မြေကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ စည်ပင်ဝန်ထမ်းအချို့ကို စစ်ဆေးအရေးယူမယ်

မြေကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ စည်ပင်ဝန်ထမ်းအချို့ကို စစ်ဆေးအရေးယူမယ်

မန္တလေး၊ သြဂုတ် ၂၇-၂၀၂၀
ဖြူဖြူ (VOM)

မန္တလေးမြို့ရဲ့ မြေယာကိစ္စတွေမှာ လုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းအချို့ကို စစ်ဆေးအရေးယူသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“အဂတိက စိစစ်တယ်၊ အဂတိမမြောက်ဘူးပေါ့။ ဒါပေမယ့် ဌာနဆိုင်ရာတချို့ ကျနော့်ဆီက ဝန်ထမ်းတွေပါတယ်၊ ပွဲစားတွေပါတယ်၊ ဒီကိစ္စကို တိုင်းဒေသကြီးအစိုးရက အရေးယူပေးပါဆိုပြီး ကျနော့်ဆီပို့တာ ကျနော်ပြန်စစ်ပါတယ်။ ဌာနဆိုင်ရာကစစ်တယ်၊ ကျနော်တို့ အစိုးရကစစ်တယ်။ အခု အကုန်လုံးစစ်ပြီးတော့ အစီရင်ခံစာပြန်တက်တာ။ အဲဒါကျနော်တို့က အရေးယူရမှာပေါ့။ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းဥပဒေနဲ့ အရေးယူရမှာပေါ့။”လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

မြေကွက် ၁၃၀ ကျော်ကိစ္စတွေမှာ သြဇာအာဏာကိုအသုံးပြုပြီး ဂရံအတု၊ လက်မှတ်အတု၊ ပိုင်ရှင်ရှိပြီးသားမြေကွက်တွေကို ပိုင်ရှင်မရှိသေးတဲ့အသွင်နဲ့ ဂရံချထားပေးမှုတွေ ကျူးလွန်လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဥပဒေနဲ့မညီဘဲ လုပ်ထားတဲ့ ဂရံတွေ ဈေးကွက်ထဲရောက်လာရင် နောက်ဆက်တွဲအနေနဲ့ ပြည်သူရော နိုင်ငံတော်ပါ ထိခိုက်နစ်နာတယ်လို့ မြေယာဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“ပိုင်ရှင်ရှိပြီးသားကို မရှိတဲ့ပုံစံနဲ့ချပေးတော့ ရှိပြီးသားပိုင်ရှင်နဲ့ စာရွက်စာတမ်းကလည်း ဈေးကွက်ထဲမှာ ရှိနေမယ်လေ။ နောက်ပိုင်ရှင်အသစ်ကလည်း ဂရံကြီးနဲ့ ဈေးကွက်ထဲရောက်လာမယ်။ ကျနော်တို့ကလည်း မသိဘဲ စည်ပင်ကဂရံဆိုတော့ အကျိုးဆောင်ပေးလိုက်မယ်ဆို နောက်ဝယ်လက်က နစ်နာမယ်၊ နစ်နာတော့ တရားစွဲတာတွေရှိမယ်၊ ကျနော်တို့လည်း လိုက်ရှင်းပေးရမယ်။တကယ်က အဲဒီအရာရှိတွေ အရေးယူတဲ့မြေကွက်တွေကို အများသိအောင်တောင် ထုတ်ပြန်ပေးသင့်တယ်၊ မဟုတ်ရင် ရောင်းမှားဝယ်မှားတွေဖြစ်ကုန်မယ်။”လို့ မြေယာဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အဲဒီမြေကိစ္စတွေနဲ့ ပတ်သက်ခဲ့သူတွေဟာ မန္တလေးမြို့တော် စည်ပင်သာယာကော်မတီက မြို့ပြစီမံကိန်းနဲ့ မြေယာစီမံခန့်ခွဲမှုဌာနက ဌာနမှူး၊ ဌာနခွဲမှူး၊ ဌာနစုမှူးတွေနဲ့ မြေတိုင်းစာရေးတို့အပါအဝင် ၁၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

အရေးယူဖို့အတွက် Cabinet(အစိုးရအဖွဲ့)ကို ချပြပြီး ဆုံးဖြတ်ချက်တွေ၊ ဥပဒေရှုထောင့်က အကြံပြုချက်တွေရယူပြီးမှ ဆောင်ရွက်ရမှာဖြစ်လို့ အချိန်ကာလ တိတိကျကျ မပြောနိုင်သေးဘူးလို့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာ အခုအစိုးရလက်ထက်အတွင်း အကျင့်ပျက်ချစားတာတွေကြောင့် အလုပ်ကနေထုတ်ပယ်အရေးယူခဲ့တဲ့ ဝန်ထမ်း ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ေျမကိစၥေတြမွာ လုပ္ပိုင္ခြင့္ေက်ာ္လြန္ေဆာင္႐ြက္ခဲ့တဲ့ စည္ပင္ဝန္ထမ္းအခ်ိဳ႕ကို စစ္ေဆးအေရးယူမယ္

မႏၲေလး၊ ၾသဂုတ္ ၂၇-၂၀၂၀
ျဖဴျဖဴ (VOM)

မႏၲေလးၿမိဳ႕ရဲ႕ ေျမယာကိစၥေတြမွာ လုပ္ပိုင္ခြင့္ကိုေက်ာ္လြန္ ေဆာင္႐ြက္ခဲ့တယ္ဆိုတဲ့ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ဝန္ထမ္းအခ်ိဳ႕ကို စစ္ေဆးအေရးယူသြားမယ္လို႔ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

“အဂတိက စိစစ္တယ္၊ အဂတိမေျမာက္ဘူးေပါ့။ ဒါေပမယ့္ ဌာနဆိုင္ရာတခ်ိဳ႕ က်ေနာ့္ဆီက ဝန္ထမ္းေတြပါတယ္၊ ပြဲစားေတြပါတယ္၊ ဒီကိစၥကို တိုင္းေဒသႀကီးအစိုးရက အေရးယူေပးပါဆိုၿပီး က်ေနာ့္ဆီပို႔တာ က်ေနာ္ျပန္စစ္ပါတယ္။ ဌာနဆိုင္ရာကစစ္တယ္၊ က်ေနာ္တို႔ အစိုးရကစစ္တယ္။ အခု အကုန္လုံးစစ္ၿပီးေတာ့ အစီရင္ခံစာျပန္တက္တာ။ အဲဒါက်ေနာ္တို႔က အေရးယူရမွာေပါ့။ ဝန္ထမ္းစည္းမ်ဥ္း စည္းကမ္းဥပေဒနဲ႔ အေရးယူရမွာေပါ့။”လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ကေျပာပါတယ္။

ေျမကြက္ ၁၃၀ ေက်ာ္ကိစၥေတြမွာ ၾသဇာအာဏာကိုအသုံးျပဳၿပီး ဂရံအတု၊ လက္မွတ္အတု၊ ပိုင္ရွင္ရွိၿပီးသားေျမကြက္ေတြကို ပိုင္ရွင္မရွိေသးတဲ့အသြင္နဲ႔ ဂရံခ်ထားေပးမႈေတြ က်ဴးလြန္လုပ္ေဆာင္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဥပေဒနဲ႔မညီဘဲ လုပ္ထားတဲ့ ဂရံေတြ ေဈးကြက္ထဲေရာက္လာရင္ ေနာက္ဆက္တြဲအေနနဲ႔ ျပည္သူေရာ ႏိုင္ငံေတာ္ပါ ထိခိုက္နစ္နာတယ္လို႔ ေျမယာဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုပါတယ္။

“ပိုင္ရွင္ရွိၿပီးသားကို မရွိတဲ့ပုံစံနဲ႔ခ်ေပးေတာ့ ရွိၿပီးသားပိုင္ရွင္နဲ႔ စာ႐ြက္စာတမ္းကလည္း ေဈးကြက္ထဲမွာ ရွိေနမယ္ေလ။ ေနာက္ပိုင္ရွင္အသစ္ကလည္း ဂရံႀကီးနဲ႔ ေဈးကြက္ထဲေရာက္လာမယ္။ က်ေနာ္တို႔ကလည္း မသိဘဲ စည္ပင္ကဂရံဆိုေတာ့ အက်ိဳးေဆာင္ေပးလိုက္မယ္ဆို ေနာက္ဝယ္လက္က နစ္နာမယ္၊ နစ္နာေတာ့ တရားစြဲတာေတြရွိမယ္၊ က်ေနာ္တို႔လည္း လိုက္ရွင္းေပးရမယ္။တကယ္က အဲဒီအရာရွိေတြ အေရးယူတဲ့ေျမကြက္ေတြကို အမ်ားသိေအာင္ေတာင္ ထုတ္ျပန္ေပးသင့္တယ္၊ မဟုတ္ရင္ ေရာင္းမွားဝယ္မွားေတြျဖစ္ကုန္မယ္။”လို႔ ေျမယာဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။

အဲဒီေျမကိစၥေတြနဲ႔ ပတ္သက္ခဲ့သူေတြဟာ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေကာ္မတီက ၿမိဳ႕ျပစီမံကိန္းနဲ႔ ေျမယာစီမံခန႔္ခြဲမႈဌာနက ဌာနမႉး၊ ဌာနခြြဲမႉး၊ ဌာနစုမႉးေတြနဲ႔ ေျမတိုင္းစာေရးတို႔အပါအဝင္ ၁၁ ဦးျဖစ္တယ္လို႔ သိရပါတယ္။

အေရးယူဖို႔အတြက္ Cabinet(အစိုးရအဖြဲ႕)ကို ခ်ျပၿပီး ဆုံးျဖတ္ခ်က္ေတြ၊ ဥပေဒရႈေထာင့္က အႀကံျပဳခ်က္ေတြရယူၿပီးမွ ေဆာင္႐ြက္ရမွာျဖစ္လို႔ အခ်ိန္ကာလ တိတိက်က် မေျပာႏိုင္ေသးဘူးလို႔ ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွာ အခုအစိုးရလက္ထက္အတြင္း အက်င့္ပ်က္ခ်စားတာေတြေၾကာင့္ အလုပ္ကေနထုတ္ပယ္အေရးယူခဲ့တဲ့ ဝန္ထမ္း ၂၀၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW