ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံပြည်သူ (၂) ဦးသေဆုံးကာ အမျိုးသမီး (၃) ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး ဒေသခံပြည်သူ (၂) ဦးသေဆုံးကာ အမျိုးသမီး (၃) ဦးဒဏ်ရာရ ကျောက်တော်၊ ဩဂုတ် ၂၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အပြင် အမျိုးသမီး (၃) ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းနဲ့ သေဆုံးသွားသူဟာ အသက် (၃၀) အရွယ် ဦးနိုင်ဝင်း(၃၀) နှစ်ဖြစ်ကာ ခန္ဓာကိုယ်တွေမှာ ကျည်ဖောက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူ ဦးနိုင်ဝင်းရဲ့ အမဖြစ်သူ ဒေါ်မလှမြင့်ပြောပြတာက” မောင်လေးက အပေါ့သွားတာ။ အဲဒါမှာ လမ်းမှာစစ်သားတွေနဲ့တွေ့ပြီးတော့ စစ်သားတွေကဖမ်းပြီး သတ်တာပါ။ အဲ့ဒီစစ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ပြီးတော့ ကျမတို့အိမ်ရှေ့က ကုက္ကိုပင်အောက်မှာ ထိုင်နေကြသေးတယ်။ အဲ့ဒီစစ်သားတွေက ကျမအိမ်ထဲမှာလည်း ဝင်ပြီးနေခဲ့ကြသေးတယ်။ မနက် ၄…

Read More

အီရန်ရဲ့ သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံတွေကို အိုင်အေအီးအေက စစ်ဆေးတော့မယ်

အီရန်ရဲ့ သံသယဖြစ်ဖွယ် နျူကလီးယားစက်ရုံတွေကို အိုင်အေအီးအေက စစ်ဆေးတော့မယ် တီဟီရန်၊ သြဂုတ်-၂၇-၂၀၂၀ မျိုးဆက် (VOM) အီရန်နိုင်ငံဟာ နိုင်ငံအတွင်းက သံသယဖြစ်ဖွယ် ယခင်နျူကလီးယားစမ်းသပ်ရာနေရာနှစ်ခုကို နိုင်ငံတကာ အနုမြူအေဂျင်စီ(အိုင်အေအီးအေ)ရဲ့ စုံစမ်းစစ်ဆေးသူတွေကို ဝင်ခွင့်စစ်ဆေးခွင့်ပြုဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။ အိုင်အေအီးအေရဲ့ ညွှန်ကြားရေးမှူးချုပ် တီဟီရန်ကို သွားရောက်စဉ်အတွင်း ဒီလိုသဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။ အီရန်ဟာ နျူကလီးယားကင်းစင်ရေးနဲ့ ဆက်နွယ်နေတဲ့ ပြသနာတွေကိုဖြေရှင်းဖို့အတွက် ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဒီလိုခွင့်ပြုလိုက်တာလို့ ပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။ အီရန်ဟာ နိုင်ငံအတွင်းက တည်နေရာနှစ်ခုမှာ နျူကလီးယားလက်နက်တွေနဲ့ နျူကလီးယားနဲ့ ဆက်နွယ်တဲ့လှုပ်ရှားမှုတွေကို တိတ်တဆိတ်ပြုနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မေးခွန်းတွေကို မဖြေရှင်းတဲ့အပြင် အဲဒီနေရာတွေကို လာရောက်စစ်ဆေးဖို့ကိုလည်း ခွင့်မပြုတာကြောင့် အိုင်အေအီးအေက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို ကန့်သတ်ဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှုစာချုပ်တစ်ရပ်ချုပ်ဆိုလိုက်တဲ့ ၂၀၁၅ခုနှစ်မတိုင်မီ ကာလများစွာကတည်းက အဲဒီနေရာတွေမှာ နျူကလီးယားဆိုင်ရာ လှုပ်ရှားမှုပြုနေခဲ့တာဖြစ်ပါတယ်။ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးလို့ အီရန်ဘက်က…

Read More

防范若开邦的疫情

防范若开邦的疫情 Lei Lei Win(VOM) 2020年8月27日到早上8点,缅甸COVID-19确诊人数一共有586个。其中若开邦有174名被确诊。他们大部分人都没有出国旅行史。 2020年8月26日一架装满联合国儿童基金会(UNICEF)捐赠的物品抵达仰光机场。运载着价值为 836568美元的东西,有个体防护装备(PPE)和一些疫情需要的用品。UNICEF称,除了提供实验室设备和药品外,UNICEF还会协助有关部门的专门人员。 为了协助若开邦预防,控制和治疗,由军方医疗小组,携军方捐赠的第二批抗议物资和食品等,于8月26日,从仰光机场乘坐军方运输机赶往若开邦。 为了控制COVID-19,曼德勒地区的所有30多名卫生工作者自愿前往若开邦。 Photo – YeLwin(FB) #voiceofmyanmar #VOM #防范若开邦的疫情

Read More

အာဖဂန်မှာ ရေဘေးကြောင့် လူ (၁၀၀)ထက်မနည်းသေဆုံး

အာဖဂန်မှာ ရေဘေးကြောင့် လူ (၁၀၀)ထက်မနည်းသေဆုံး ကဘူး၊ သြဂုတ်၂၇-၂၀၂၀ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ပါဝန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူဦးရေ (၁၀၀)ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အချိန်အခါမဟုတ် မိုးရွာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရေကြီးမှုဟာ ဒေသခံတွေ အိပ်ပျော်နေစဉ်အတွင်း သြဂုတ်၂၆ရက် မနက်အစောပိုင်းက ချာရီကာမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရေကြီးမှုကြောင့် လူပေါင်းဒါဇင်နဲ့ချီကာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး လူနေအိမ်၅၀၀နီးပါး ပျက်ဆီးသွားတယ်လို့ အာဖဂန်နစ္စတန် ဘေးအန္တရာယ်ထိန်းချုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အဦးပျက်တွေအကြား အသက်ရှင်ကျန်သူတွေကို ဆက်လက်ရှာဖွေနေပြီး သေဆုံးသူအရေအတွက် မြှင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ရာပေါင်းများစွာထိရှိလာနိုင်တယ်လို့ ပါဝန်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရေကြီးရေလျှံမှုတွေဟာ အခြားပြည်နယ်အချို့မှာလည်း ဖြစ်ပွားခဲ့တယ်လို့ သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အာဖဂန်နစ်စ္စတန်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နွေရာသီကာလတွေအတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မကြာခဏဆိုသလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ Ref :…

Read More

AA ဖမ်းသွားတဲ့ ခူမီးချင်းလူငယ် ၄ဦးထဲက ၃ဦးကိုပြန်လွှတ်ပေး

AA ဖမ်းသွားတဲ့ ခူမီးချင်းလူငယ် ၄ဦးထဲက ၃ဦးကိုပြန်လွှတ်ပေး ရန်ကုန်၊သြဂုတ် ၂၇-၂၀၂၀ အေးချမ်းသူ(VOM) ‌ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ဖမ်းဆီးသွားတဲ့ ပလက်ဝဒေသခံ ခူမီးချင်းလူငယ်၄ ဦးထဲက လူငယ် ၃ဦးကို မနေ့ သြဂုတ်လ ၂၅ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ ချင်းပြည်သူများအရေးပေါ်ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI)ကနေ သိရပါတယ်။ ပလက်ဝမြို့နယ်ရှိ ခူမီးချင်းလူငယ် ဆလိုင်းအောင်စိုးအပါအဝင် လူငယ် ၄ဦးတို့ဟာ ဇူလိုင်လ ၂၉ရက်က ကျောက်တော်ကနေ ပလက်ဝကိုပြန်လာချိန် လမ်းခုလတ်မှာရှိတဲ့ ငသရိုင်းရွာမှာ AA အဖွဲ့ရဲက ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ (RRCCI)အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မိုင်နန်းဝေကပြောပါတယ်။ “မနေ့က ညနေ၅နာရီလောက်မှာ ပလက်ဝရောက်လာတယ်။ အစ်မတို့ကိုဖုန်းဆက်တယ်။သူတို့ပြန်လွတ်လာတယ်ပေါ့။ သူတို့က ကိုအောင်စိုးကိုဖမ်းချင်တာ၊ သူတို့နဲ့မဆိုင်လို့ပြန်လွှတ်တာ”လို့ မိုင်နန်းဝေကပြောပါတယ်။ အေအေကနေ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေဟာ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းဘင်ဂျမင်နဲ့ ဆလိုင်းအောင်ထွန်းကို တို့ဖြစ်ပြီး ဆလိုင်းအောင်စိုးကိုတော့ AA အဖွဲ့က ဆက်လက်ဖမ်းဆီးထားတဲ့အပြင် ဖမ်းဆီးတဲ့ အကြောင်းအရင်းကိုတော့…

Read More

TNLAအနေနဲ့ နမ့်ဆန်မြို့က NLD ရုံးဖွင့်တားတဲ့အိမ်ကနေ လူ(၄)ဦးကို ခေါ်သွားတယ်ဆိုတာ မဟုတ်

TNLAအနေနဲ့ နမ့်ဆန်မြို့က NLD ရုံးဖွင့်တားတဲ့အိမ်ကနေ လူ(၄)ဦးကို ခေါ်သွားတယ်ဆိုတာ မဟုတ် နေပြည်‌တော်၊ဩဂုတ်၂၇-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ မြောက်ပိုင်း ၊ မန်ခိုက်ရပ်ကွက်မှာရှိတဲ့ NLD ရုံးဖွင့်ထား‌တဲ့နေအိမ်က လူ ၄ ဦးကို ဩဂုတ်လ၂၄ ရက် မနက်ပိုင်းက TNLA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ TNLAအဖွဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။ ” NLD ရုံးလည်းမဟုတ်ဘူး။ အိမ်‌နောက်ဖေး ဘေးချင်းကပ်က အိမ်မှာပါ။ အမျိုးသားသုံးဦးကို မူးယစ်ဆေးဝါးကိစ္စရှင်းလင်းနေတုန်း သုံးစွဲနေတာတွေ့လို့ ဖမ်းဆီးထားတာပါ ။ဆေးဖြတ်ပေးပြီးရင် ပြန်လွှတ်မယ်”လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြောက်ပိုင်း၊ ဟိုကျက်ရွာအနီး TNLA အဖွဲ့မှ အင်အား ၂၀ နီးပါးခန့်ဟာ ဩဂုတ်၂၄ ရက်နေ့ မနက်စောစောပိုင်းက မန်ခိုက်ရပ်ကွက် NLD ရုံးဖွင့်ထားတဲ့နေအိမ်ကနေ အမျိုးသား၄ ဦးကို လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအိုက်မိန်း(ခ)ဦးဝင်းကျော်က…

Read More

MOHS ရဲ့ ဒီကနေ့မနက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ရခိုင်က (၆၉) ဦးပါဝင်

MOHS ရဲ့ ဒီကနေ့မနက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ရခိုင်က (၆၉) ဦးပါဝင် စစ်တွေ၊ ဩဂုတ် ၂၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ဒီကနေ့မနက်ပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ် (၇၀) ဦးတွေ့ရှိတဲ့အနက် ရခိုင်ပြည်နယ်က ကိုဗစ် အတည်ပြုလူနာ (၆၉) ဦးပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေအားလုံးဟာ ပြည်တွင်းကူးစက်လူနာတွေဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်မှာ(၃၀) ဦးတွေ့ရှိကာ ပြည်နယ်တွင်း ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာ အများဆုံးထွက်ပေါ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အခြား ကိုဗစ် ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိတဲ့မြို့နယ်တွေကတော့ မောင်တောမြို့နယ်မှာ (၁၃) ဦး၊ မြောက်ဦးမြို့နယ် (၈) ဦး၊ မြေပုံမြို့နယ် (၆) ဦးနဲ့ မင်းပြားမြို့နယ်မှာ (၅) ဦးအပြင် ကျောက်တော်မြို့နယ်မှာ(၄)ဦးတွေ့ရှိပြီး ကျန်တဲ့ ကျောက်ဖြူ၊ ပေါက်တောနဲ့…

Read More

တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ရာဒေသမှာ အမေရိကန်ကင်းထောက်လေယာဉ် ဝင်ရောက်ပျံသန်း

တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ရာဒေသမှာ အမေရိကန်ကင်းထောက်လေယာဉ် ဝင်ရောက်ပျံသန်း ပေကျင်း၊ သြဂုတ်-၂၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်နေတဲ့ မပျံသန်းရတဲ့ ဇုန်အတွင်းကို အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်း ဝင်ရောက်ပျံသန်းမှုအတွက် အမေရိကန်ကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အမေရိကန်ရဲ့ ယူ-၂ ကင်းထောက်လေယာဉ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်းစစ်ဌာနချုပ်က သတ်မှတ်ထားတဲ့ မပျံသန်းရဇုန်အတွင်းကို သြဂုတ် ၂၅ ရက်မှာ ဝင်ရောက်ပျံသန်းခဲ့ပြီး တရုတ်စစ်ဘက်ရဲ့ပုံမှန်စစ်ရေးလေ့ကျင့်ခန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်ကပြောပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ဟာ မတော်တဆမှုနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို အလွယ်တကူချမှတ်လိုက်နိုင်တဲ့ အခြေအနေဖြစ်ပြီး ဒါဟာ သိသာထင်ရှားတဲ့ ကျူးကျော်ရန်စမှုတစ်ရပ်ဖြစ်တယ်လို့ ဝူချန်ကပြောပါတယ်။ တရုတ်စစ်ဘက်ဟာ ဘိုဟိုင်ပင်လယ်၊ ပင်လယ်ဝါနဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ သြဂုတ်နှောင်းပိုင်းကစပြီး စစ်ရေးလေ့ကျင့်မယ်လို့ အာဏာပိုင်တွေက ကြေညာထားပြီး အဲဒီဒေသတွေကို ဝင်ရောက်ခြင်းမပြုဖို့ သတိပေးထားပါတယ်။ တရုတ်စစ်ဘက်ဟာ စစ်ရေးလေ့ကျင့်ခန်းတွေကို ကြိမ်ဖန်များစွာပြုလုပ်နေပြီး ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ဝန်းကျင်မှာ အမေရိကန်ရဲ့…

Read More

မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ နေပြည်တော်၊ ဩဂုတ်၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ ခရစ်ယာန်ရပ်ကွက်တစ်ခုရဲ့ နေအိမ်တစ်အိမ်ရှေ့မှာ ဩဂုတ်လ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ မူဆယ်မြို့မရဲစခန်းကနေ သိရပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၅၈ နှစ်အရွယ်ရှိပြီး နေအိမ်ရှေ့မှာ ရပ်နေချိန် အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာဖြစ်တဲ့အပြင် CCTVမှတ်တမ်းအရ သေနတ်နဲ့ သုံးချက်တိတိပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်နေရာမှာ လဲကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စကို မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ “‌တာဝန်မှူးမရှိလို့ အသေးစိတ် ပြောလို့မရသေးပါဘူး။ သေဆုံးတာမှန်ပါတယ်”လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အခုလို အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ့်အမှုနဲ့ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းမှာ လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။ Photo -Tin Maung Thein(FaceBook) #voiceofmyanmar…

Read More

ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ခုပဲမေးဖို့ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက်

ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ခုပဲမေးဖို့ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက် ရန်ကုန်၊ သြဂုတ် ၂၆-၂၀၂၀ ယဉ်ပပထွန်း ( VOM) သြဂုတ်လ ၂၄ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးခွန်း ၂ ခုနဲ့လွှတ်တော်လုပ်တာက ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးရာရောက်တဲ့အပြင် လွှတ်တော်ကိုလည်း ပြည်သူလူထုရဲ ့လေးစားမူကိုလျော့ပါးစေတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်း ပထမအကြိမ်လွှတ်တော်အစည်းမှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူလူထုဘက်ဂျက်ကို ခြွေတာခဲ့သလို တစ်နှစ်ပတ်လုံး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာနဲ့အသုံးစရိတ်က သန်း ၇၀ လေက်ပဲသုံးတယ်လို့လည်း သိရပါတယ်။ ” အခုလွှတ်တော်က ပြည်သူဘဏ္ဍငွေတွေ အရမ်းကိုသုံးတာတွေ့ရပါတယ် ။ ဥပဒေအရ လွှတ်တော်မှာ ပထမ ၁ နာရီက မေးခွန်းတွေမေးရမယ် ။ အန်တီတို့တုန်းက မေးခွန်းကို ၁၅ ခု သို့မဟုတ် ၁၀ ခုလောက် အနည်းဆုံးမေးကြတယ်။ လွှတ်တော်ကျင်းပတိုင်း ပထမ…

Read More
VOM News

FREE
VIEW