ထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးတဲ့ ဟောင်ကောင်သားတွေကို တရုတ်အာဏာပိုင်တွေဖမ်းဆီး

ထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးတဲ့ ဟောင်ကောင်သားတွေကို တရုတ်အာဏာပိုင်တွေဖမ်းဆီး

ပေကျင်း၊ သြဂုတ်-၂၈-၂၀၂၀
မျိုးဆက် (VOM)

ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ဦးတည်သွားရောက်တယ်လို့ ယုံကြည်ရတဲ့ သင်္ဘောတစ်စင်းကို ကြားဖြတ်တားဆီးပြီးနောက် ဟောင်ကောင်ဒေသခံ ၁၀ ဦးထက်မနည်းကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲ့ဒီလိုဖမ်းဆီးမှုကို ဟောင်ကောင်အနီးရှိ ဂွမ်ဒေါင်းပြည်နယ်မှာ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းဖို့အတွက် ထိုင်ဝမ်ကိုသွားဖို့ ကြိုးစားခဲ့ကြတာလို့ ဟောင်ကောင်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဟောင်ကောင်တက်ကြွလှုပ်ရှားသူ အန်ဒီလီလည်းပါဝင်တယ်လို့ ပြောပါတယ်။

ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု၊ ငွေးကြေးခဝါချမှုတို့ကြောင့် အခုလအစောပိုင်းကလည်း ဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာလီဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုသံသယကြောင့် ထိန်းသိမ်းခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဆောက်ချိုင်းနားမောနီးပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်ရှိထိန်းသိမ်းထားသူကို ဘယ်လိုအမှုနဲ့ တရားစွဲမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဟောင်ကောင်ကနေ ထိုင်ဝမ်ကို သင်္ဘောနဲ့ထွက်ပြေးဖို့ ကြိုးစားအားထုတ်မှုကတော့ ရှားရှားပါးပါးဖြစ်ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

ထိုင္၀မ္ကို သေဘၤာနဲ႔ထြက္ေျပးတဲ႔ ေဟာင္ေကာင္သားေတြကို တရုတ္အာဏာပိုင္ေတြဖမ္းဆီး

ေပက်င္း၊ ၾသဂုတ္-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္ကေန ထိုင္၀မ္ကို ဦးတည္သြားေရာက္တယ္လို႔ ယံုၾကည္ရတဲ႔ သေဘၤာတစ္စင္းကို ၾကားျဖတ္တားဆီးျပီးေနာက္ ေဟာင္ေကာင္ေဒသခံ ၁၀ ဦးထက္မနည္းကို တရုတ္အာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ ေဒသတြင္းသတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

အဲ့ဒီလိုဖမ္းဆီးမႈကို ေဟာင္ေကာင္အနီးရိွ ဂြမ္ေဒါင္းျပည္နယ္မွာ ၾသဂုတ္ ၂၃ ရက္က ျပဳလုပ္ခဲ႔တာျဖစ္တယ္လို႔ တရုတ္ကမ္းေျခေစာင္႔တပ္ဖြဲ႔က ေျပာပါတယ္။

သေဘၤာေပၚမွာ လိုက္ပါလာသူေတြဟာ နိုင္ငံေရးခိုလံႈခြင္႔ေတာင္းဖို႔အတြက္ ထုိင္၀မ္ကိုသြားဖို႔ ၾကိဳးစားခဲ႔ၾကတာလို႔ ေဟာင္ေကာင္အေျခစိုက္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ ဖမ္းဆီးခံရသူေတြထဲမွာ ေဟာင္ေကာင္တက္ၾကြလႈပ္ရွားသူ အန္ဒီလီလည္းပါ၀င္တယ္လို႔ ေျပာပါတယ္။

ျပည္ပအင္အားစုေတြနဲ႔ ပူးေပါင္းမႈ၊ ေငြးေၾကးခ၀ါခ်မႈတို႔ေၾကာင္႔ အခုလအေစာပိုင္းကလည္း ဖမ္းဆီးခံခဲ႔ရတဲ႔ မစၥတာလီဟာ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈသံသယေၾကာင္႔ ထိန္းသိမ္းခံခဲ႔ရတယ္လို႔ ရဲတပ္ဖြဲ႔သတင္းရင္းျမစ္ေတြကို ကုိးကားျပီး ေဆာက္ခ်ိဳင္းနားေမာနီးပို႔စ္သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဒါေပမယ္႔ လက္ရိွထိန္းသိမ္းထားသူကို ဘယ္လိုအမႈနဲ႔ တရားစြဲမယ္ဆိုတာကိုေတာ႔ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ေဟာင္ေကာင္ကေန ထိုင္၀မ္ကို သေဘၤာနဲ႔ထြက္ေျပးဖို႔ ၾကိဳးစားအားထုတ္မႈကေတာ႔ ရွားရွားပါးပါးျဖစ္ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW