စစ်တွေနဲ့ မကွေးကိုသယ်ယူနေတဲ့ ရေထွက်ကုန်စည်တွေ တန်ဆာခဈေးနူန်း တစ်ပိသာကို ၆၀ ကျပ်အထိ ဈေးမြှင့်တက်လာ

စစ်တွေနဲ့ မကွေးကိုသယ်ယူနေတဲ့ ရေထွက်ကုန်စည်တွေ တန်ဆာခဈေးနူန်း တစ်ပိသာကို ၆၀ ကျပ်အထိ ဈေးမြှင့်တက်လာ

မကွေး၊ သြဂုတ်၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်တွေဒေသကထွက်ရှိတဲ့ ရေထွက်ကုန်စည် အသား၊ငါးတွေကို မကွေးမြို့ကို သယ်ယူပို့ဆောင်တဲ့အခါ အခုရက်ပိုင်းမှာ ကုန်စည်တစ်ပိသာ ငွေကျပ် ၆၀ အထိ ဈေးနူန်းမြှင့်တက်လာတယ်လို့ ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

” စစ်တွေကထွက်တဲ့ ပင်လယ်စာ ရေထွက်ကုန်တွေ မကွေးကိုသယ်တဲ့အခါ အရင်က ကုန်တစ်ပိသာ တန်ဆာခ ၁၃၀ ကျပ်ဖြစ်တယ်၊ ဒီရက်ပိုင်းမှာ အဲ့ဒီလမ်းကြောင်းကို မောင်းမယ့် ကားသမား ခေါ်ဖို့မလွယ်ဘူး၊ ရခိုင်ဘက်မှာ မောင်းတဲ့လူတစ်ယောက်နဲ့ မကွေးဘက်ကို မောင်းတဲ့လူတစ်ယောက်ဆိုပြီး လမ်းတကြောင်းကို ကားမောင်းတဲ့သူ နှစ်ယောက်ခေါ်ရတယ်၊ အရင်က ယာဉ်မောင်းစရိတ်က တစ်ယောက်စာပဲကုန်တယ်၊ အခုဟာက နောက်တစ်ယေက်အတွက်ပါ ထပ်ဆောင်းပိုကုန်မှ အလုပ်ဖြစ်တော့တယ်၊ အဲ့ဒီလိုကြောင့်မို့ တန်ဆာခက တစ်ပိသာ ၁၉၀ ကျပ် ဖြစ်သွားရတာ” လို့ စစ်တွေ-မကွေး ကုန်စည်ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်ပိုင် ဦးထွန်းရှိန်က ပြောပါတယ်။

အရင်က စစ်တွေကနေ မကွေးကို ရေထွက်ကုန်စည်တွေ သယ်တဲ့အခါမှာ ခရီးစဉ် အစအဆုံး ကားမောင်းတယောက်တည်းနဲ့ သယ်ယူပို့ဆောင်တာ ဖြစ်ပါတယ်။

စစ်တွေမြို့မှာ ကူးဆက်မြန် ကိုဗစ်ရောဂါပိုးတွေ့ရပြီးနောက်ပိုင်း ရခိုင်ကနေ လာရောက်သူမှန်သမျှ ကွာရန်တီးဝင်ရတဲ့အတွက် စစ်တွေ-မကွေး ခရီးစဉ်ကိုမောင်းမယ့်ကားသမားတွေ ရှားသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ ရခိုင်ပြည်နယ်ထဲမှာ ကားမောင်းတဲ့သူ တစ်ယောက်နဲ့ မကွေးတိုင်းဘက်မှာ ကားမောင်းတဲ့သူ တစ်ယောက်ဆိုပြီး ခရီးစဉ် တခုမှာ ကားမောင်းတဲ့သူနှစ်ယောက်ထားရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီ ကားမောင်းတဲ့သူတွေဟာ အမ်းလမ်းဆုံမှာ ဆုံရပ်ထားပြီး ကားကို အလွဲအပြောင်းစနစ်နဲ့ မောင်းနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မကွေး

Zawgyi

စစ္ေတြနဲ႔ မေကြးကိုသယ္ယူေနတဲ့ ေရထြက္ကုန္စည္ေတြ တန္ဆာခေစ်းႏူန္း တစ္ပိသာကို ၆၀ က်ပ္အထိ ေစ်းျမွင့္တက္လာ

မေကြး၊ ၾသဂုတ္၂၈-၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ေတြေဒသကထြက္ရွိတဲ့ ေရထြက္ကုန္စည္ အသား၊ငါးေတြကို မေကြးၿမိဳ႕ကို သယ္ယူပို႔ေဆာင္တဲ့အခါ အခုရက္ပိုင္းမွာ ကုန္စည္တစ္ပိသာ ေငြက်ပ္ ၆၀ အထိ ေစ်းႏူန္းျမွင့္တက္လာတယ္လို႔ ပို႔ေဆာင္ေရးလုပ္ငန္းရွင္ေတြဆီကေန သိရပါတယ္။

” စစ္ေတြကထြက္တဲ့ ပင္လယ္စာ ေရထြက္ကုန္ေတြ မေကြးကိုသယ္တဲ့အခါ အရင္က ကုန္တစ္ပိသာ တန္ဆာခ ၁၃၀ က်ပ္ျဖစ္တယ္၊ ဒီရက္ပိုင္းမွာ အဲ့ဒီလမ္းေၾကာင္းကို ေမာင္းမယ့္ ကားသမား ေခၚဖို႔မလြယ္ဘူး၊ ရခိုင္ဘက္မွာ ေမာင္းတဲ့လူတစ္ေယာက္နဲ႔ မေကြးဘက္ကို ေမာင္းတဲ့လူတစ္ေယာက္ဆိုၿပီး လမ္းတေၾကာင္းကို ကားေမာင္းတဲ့သူ ႏွစ္ေယာက္ေခၚရတယ္၊ အရင္က ယာဥ္ေမာင္းစရိတ္က တစ္ေယာက္စာပဲကုန္တယ္၊ အခုဟာက ေနာက္တစ္ေယက္အတြက္ပါ ထပ္ေဆာင္းပိုကုန္မွ အလုပ္ျဖစ္ေတာ့တယ္၊ အဲ့ဒီလိုေၾကာင့္မို႔ တန္ဆာခက တစ္ပိသာ ၁၉၀ က်ပ္ ျဖစ္သြားရတာ” လို႔ စစ္ေတြ-မေကြး ကုန္စည္ေျပးဆြဲေနတဲ့ ကုန္တင္ယာဥ္ပိုင္ ဦးထြန္းရွိန္က ေျပာပါတယ္။

အရင္က စစ္ေတြကေန မေကြးကို ေရထြက္ကုန္စည္ေတြ သယ္တဲ့အခါမွာ ခရီးစဥ္ အစအဆုံး ကားေမာင္းတေယာက္တည္းနဲ႔ သယ္ယူပို႔ေဆာင္တာ ျဖစ္ပါတယ္။

စစ္ေတြၿမိဳ႔မွာ ကူးဆက္ျမန္ ကိုဗစ္ေရာဂါပိုးေတြ႕ရၿပီးေနာက္ပိုင္း ရခိုင္ကေန လာေရာက္သူမွန္သမွ် ကြာရန္တီးဝင္ရတဲ့အတြက္ စစ္ေတြ-မေကြး ခရီးစဥ္ကိုေမာင္းမယ့္ကားသမားေတြ ရွားသြားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒါေၾကာင့္ ကုန္စည္ေတြ သယ္ယူပို႔ေဆာင္တဲ့အခါ ရခိုင္ျပည္နယ္ထဲမွာ ကားေမာင္းတဲ့သူ တစ္ေယာက္နဲ႔ မေကြးတိုင္းဘက္မွာ ကားေမာင္းတဲ့သူ တစ္ေယာက္ဆိုၿပီး ခရီးစဥ္ တခုမွာ ကားေမာင္းတဲ့သူႏွစ္ေယာက္ထားရတာပဲ ျဖစ္ပါတယ္။

အဲ့ဒီ ကားေမာင္းတဲ့သူေတြဟာ အမ္းလမ္းဆုံမွာ ဆုံရပ္ထားၿပီး ကားကို အလြဲအေျပာင္းစနစ္နဲ႔ ေမာင္းေနရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မေကြး

Related posts

Leave a Comment

VOM News

FREE
VIEW