MOHS ရဲ့ ဒီကနေ့မနက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ရခိုင်က (၆၉) ဦးပါဝင်

MOHS ရဲ့ ဒီကနေ့မနက်ပိုင်း ကိုဗစ်ပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ရခိုင်က (၆၉) ဦးပါဝင် စစ်တွေ၊ ဩဂုတ် ၂၆- ၂၀၂၀ ထက်အောင်စိုင်း (VOM) ဒီကနေ့မနက်ပိုင်းမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ် (၇၀) ဦးတွေ့ရှိတဲ့အနက် ရခိုင်ပြည်နယ်က ကိုဗစ် အတည်ပြုလူနာ (၆၉) ဦးပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီပိုးတွေ့လူနာတွေအားလုံးဟာ ပြည်တွင်းကူးစက်လူနာတွေဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်မှာ(၃၀) ဦးတွေ့ရှိကာ ပြည်နယ်တွင်း ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာ အများဆုံးထွက်ပေါ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အခြား ကိုဗစ် ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိတဲ့မြို့နယ်တွေကတော့ မောင်တောမြို့နယ်မှာ (၁၃) ဦး၊ မြောက်ဦးမြို့နယ် (၈) ဦး၊ မြေပုံမြို့နယ် (၆) ဦးနဲ့ မင်းပြားမြို့နယ်မှာ (၅) ဦးအပြင် ကျောက်တော်မြို့နယ်မှာ(၄)ဦးတွေ့ရှိပြီး ကျန်တဲ့ ကျောက်ဖြူ၊ ပေါက်တောနဲ့…

Read More

တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ရာဒေသမှာ အမေရိကန်ကင်းထောက်လေယာဉ် ဝင်ရောက်ပျံသန်း

တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ရာဒေသမှာ အမေရိကန်ကင်းထောက်လေယာဉ် ဝင်ရောက်ပျံသန်း ပေကျင်း၊ သြဂုတ်-၂၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်နေတဲ့ မပျံသန်းရတဲ့ ဇုန်အတွင်းကို အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်း ဝင်ရောက်ပျံသန်းမှုအတွက် အမေရိကန်ကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အမေရိကန်ရဲ့ ယူ-၂ ကင်းထောက်လေယာဉ်ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်းစစ်ဌာနချုပ်က သတ်မှတ်ထားတဲ့ မပျံသန်းရဇုန်အတွင်းကို သြဂုတ် ၂၅ ရက်မှာ ဝင်ရောက်ပျံသန်းခဲ့ပြီး တရုတ်စစ်ဘက်ရဲ့ပုံမှန်စစ်ရေးလေ့ကျင့်ခန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်ကပြောပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ဟာ မတော်တဆမှုနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို အလွယ်တကူချမှတ်လိုက်နိုင်တဲ့ အခြေအနေဖြစ်ပြီး ဒါဟာ သိသာထင်ရှားတဲ့ ကျူးကျော်ရန်စမှုတစ်ရပ်ဖြစ်တယ်လို့ ဝူချန်ကပြောပါတယ်။ တရုတ်စစ်ဘက်ဟာ ဘိုဟိုင်ပင်လယ်၊ ပင်လယ်ဝါနဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ သြဂုတ်နှောင်းပိုင်းကစပြီး စစ်ရေးလေ့ကျင့်မယ်လို့ အာဏာပိုင်တွေက ကြေညာထားပြီး အဲဒီဒေသတွေကို ဝင်ရောက်ခြင်းမပြုဖို့ သတိပေးထားပါတယ်။ တရုတ်စစ်ဘက်ဟာ စစ်ရေးလေ့ကျင့်ခန်းတွေကို ကြိမ်ဖန်များစွာပြုလုပ်နေပြီး ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ဝန်းကျင်မှာ အမေရိကန်ရဲ့…

Read More

မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ နေပြည်တော်၊ ဩဂုတ်၂၆-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ ခရစ်ယာန်ရပ်ကွက်တစ်ခုရဲ့ နေအိမ်တစ်အိမ်ရှေ့မှာ ဩဂုတ်လ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ မူဆယ်မြို့မရဲစခန်းကနေ သိရပါတယ်။ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၅၈ နှစ်အရွယ်ရှိပြီး နေအိမ်ရှေ့မှာ ရပ်နေချိန် အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာဖြစ်တဲ့အပြင် CCTVမှတ်တမ်းအရ သေနတ်နဲ့ သုံးချက်တိတိပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်နေရာမှာ လဲကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စကို မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ “‌တာဝန်မှူးမရှိလို့ အသေးစိတ် ပြောလို့မရသေးပါဘူး။ သေဆုံးတာမှန်ပါတယ်”လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အခုလို အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ့်အမှုနဲ့ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းမှာ လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။ Photo -Tin Maung Thein(FaceBook) #voiceofmyanmar…

Read More

ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ခုပဲမေးဖို့ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက်

ရန်ကုန်တိုင်းလွှတ်တော်မှာ မေခွန်း ၂ခုပဲမေးဖို့ကန့်သတ်လိုက်တဲ့အတွက် ပြည်သူ့ဘဏ္ဍငွေကိုအလွဲသုံးရာရောက် ရန်ကုန်၊ သြဂုတ် ၂၆-၂၀၂၀ ယဉ်ပပထွန်း ( VOM) သြဂုတ်လ ၂၄ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ မေးခွန်း ၂ ခုနဲ့လွှတ်တော်လုပ်တာက ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးရာရောက်တဲ့အပြင် လွှတ်တော်ကိုလည်း ပြည်သူလူထုရဲ ့လေးစားမူကိုလျော့ပါးစေတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်း ပထမအကြိမ်လွှတ်တော်အစည်းမှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူလူထုဘက်ဂျက်ကို ခြွေတာခဲ့သလို တစ်နှစ်ပတ်လုံး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာနဲ့အသုံးစရိတ်က သန်း ၇၀ လေက်ပဲသုံးတယ်လို့လည်း သိရပါတယ်။ ” အခုလွှတ်တော်က ပြည်သူဘဏ္ဍငွေတွေ အရမ်းကိုသုံးတာတွေ့ရပါတယ် ။ ဥပဒေအရ လွှတ်တော်မှာ ပထမ ၁ နာရီက မေးခွန်းတွေမေးရမယ် ။ အန်တီတို့တုန်းက မေးခွန်းကို ၁၅ ခု သို့မဟုတ် ၁၀ ခုလောက် အနည်းဆုံးမေးကြတယ်။ လွှတ်တော်ကျင်းပတိုင်း ပထမ…

Read More

需要更多的教育来减少儿童被强奸率

需要更多的教育来减少儿童被强奸率 2020年8月26日 LEI LEI WIN(VOM) 8月20日,曼德勒地方法院判处aung mya tha san区的一名未成年人强奸犯将终身监禁。这种对未成年人的强奸很普遍,有的被判处死刑,有的被判处20年监禁。但一些嫌疑犯仍然逍遥法外。 一个名叫维多利亚的女孩于2019年5月16日在内比都的Wisdom Hill幼儿园被强奸,但尚未发现是任何人。 缅甸国家人权委员会2018年2月的一份声明指出,2016年为1100例,2017年为1405例,增加了305例。根据缅甸警方发布的官方数据,2017年报告了897起案件; 2018年有1,028例,2019年上半年有419例。 同样,根据缅甸邻国印度的国家犯罪记录局的数据,2018年有超过33,000起强奸案,每天有91名儿童被强奸。 资深人权家EqualityMyanmar的执行董事Aung Myo Min表示,强奸儿童的根本原因是基于:“关于这些问题尚无透彻的研究,但有关于儿童性虐待有几点需要注意。一、如果儿童被威胁了导致害怕他们就不会告诉家人,然后这件事情就会平复。 二、儿童没有受到保护,成年人不得不为此抱怨。他们没有教小孩如何保护自己。也没有教导他们不要信任任何人。最后,在社区中房屋都比较靠近。当父母去外地工作,邻居有时候就会照顾孩子。在这里,他们会利用信任来侵犯小孩。这几点是发生侵犯率最多的原因。” 大多数儿童强奸是由邻居犯下、叔叔、继父、僧侣等人甚至也会是他的父亲。 儿童权利家说,需要采取严格的法律措施来打击对儿童的性虐待,并且父母需要对孩子进行与年龄相关的性教育,以保护自己。 #voiceofmyanmar #VOM

Read More

VOMသတင်းထောက်တစ်ဦး ကွာရန်တင်းဝင်

VOMသတင်းထောက်တစ်ဦး ကွာရန်တင်းဝင် မန္တလေး၊ သြဂုတ် ၂၆-၂၀၂၀ ဟိန်းကို(VOM) Voice Of Myanmar(VOM)သတင်းဌာနကို ပြည်မြို့ကနေ သတင်းပေးပို့နေတဲ့ ကိုလပြည့်ဆိုသူဟာ မနေ့ သြဂုတ်လ ၂၅ရက်နေ့က ပြည်မြို့၊ ညောင်ကျိုးဂိတ်မှာ သတင်းသွားယူရင်း အဲ့ဒီကဖြတ်သန်းတဲ့အထဲမှာ ရောဂါပိုးတွေ့ရှိတဲ့အရပ်တွေက လာတဲ့လူတွေပါတဲ့အတွက် ကွာရန်တင်းဝင်နေရတာဖြစ်တယ်လို့ ကိုလပြည့်က VOMကိုပြောပါတယ်။ ” ကျွန်တော်တို့ မနေ့က ရခိုင်ဘက်ကဆင်းလာတဲ့ကုန်ကားနဲ့အခြားကားတွေကို ရခိုင်အထွက်၊ ပန်းတောင်းမြို့နယ်အပိုင်က ညောင်ကျိုးဂိတ်စခန်းမှာ ပိတ်ထားလိုက်တဲ့အတွက် သူတို့တွေအခက်အခဲဖြစ်နေလို့ ပြည်မြို့က တိုင်း‌ဒေသကြီး အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ရယ်၊ မိုးမေတ္တာနာရေးကူညီမှုအသင်းရယ်က အဲ့မှာပိတ်ပြီးအခက်အခဲဖြစ်နေတဲ့အတွက် ပြည်ဘက်ပြန်မယ့်သူတွေကို တာဝန်ရှိသူတွေနဲ့ညှိုနှိုင်းပြီးထောက်ခံချက်နဲ့ပြန်ခေါ်ဖို့နဲ့ သူတို့‌တွေကို ပြန်ရောက်ရင် Q ထားဖို့စတဲ့ သတင်းကို ကျွန်တော်နဲ့အခြားသတင်းထောက်တွေနဲ့လိုက်ကြတာပါ။ ခုလက်ရှိ Q ဝင်ရတာတော့ ကျွန်တော်ရယ် အခြားသတင်းထောက်တစ်ဦးရယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရယ်၊ ပရဟိတညီအကို ၃ ဦးရယ်ဝင်ရတာပါ”လို့ VOMသတင်းထောက် ကိုလပြည့်ကပြောပါတယ်။ အခုလက်ရှိ…

Read More

ကလေးငယ်အဓမ္မပြုကျင့်မှုနှုန်း လျော့ကျဖို့ ပညာပေးမှုတွေ ပိုမိုလိုအပ်

ကလေးငယ်အဓမ္မပြုကျင့်မှုနှုန်း လျော့ကျဖို့ ပညာပေးမှုတွေ ပိုမိုလိုအပ် ဩဂုတ်-၂၆-၂၀၂၀ လဲ့လဲ့ဝင်း ( VOM) ဩဂုတ်လ ၂၀ရက်နေ့က မန္တလေးခရိုင်တရားရုံးကနေ အောင်မြေသာစံမြို့နယ်က သက်ငယ်မုဒိမ်းကျူးလွန်သူကို လွတ်ရက်မရှိထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါတယ်။ ဒီလိုသက်ငယ်မုဒိမ်းမှု ဖြစ်စဉ်မျိုးတွေ မကြာခဏဆိုသလိုကြားရတတ်ပြီး တချို့သေဒဏ်ချမှတ်သလို တချို့အမှုတွေမှာ နှစ်(၂၀) တသက်တကျွန်းချမှတ်တာကို လေ့လာတွေ့ရှိရပါတယ်။ တချို့တရားခံတွေကိုတော့ ဖမ်းဆီးနိုင်မှုမရှိဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ၂၀၁၉မေလ ၁၆ရက်နေ့က နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ မူကြိုကျောင်းသူတစ်ယောက် အဓမ္မပြုကျင့်ခံခဲ့ရပေမယ့် ဒီနေ့အထိ လက်သည်မပေါ်သေးပါဘူး။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ ဖေဖေါ်ဝါရီလကထုတ်ပြန်ချက်တခုမှာတော့ ၂၀၁၆ ခုနှစ်က (၁၁၀၀)မှု၊ ၂၀၁၇ခုနှစ်မှာ (၁၄၀၅)မှုဖြစ်ပွားခဲ့တာကြောင့် (၃၀၅)မှု ပိုတိုးလာတယ်လို့ ဖော်ပြဘူးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၇မှာ (၈၉၇)မှု၊ ၂၀၁၈မှာ (၁၀၂၈)မှု ၊၂၀၁၉နှစ်ဝက်မှာ (၄၁၉)မှု ရှိခဲ့ပြီး…

Read More

ရန်ကုန်မြို့က လူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းမှာ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့

ရန်ကုန်မြို့က လူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းမှာ ဆေးစစ်ရာကနေ ကိုဗစ်ရောဂါပိုးတွေ့ခဲ့ ရန်ကုန် ၊သြဂုတ် ၂၆-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့မှာတွေ့ရှိတဲ့ ကိုဗစ် အတည်ပြုလူနာအမှတ်- ၅၀၆ဟာ သင်္ဘောပြန်တက်ဖို့ ပြင်ပဆေးခန်းတစ်ခုမှာ ဆေးစစ်ရာကနေ ကိုဗစ်၁၉ရောဂါပိုးရှိကြောင်း တွေရှိခဲ့ရတာဖြစ်တဲ့အတွက် ဘယ်သူတွေဆီကနေ ကူးစက်ခံရသလဲဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။ လူနာအမှတ်- ၅၀၆ နဲ့ ဆက်စပ်ခဲ့သူတွေထဲမှာ ကျောင်းသားတစ်ဦးလည်း ပါဝင်နေကြောင်း၊ မိသားစုကိုတော့ လောလောဆယ်မှာ home Quarantine ထားရှိထားပြီး ဆေးစစ်ခဲ့တဲ့ ဆေးခန်းနဲ့ တခြား ဆက်စပ်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ” သူက သင်္ဘောသား ပြန်ရောက်တာ ၂ နှစ်လောက်ရှိပြီ၊ ခုမှ သင်္ဘောပြန်တက်ဖို့ ဆေးစစ်တော့ positive တွေ့တယ်ဆိုပြီး သိရတော့ ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး သွားခေါ်တယ်။ ခုဝေဘာဂီဆေးရုံကိုပို့ထားတယ်။ ကွန်တက် ဘယ်လောက်ရှိမလဲဆိုတာတော့…

Read More

NLDပါတီဝင်များ ရွေးကောက်ပွဲကာလမှာ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါက ပါတီဝင်အဖြစ်ကထုတ်ပယ်

NLDပါတီဝင်များ ရွေးကောက်ပွဲကာလမှာ တစ်သီးပုဂ္ဂလနဲ့ အခြားပါတီရဲ့ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ပါက ပါတီဝင်အဖြစ်ကထုတ်ပယ် ရန်ကုန် ၊ သြဂုတ် ၂၆-၂၀၂၀ ယဉ်ပပထွန်း(VOM) အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီမှ ပါတီဝင်တွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂကအနေနဲ့ဒါမှမဟုတ် အခြားပါတီဝင်ကိုယ်စားလှယ်လောင်းအနေနဲ့ဝင်ရောက်ယှဥပြိုင်ပါက အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့နေ့လယ်ပိုင်းမှာပဲ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အဖွဲ့ဝင်အချို့ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း၊ အခြားပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ဖို့ ဆောင်ရွက်ထားတာရှိတယ်လို့လည်း သိရပါသည်။ ” အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေဟာ ပါတီကရွေးချယ်ထားတဲ့ပုဂ္ဂိုလ်တွေက အများနဲ့ယှဉ်ပြိုင်ပြီးတော့ တစ်သီးပုဂ္ဂလိကနဲ့ဖြစ်စေ အခြားပါတီအောက်ကဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရဆိုတာ ကျွန်တော်တို့ပါတီစည်းကမ်း ချမှတ်ထားပါတယ် ။ အဲ့စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ပါတီဝင်အဖြစ်ကနေထုတ်ပယ်မယ်ဆိုတာလဲ ကျွန်တော်တို့ကြေညာထားပါတယ် ။ အခုဟာက ဘယ်ပုဂွိုလ်ကိုကျွန်တော်တို့ပါတီဝင်အဖြစ်ကရပ်စဲတယ်ဆိုတာကို ကျွန်တော်တိုသိတဲ့အခါမှာ ထုတ်ပြန်တာပါ။ ကျွန်တော်တို့မသိတဲ့ ပုဂွိုလ်တွေလည်း အများကြီးကျန်သေးတယ်လို့သိရပါတယ်။ ဒါကြောင့်ကျွန်တော်တို့မူလစည်းကမ်းချက်နဲ့အညီ ပုဂွိုလ်များကိုကြေညာချက်ထုတ်တဲ့နေ့ကစပြီး ပါတီဝင်အဖြစ်က ရပ်စဲသွားပြီဆိုတာ ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ် ”…

Read More

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံး မနက်ဖြန်ကစပြီး ပြန်ပိတ်မယ်

မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံး မနက်ဖြန်ကစပြီး ပြန်ပိတ်မယ် ရန်ကုန် ၊သြဂုတ် ၂၆-၂၀၂၀ သိင်္ဂီ (VOM) မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ပြန်လည်ပိတ်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအဖြစ် ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၀၀ နီးပါး အထိရှိလာပြီး အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးတချို့မှာလည်း ပြည်တွင်းကူးစက်မှုတွေ့ရှိလာရတဲ့အတွက် လက်ရှိဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော်ကို မနက်ဖန်ကစပြီး ပိတ်ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ဖုန်းနဲ့ ညွှန်ကြားတာတော့ရပြီးပြီ။ တရားဝင်ညွှန်ကြားစာကတော့ မရသေးဘူး။ ဒါပေမယ့် ကျောင်းအားလုံးကို မနက်ဖြန်ကစပြီး အကုန်ပိတ်ပါမယ်။ ဒီနေ့ တက်နေတာကတော့တက်ပါစေတော့။ မနက်ဖြန်ကစပြီးတော့ တနိုင်ငံလုံးက ကျောင်းတွေကို အကုန်ပိတ်မှာပါ။ စာကတော့ ညနေလောက်မှထွက်ပါလိမ့်မယ်။ အားလုံးဆို အထက်တန်းပေါင်း ၆၀၀၀ ကျော်ရှိနယ်။ ဘုန်းတော်ကြီးသင်ရော၊ ကိုယ်ပိုင်ကျောင်းရော…

Read More
VOM News

FREE
VIEW