ဧရာဝတီတိုင်းမှာ နိင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦး ဖမ်းဆီးရမိ

ဧရာဝတီတိုင်းမှာ နိင်ငံသားအထောက်အထားမဲ့သူ (၄၂)ဦး ဖမ်းဆီးရမိ

ပုသိမ်၊ ဩဂုတ် ၂၈-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်းအတွင်းကို ခိုးဝင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၂ ဦးကို မနေ့သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းက ဘိုကလေးမြစ်အတွင်းမှာ ဖမ်းဆီးရမိထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဘိုကလေးမြို့နယ်၊ လှိုင်းဘုန်းနယ်မြေရဲတပ်ဖွဲ့ နဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ဟာ သတင်းကြိုတင်ရရှိတဲ့အတွက် တပ်မတော်ရေတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၂၉) ဦး ၊ ကလေး ကျား (၁) ဦး၊ မ (၁) ဦးကို ဖမ်းမိခဲ့တဲ့အပြင် စက်လှေနဲ့ ပို့ဆောင်ပေးတဲ့ ရခိုင်အမျိုးသား (၄) ဦး နဲ့ ဗမာ လူမျိုး (၁) ဦးကိုပါ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးးကြီး ထွန်းရွှေကပြောပါတယ်။

“သတင်းရလို့ ရေလမ်းကြောင်းတစ်လျှောက် ဝင်ထွက်လမ်းတွေ့ကနေ စောင့်ဆိုင်းပြီးဖမ်းဆီးနိုင်ခဲ့တာပါ၊ ဆက်လက်အရေးယူနိုင်ရေးအတွက် ကမ်းကပ်ခွင့် မပေးသေးဘဲ ရဲတပ်ဖွဲ့က စောင့်ကြပ်ထားပါတယ်” လို့ ဒုတိယရဲမှူးကြီး ထွန်းရွှေကပြောပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေ ခိုးဝင်လာတဲ့စက်လှေတွေကို လက်ရှိအချိန်ထိ ကမ်းကပ်ခွင့်မပြုသေးဘဲ ပြည်ထောင်စုအစိုးရကို တင်ပြထားပြီး ညွန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ

Zawgyi

ဧရာဝတီတိုင္းမွာ နိင္ငံသားအေထာက္အထားမဲ့သူ (၄၂)ဦး ဖမ္းဆီးရမိ

ပုသိမ္၊ ဩဂုတ္ ၂၈-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္းအတြင္းကို ခိုးဝင္လာတဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူ ၄၂ ဦးကို မေန႔ၾသဂုတ္လ ၂၇ ရက္ေန႔ ညေနပိုင္းက ဘိုကေလးျမစ္အတြင္းမွာ ဖမ္းဆီးရမိထားတယ္လို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕ကေန သိရပါတယ္။

ဘိုကေလးၿမိဳ႕နယ္၊ လိႈင္းဘုန္းနယ္ေျမရဲတပ္ဖြဲ႕ နဲ႔ ေဒသခံအုပ္ခ်ဳပ္ေရးအဖြဲ႕တို႔ဟာ သတင္းႀကိဳတင္ရရွိတဲ့အတြက္ တပ္မေတာ္ေရတပ္ဖြဲ႕ဝင္​ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕က ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသား (၁၁) ဦး၊ အမ်ိဳးသမီး (၂၉) ဦး ၊ ကေလး က်ား (၁) ဦး၊ မ (၁) ဦးကို ဖမ္းမိခဲ့တဲ့အျပင္ စက္ေလွနဲ႔ ပို႔ေဆာင္ေပးတဲ့ ရခိုင္အမ်ိဳးသား (၄) ဦး နဲ႔ ဗမာ လူမ်ိဳး (၁) ဦးကိုပါ ဖမ္းဆီးမိခဲ့တာျဖစ္တယ္လို႔ ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုတိယရဲမႉးးႀကီး ထြန္းေ႐ႊကေျပာပါတယ္။

“သတင္းရလို႔ ေရလမ္းေၾကာင္းတစ္ေလွ်ာက္ ဝင္ထြက္လမ္းေတြ႕ကေန ေစာင့္ဆိုင္းၿပီးဖမ္းဆီးႏိုင္ခဲ့တာပါ၊ ဆက္လက္အေရးယူႏိုင္ေရးအတြက္ ကမ္းကပ္ခြင့္ မေပးေသးဘဲ ရဲတပ္ဖြဲ႕က ေစာင့္ၾကပ္ထားပါတယ္” လို႔ ဒုတိယရဲမွဴးႀကီး ထြန္းေ႐ႊကေျပာပါတယ္။

ဖမ္းဆီးမိခဲ့တဲ့ ႏိုင္ငံသားအေထာက္အထားမဲ့သူေတြ ခိုးဝင္လာတဲ့စက္ေလွေတြကို လက္ရွိအခ်ိန္ထိ ကမ္းကပ္ခြင့္မျပဳေသးဘဲ ျပည္ေထာင္စုအစိုးရကို တင္ျပထားၿပီး ၫြန္ၾကားခ်က္အတိုင္း ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW