲ့သူ နှစ်ယောက်ခေါ်ရတယ်၊ အရင်က ယာဉ်မောင်းစရိတ်က တစ်ယောက်စာပဲကုန်တယ်၊ အခုဟာက နောက်တစ်ယေက်အတွက်ပါ ထပ်ဆောင်းပိုကုန်မှ အလုပ်ဖြစ်တော့တယ်၊ အဲ့ဒီလိုကြောင့်မို့ တန်ဆာခက တစ်ပိသာ ၁၉၀ ကျပ် ဖြစ်သွားရတာ”…

Read More

ဧရာဝတီတိုင်းမှာ နိင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦး ဖမ်းဆီးရမိ

ဧရာဝတီတိုင်းမှာ နိင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦး ဖမ်းဆီးရမိ ပုသိမ်၊ ဩဂုတ် ၂၈-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းအတွင်းကို ခိုးဝင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၂ ဦးကို မနေ့သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ဘိုကလေးမြစ်အတွင်းမှာ ဖမ်းဆီးရမိထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဘိုကလေးမြို့နယ်၊ လှိုင်းဘုန်းနယ်မြေရဲတပ်ဖွဲ့ နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ဟာ သတင်းကြိုတင်ရရှိတဲ့အတွက် တပ်မတော်ရေတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၂၉) ဦး ၊ ကလေး ကျား (၁) ဦး၊ မ (၁) ဦးကို ဖမ်းမိခဲ့တဲ့အပြင် စက်လှေနဲ့ ပို့ဆောင်ပေးတဲ့ ရခိုင်အမျိုးသား (၄) ဦး နဲ့ ဗမာ လူမျိုး (၁) ဦးကိုပါ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးးကြီး ထွန်းရွှေကပြောပါတယ်။ “သတင်းရလို့…

Read More

မြေကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ စည်ပင်ဝန်ထမ်းအချို့ကို စစ်ဆေးအရေးယူမယ်

မြေကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ စည်ပင်ဝန်ထမ်းအချို့ကို စစ်ဆေးအရေးယူမယ် မန္တလေး၊ သြဂုတ် ၂၇-၂၀၂၀ ဖြူဖြူ (VOM) မန္တလေးမြို့ရဲ့ မြေယာကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းအချို့ကို စစ်ဆေးအရေးယူသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ “အဂတိက စိစစ်တယ်၊ အဂတိမမြောက်ဘူးပေါ့။ ဒါပေမယ့် ဌာနဆိုင်ရာတချို့ ကျနော့်ဆီက ဝန်ထမ်းတွေပါတယ်၊ ပွဲစားတွေပါတယ်၊ ဒီကိစ္စကို တိုင်းဒေသကြီးအစိုးရက အရေးယူပေးပါဆိုပြီး ကျနော့်ဆီပို့တာ ကျနော်ပြန်စစ်ပါတယ်။ ဌာနဆိုင်ရာကစစ်တယ်၊ ကျနော်တို့ အစိုးရကစစ်တယ်။ အခု အကုန်လုံးစစ်ပြီးတော့ အစီရင်ခံစာပြန်တက်တာ။ အဲဒါကျနော်တို့က အရေးယူရမှာပေါ့။ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းဥပဒေနဲ့ အရေးယူရမှာပေါ့။”လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။ မြေကွက် ၁၃၀ ကျော်ကိစ္စတွေမှာ သြဇာအာဏာကိုအသုံးပြုပြီး ဂရံအတု၊ လက်မှတ်အတု၊ ပိုင်ရှင်ရှိပြီးသားမြေကွက်တွေကို ပိုင်ရှင်မရှိသေးတဲ့အသွင်နဲ့ ဂရံချထားပေးမှုတွေ ကျူးလွန်လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဥပဒေနဲ့မညီဘဲ လုပ်ထားတဲ့ ဂရံတွေ ဈေးကွက်ထဲရောက်လာရင် နောက်ဆက်တွဲအနေနဲ့…

Read More

ညောင်ကျိုးဂိတ်စခန်းက သုံးရက်ကြာပိတ်မိနေတဲ့ကားတွေကို ခေါ်ထုတ်

ညောင်ကျိုးဂိတ်စခန်းက သုံးရက်ကြာပိတ်မိနေတဲ့ကားတွေကို ခေါ်ထုတ် ပြည်၊ ဩဂုတ်လ ၂၇-၂၀၂၀ လမင်း(VOM) ပြည်မြို့၊ ပန်းတောင်းမြို့နယ်အပိုင် ရခိုင်ပြည်နယ်အထွက် ညောင်ကျိုးဂိတ်စခန်းမှာ ၃ ရက်ကြာပိတ်မိနေတဲ့ကားတွေကို ဒီကနေ့မနက်ပိုင်းက ပြည်မြို့နယ် အမှတ် -၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျနဲ့ မိုးမေတ္တာနာရေးကူညီမှုအသင်းတို့က သွားရောက်ခေါ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ “အဓိကကတော့ ၃ ရက်လောက် လမ်းဘေးမှာ ကားထဲမှာပဲနေရတော့ သူတို့ကျန်းမာရေးအခက်အခဲဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျနဲ့ကျွန်တော်တို့သွားတယ်၊ အဓိကကတော့ ကိုကျော်ဇေယျက လက်မှတ်ထိုးပြီးတော့ သူတို့ ဒီလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒီလူအကုန်လုံးကို ကွာရန်တင်းနေဖို့ သူတို့နဲ့ခံဝန်လုပ်ပြီးတော့ လက်မှတ်ထိုးထုတ်လာတာပါ” လို့ မိုးမေတ္တာနာမှုကူညီရေးအသင်းက ကိုညီညီအောင်းကVOM ကိုပြောပါတယ်။ အရင်ကသွားရောက်ခေါ်ဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ မိုးမေတ္တာ နာ/ကူက ပရဟိတသမားတွေအပြင် သတင်းရယူခဲ့တဲ့ သတင်းထောက် ၂ ဦးဟာလည်း အခုလက်ရှိ ပြည်တက္ကသိုလ်ထဲမှာရှိတဲ့ သန္ဒာဆောင်မှာ ကွာရန်တင်းဝင်ရောက်နေရတယ်လို့ သိရပါတယ်။ ကွာရန်တင်းဝင်ရောက်နေရတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်တဲ့…

Read More
VOM News

FREE
VIEW