အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာ သတင်းအမှားသာဖြစ်

အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာ သတင်းအမှားသာဖြစ်

နေပြည်တော်၊ဩဂုတ်၂၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြည်တွင်းကူးစက်နေမှု တစ်ကျော့ပြန်လာခဲ့ပြီးနောက် အခြေခံပညာကျောင်းတွေကို စာသင်နှစ် ၁နှစ် ရပ်နားလိုက်တယ်ဆို‌တဲ့ သတင်းတွေထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

” ဟိုနေ့ကလည်း ယာယီနားတယ်လို့ဖြေထားတယ်။ ဒီကနေ့လည်း သတင်းစာမှာ ထုတ်ပြန်ထားတယ်လေ။ ယာယီ ရပ်နားတာဖြစ်လို့ အခြေအနေတည်ငြိမ်တာနဲ့ ချက်ခြင်းပြန်ဖွင့်မယ်”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်မှုနူန်းပြန်လည်မြင့်တက်သွားခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေကို ဩဂုတ်လ၂၇ရက်‌နေ့မှာ ယာယီစတင်ရပ်နားခဲ့တာဖြစ်ပေမယ့် စာသင်နှစ် တစ်နှစ်လုံးရပ်နားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေခြင်း အနည်းငယ်လျော့ကျခဲ့ချိန် ဇူလိုင်လတတိယပတ်မှာ အခြေခံပညာအထက်တန်းကျောင်းတွေ ၊ပုဂ္ဂလိက အထက်တန်းကျောင်းတွေကို စတင်ဖွင့်ခဲ့ပြီး တစ်‌လကျော်အကြာမှာ အခုလိုမျိုး ယာယီပြန်ပိတ်ခဲ့တာဖြစ်
ပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတွေ ပိတ်သိမ်းရခြင်းကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးရပေမယ့် ကျီးလန့် စာ စား စာသင်‌နေရတာထက် ပိုဆိုးရွားတယ်လို့ ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတစ်ဦးက ပြောပါတယ်။

Covid-19 ကူးစက်‌ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ကျန်းမာရေးဌာနက လမ်းညွှန်ချက်တွေနဲ့အညီ တစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၇၀၀၀ ကျော်ရှိတဲ့အထဲက ကျောင်းပေါင်း ၅၀၀၀ နီးပါးကို A , B ,C အဆင့်တွေသက်မှတ်ကာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက ဘုန်းတော်ကြီးသင်ကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းပေါင်း ၇၁၇၃ ကျောင်းကို ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ပြီး Aအဆင့်ရ ၃၇၇၂ ကျောင်း၊ B အဆင့်ရ ၁၂၂၀ ကျောင်း၊ C အဆင့်ရ ၈၃၈ ကျောင်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အေျခခံပညာေက်ာင္းေတြ တစ္ႏွစ္နားမယ္ဆိုတာ သတင္းအမွားသာျဖစ္

ေနျပည္ေတာ္၊ဩဂုတ္၂၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကို႐ိုနာဗုိင္းရပ္စ္ေရာဂါပိုး ျပည္တြင္းကူးစက္ေနမႈ တစ္ေက်ာ့ျပန္လာခဲ့ၿပီးေနာက္ အေျခခံပညာေက်ာင္းေတြကို စာသင္ႏွစ္ ၁ႏွစ္ ရပ္နားလိုက္တယ္ဆို‌တဲ့ သတင္းေတြထြက္ေပၚေနတာဟာ သတင္းအမွားသာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

” ဟိုေန႔ကလည္း ယာယီနားတယ္လို႔ေျဖထားတယ္။ ဒီကေန႔လည္း သတင္းစာမွာ ထုတ္ျပန္ထားတယ္ေလ။ ယာယီ ရပ္နားတာျဖစ္လို႔ အေျခအေနတည္ၿငိမ္တာနဲ႔ ခ်က္ျခင္းျပန္ဖြင့္မယ္”လို႔ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္ေရာဂါ ကူးစက္မႈႏူန္းျပန္လည္ျမင့္တက္သြားခဲ့တာေၾကာင့္ ပညာေရးဝန္ႀကီးဌာနက ဖြင့္လွစ္ထားတဲ့ အေျခခံပညာအထက္တန္းေက်ာင္းေတြကို ဩဂုတ္လ၂၇ရက္‌ေန ့မွာ ယာယီစတင္ရပ္နားခဲ့တာျဖစ္ေပမယ့္ စာသင္ႏွစ္ တစ္ႏွစ္လံုးရပ္နားမယ္ဆိုၿပီး သတင္းေတြထြက္ေပၚခဲ့တာလည္း ျဖစ္ပါတယ္။

ျပည္တြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျဖစ္ပြားေနျခင္း အနည္းငယ္ေလ်ာ့က်ခဲ့ခ်ိန္ ဇူလိုင္လတတိယပတ္မွာ အေျခခံပညာအထက္တန္းေက်ာင္းေတြ ၊ပုဂၢလိက အထက္တန္းေက်ာင္းေတြကို စတင္ဖြင့္ခဲ့ၿပီး တစ္‌လေက်ာ္အၾကာမွာ အခုလိုမ်ိဳး ယာယီျပန္ပိတ္ခဲ့တာျဖစ္
ပါတယ္။

တစ္ႏိုင္ငံလုံးမွာရွိတဲ့ အေျခခံပညာအထက္တန္းေက်ာင္းေတြနဲ႔ ပုဂၢလိကစာသင္ေက်ာင္းေတြ ပိတ္သိမ္းရျခင္းေၾကာင့္ စီးပြားေရးအရ နစ္နာဆုံးရႈံးရေပမယ့္ က်ီးလန႔္ စာ စား စာသင္‌ေနရတာထက္ ပိုဆိုး႐ြားတယ္လို႔ ကိုယ္ပိုင္ေက်ာင္းတည္ေထာင္ထားသူတစ္ဦးက ေျပာပါတယ္။

Covid-19 ကူးစက္‌ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးကာလ က်န္းမာေရးဌာနက လမ္းၫႊန္ခ်က္ေတြနဲ႔အညီ တစ္ႏိုင္ငံလုံးရွိ အေျခခံပညာအထက္တန္းေက်ာင္းေပါင္း ၇၀၀၀ ေက်ာ္ရွိတဲ့အထဲက ေက်ာင္းေပါင္း ၅၀၀၀ နီးပါးကို A , B ,C အဆင့္ေတြသက္မွတ္ကာ ျပန္လည္ ဖြင့္လွစ္ခြင့္ေပးခဲ့ျခင္းျဖစ္တယ္လို႔ ပညာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

တိုင္းနဲ႔ျပည္နယ္အသီးသီးက ဘုန္းေတာ္ႀကီးသင္ေက်ာင္းမ်ား၊ အေျခခံပညာအထက္တန္းေက်ာင္းမ်ားနဲ႔ ပုဂၢလိကေက်ာင္းေပါင္း ၇၁၇၃ ေက်ာင္းကို က်န္းမာေရးဝန္ႀကီးဌာနက စစ္ေဆးခဲ့ၿပီး Aအဆင့္ရ ၃၇၇၂ ေက်ာင္း၊ B အဆင့္ရ ၁၂၂၀ ေက်ာင္း၊ C အဆင့္ရ ၈၃၈ ေက်ာင္းရွိတယ္လို႔ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW