MOHS ရဲ့ ဒီကနေ့မနက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ရခိုင်က (၆၉) ဦးပါဝင်

MOHS ရဲ့ ဒီကနေ့မနက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ရခိုင်က (၆၉) ဦးပါဝင်

စစ်တွေ၊ ဩဂုတ် ၂၆- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ဒီကနေ့မနက်ပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ် (၇၀) ဦးတွေ့ရှိတဲ့အနက် ရခိုင်ပြည်နယ်က ကိုဗစ် အတည်ပြုလူနာ (၆၉) ဦးပါဝင်တာဖြစ်ပါတယ်။

အဲ့ဒီပိုးတွေ့လူနာတွေအားလုံးဟာ ပြည်တွင်းကူးစက်လူနာတွေဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်မှာ(၃၀) ဦးတွေ့ရှိကာ ပြည်နယ်တွင်း ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာ အများဆုံးထွက်ပေါ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က အခြား ကိုဗစ် ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိတဲ့မြို့နယ်တွေကတော့ မောင်တောမြို့နယ်မှာ (၁၃) ဦး၊ မြောက်ဦးမြို့နယ် (၈) ဦး၊ မြေပုံမြို့နယ် (၆) ဦးနဲ့ မင်းပြားမြို့နယ်မှာ (၅) ဦးအပြင် ကျောက်တော်မြို့နယ်မှာ(၄)ဦးတွေ့ရှိပြီး ကျန်တဲ့ ကျောက်ဖြူ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာတော့ တစ်မြို့နယ်ကို တစ်ယောက် ဓာတ်ခွဲအတည်ပြုလူနာတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း တစ်ကြိမ်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၆၉ ဦးထိရှိလာတာကြောင့် ရခိုင်ပြည်သူတွေကြား စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ကိုဗစ် ၁၉ အတည်ပြုလူနာအားလုံး ၁၁ ဦးထိရှိလာပြီးဖြစ်တဲ့အတွက် စိုးရိမ်မှုတွေရှိတယ်လို့ မြောက်ဦးမြို့ဒေသခံ ကိုကျော်သိန်းလှက ပြောပါတယ်။

“ ကျနော်တို့က ဒီ ကိုဗစ် ၁၉ ရောဂါကြောင့် စိုးရိမ်မှုတွေအများကြီးရှိတာပေါ့။ ကျနော်တို့ မြောက်ဦးမြို့နယ်အတိုင်းအတာနဲ့ဆိုရင်လည်း စိုးရိမ်မှုတွေအများကြီးရှိပါတယ်။ အင်တာနက်လိုင်းတွေမရတာမှာ ကျနော်တို့အတွက် ပိုပြီးစိုးရိမ်စရာဖြစ်စေတယ်။” လို့ မြောက်ဦးဒေသခံ ကိုကျော်သိန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ရာနဲ့ချီရှိလာတဲ့အပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၄) ခုဖြစ်တဲ့ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွေမြို့နယ်တွေမှာ မိမိအိမ်မှာပဲနေထိုင်ဖို့ (Stay at Home)အမိန့် ကို မနေ့ ဩဂုတ်လ ၂၅ ရက်နေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာပေါင်း (၁၄၉) ဦးထိတွေ့ရှိထားပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီကနေ့ ဩဂုတ်လ ၂၆ ရက် မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ် (ကိုဗစ် ၁၉) ပိုးတွေ့လူနာပေါင်း(၅၇၄)ဦးထိရှိပြီး သေဆုံးသူ (၆) ဦး ရှိကာ ရခိုင်ပြည်နယ်ကတော့ ရောဂါကူးစပ်မှုမြှင့်တက်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစပ်မှုမြှင့်တက်နေတာဟာ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာမှု အားနေချက်တွေရှိတာကြောင့် သတင်းမီဒီယာတွေအနေနဲ့လည်း နှာခေါင်းစည်း (Mask)တပ်ဖို့နဲ့ လူစုလူဝေးရှောင်ပြီး မိမိအိမ်မှာ နေထိုင်ရေးကို စဉ်ဆက်မပြတ် ဖော်ပြပေးဖို့လိုကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

MOHS ရဲ႕ ဒီကေန႔မနက္ပိုင္း ကိုဗစ္ပိုးေတြ႕လူနာစာရင္းထုတ္ျပန္ခ်က္မွာ ရခိုင္က (၆၉) ဦးပါဝင္

စစ္ေတြ၊ ဩဂုတ္ ၂၆- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ဒီကေန႔မနက္ပိုင္းမွာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကထုတ္ျပန္တဲ့ ကိုဗစ္ ၁၉ ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာသစ္ (၇၀) ဦးေတြ႕ရွိတဲ့အနက္ ရခိုင္ျပည္နယ္က ကိုဗစ္ အတည္ျပဳလူနာ (၆၉) ဦးပါဝင္တာျဖစ္ပါတယ္။

အဲ့ဒီပိုးေတြ႕လူနာေတြအားလုံးဟာ ျပည္တြင္းကူးစက္လူနာေတြျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္းက စစ္ေတြၿမိဳ႕နယ္မွာ(၃၀) ဦးေတြ႕ရွိကာ ျပည္နယ္တြင္း ကိုဗစ္ ၁၉ ေရာဂါအတည္ျပဳလူနာ အမ်ားဆုံးထြက္ေပၚေနတဲ့ ၿမိဳ႕နယ္ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္က အျခား ကိုဗစ္ ၁၉ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြ႕ရွိတဲ့ၿမိဳ႕နယ္ေတြကေတာ့ ေမာင္ေတာၿမိဳ႕နယ္မွာ (၁၃) ဦး၊ ေျမာက္ဦးၿမိဳ႕နယ္ (၈) ဦး၊ ေျမပုံၿမိဳ႕နယ္ (၆) ဦးနဲ႔ မင္းျပားၿမိဳ႕နယ္မွာ (၅) ဦးအျပင္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ(၄)ဦးေတြ႕ရွိၿပီး က်န္တဲ့ ေက်ာက္ျဖဴ၊ ေပါက္ေတာနဲ႔ ပုဏၰားကြၽန္းၿမိဳ႕နယ္ေတြမွာေတာ့ တစ္ၿမိဳ႕နယ္ကို တစ္ေယာက္ ဓာတ္ခြဲအတည္ျပဳလူနာေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ မနက္ပိုင္း တစ္ႀကိမ္တည္းမွာပဲ ရခိုင္ျပည္နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာသစ္ ၆၉ ဦးထိရွိလာတာေၾကာင့္ ရခိုင္ျပည္သူေတြၾကား စိုးရိမ္မႈေတြျမင့္တက္ေနၾကပါတယ္။

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္း ကိုဗစ္ ၁၉ အတည္ျပဳလူနာအားလုံး ၁၁ ဦးထိရွိလာၿပီးျဖစ္တဲ့အတြက္ စိုးရိမ္မႈေတြရွိတယ္လို႔ ေျမာက္ဦးၿမိဳ႕ေဒသခံ ကိုေက်ာ္သိန္းလွက ေျပာပါတယ္။

“ က်ေနာ္တို႔က ဒီ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ စိုးရိမ္မႈေတြအမ်ားႀကီးရွိတာေပါ့။ က်ေနာ္တို႔ ေျမာက္ဦးၿမိဳ႕နယ္အတိုင္းအတာနဲ႔ဆိုရင္လည္း စိုးရိမ္မႈေတြအမ်ားႀကီးရွိပါတယ္။ အင္တာနက္လိုင္းေတြမရတာမွာ က်ေနာ္တို႔အတြက္ ပိုၿပီးစိုးရိမ္စရာျဖစ္ေစတယ္။” လို႔ ေျမာက္ဦးေဒသခံ ကိုေက်ာ္သိန္းလွက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္အတည္ျပဳလူနာ ရာနဲ႔ခ်ီရွိလာတဲ့အျပင္ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ (၄) ခုျဖစ္တဲ့ ေက်ာက္ျဖဴ၊ အမ္း၊ ေတာင္ကုတ္နဲ႔ သံေတြၿမိဳ႕နယ္ေတြမွာ မိမိအိမ္မွာပဲေနထိုင္ဖို႔ (Stay at Home)အမိန႔္ ကို မေန႔ ဩဂုတ္လ ၂၅ ရက္ေန႔က က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္အတည္ျပဳလူနာေပါင္း (၁၄၉) ဦးထိေတြ႕ရွိထားၿပီး တႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ ဒီကေန႔ ဩဂုတ္လ ၂၆ ရက္ မနက္ပိုင္းထိ ကို႐ိုနာဗိုင္းရပ္ (ကိုဗစ္ ၁၉) ပိုးေတြ႕လူနာေပါင္း(၅၇၄)ဦးထိရွိၿပီး ေသဆုံးသူ (၆) ဦး ရွိကာ ရခိုင္ျပည္နယ္ကေတာ့ ေရာဂါကူးစပ္မႈျမွင့္တက္ေနတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ကူးစပ္မႈျမွင့္တက္ေနတာဟာ ျပည္သူေတြအေနနဲ႔ စည္းကမ္းလိုက္နာမႈ အားေနခ်က္ေတြရွိတာေၾကာင့္ သတင္းမီဒီယာေတြအေနနဲ႔လည္း ႏွာေခါင္းစည္း (Mask)တပ္ဖို႔နဲ႔ လူစုလူေဝးေရွာင္ၿပီး မိမိအိမ္မွာ ေနထိုင္ေရးကို စဥ္ဆက္မျပတ္ ေဖာ္ျပေပးဖို႔လိုေၾကာင္း ရခိုင္ျပည္နယ္ ျပည္နယ္က်န္းမာေရးဦးစီးမႉး ေဒါက္တာစိုင္းဝင္းေဇာ္လႈိင္က ေျပာပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW