VOMသတင်းထောက်တစ်ဦး ကွာရန်တင်းဝင်

VOMသတင်းထောက်တစ်ဦး ကွာရန်တင်းဝင်

မန္တလေး၊ သြဂုတ် ၂၆-၂၀၂၀
ဟိန်းကို(VOM)

Voice Of Myanmar(VOM)သတင်းဌာနကို ပြည်မြို့ကနေ သတင်းပေးပို့နေတဲ့ ကိုလပြည့်ဆိုသူဟာ မနေ့ သြဂုတ်လ ၂၅ရက်နေ့က ပြည်မြို့၊ ညောင်ကျိုးဂိတ်မှာ သတင်းသွားယူရင်း အဲ့ဒီကဖြတ်သန်းတဲ့အထဲမှာ ရောဂါပိုးတွေ့ရှိတဲ့အရပ်တွေက လာတဲ့လူတွေပါတဲ့အတွက် ကွာရန်တင်းဝင်နေရတာဖြစ်တယ်လို့ ကိုလပြည့်က VOMကိုပြောပါတယ်။

” ကျွန်တော်တို့ မနေ့က ရခိုင်ဘက်ကဆင်းလာတဲ့ကုန်ကားနဲ့အခြားကားတွေကို ရခိုင်အထွက်၊ ပန်းတောင်းမြို့နယ်အပိုင်က ညောင်ကျိုးဂိတ်စခန်းမှာ ပိတ်ထားလိုက်တဲ့အတွက် သူတို့တွေအခက်အခဲဖြစ်နေလို့ ပြည်မြို့က တိုင်း‌ဒေသကြီး အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ရယ်၊ မိုးမေတ္တာနာရေးကူညီမှုအသင်းရယ်က အဲ့မှာပိတ်ပြီးအခက်အခဲဖြစ်နေတဲ့အတွက် ပြည်ဘက်ပြန်မယ့်သူတွေကို တာဝန်ရှိသူတွေနဲ့ညှိုနှိုင်းပြီးထောက်ခံချက်နဲ့ပြန်ခေါ်ဖို့နဲ့ သူတို့‌တွေကို ပြန်ရောက်ရင် Q ထားဖို့စတဲ့ သတင်းကို ကျွန်တော်နဲ့အခြားသတင်းထောက်တွေနဲ့လိုက်ကြတာပါ။ ခုလက်ရှိ Q ဝင်ရတာတော့ ကျွန်တော်ရယ် အခြားသတင်းထောက်တစ်ဦးရယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရယ်၊ ပရဟိတညီအကို ၃ ဦးရယ်ဝင်ရတာပါ”လို့ VOMသတင်းထောက် ကိုလပြည့်ကပြောပါတယ်။

အခုလက်ရှိ ပြည်တက္ကသိုလ်မှာရှိတဲ့ သန္တာဆောင် ကွာရန်တင်းစင်တာCampမှာထားရှိထားပြီး အဲ့ဒီကွာရန်တင်းစင်တာမှာ ရခိုင်ကနေပြန်လာသူတွေနဲ့ မော်လမြိုင်ကပြန်လာသူတွေထားရှိကာ လူဦးရေအရေအတွက်ဘယ်လောက်ရှိလည်းဆိုတာကိုတော့ အတိအကျမသိရသေးဘဲ facility အပြည့်ပေးထားတယ်လို့ ကိုလပြည့်ကပြောပါတယ်။

” ဒီအချိန်က အန္တရာယ်အရမ်းကြီးပြီလေ ကျွန်တော်တို့ကပြည်သူ့အတွက် လမ်းမပေါ်မှာပေးဆပ်နေကြရတာ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် save ဖြစ်ဖို့အမြဲလုပ်ထားကြပါ ။”လို့ ကိုလပြည့်က ပြောပါတယ်။

ကိုဗစ်ကာလမှာသတင်းယူနေတဲ့ သတင်းထောက်တွေအနေနဲ့လည်း လက်ကိုခဏခဏဆေးဖို့ ‌အပြင်ထွက်ရင် mask တပ်သွားဖို့ ကိုယ့်အတွက် cover ပေးနိုင်မယ့်ဟာတွေတပ်ဆင်ထားဖို့နဲ့ ကိုယ်လုံခြုံရေး၊ ကျန်းမာရေးအသိမပေါ့ဆကြဖို့ အထူးလိုအပ်နေတာလည်းဖြစ်ပါတယ်။

#voiceomyanmar #VOM #ပြည်

Zawgyi

VOMသတင္းေထာက္တစ္ဦး ကြာရန္တင္းဝင္

မႏၲေလး၊ ၾသဂုတ္ ၂၆-၂၀၂၀
ဟိန္းကို(VOM)

Voice Of Myanmar(VOM)သတင္းဌာနကို ျပည္ၿမိဳ႔ကေန သတင္းေပးပို႔ေနတဲ့ ကိုလျပည့္ဆိုသူဟာ မေန႔ ၾသဂုတ္လ ၂၅ရက္ေန႔က ျပည္ၿမိဳ႔၊ ေညာင္က်ိဳးဂိတ္မွာ သတင္းသြားယူရင္း အဲ့ဒီကျဖတ္သန္းတဲ့အထဲမွာ ေရာဂါပိုးေတြ႕ရွိတဲ့အရပ္ေတြက လာတဲ့လူေတြပါတဲ့အတြက္ ကြာရန္တင္းဝင္ေနရတာျဖစ္တယ္လို႔ ကိုလျပည့္က VOMကိုေျပာပါတယ္။

” ကြၽန္ေတာ္တို႔ မေန႔က ရခိုင္ဘက္ကဆင္းလာတဲ့ကုန္ကားနဲ႔အျခားကားေတြကို ရခိုင္အထြက္၊ ပန္းေတာင္းၿမိဳ႔နယ္အပိုင္က ေညာင္က်ိဳးဂိတ္စခန္းမွာ ပိတ္ထားလိုက္တဲ့အတြက္ သူတို႔ေတြအခက္အခဲျဖစ္ေနလို႔ ျပည္ၿမိဳ႔က တိုင္း‌ေဒသႀကီး အမွတ္-၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသက္ဝင္းလိႈင္ရယ္၊ မိုးေမတၱာနာေရးကူညီမႈအသင္းရယ္က အဲ့မွာပိတ္ၿပီးအခက္အခဲျဖစ္ေနတဲ့အတြက္ ျပည္ဘက္ျပန္မယ့္သူေတြကို တာဝန္ရွိသူေတြနဲ႔ညႇိဳႏႈိင္းၿပီးေထာက္ခံခ်က္နဲ႔ျပန္ေခၚဖို႔နဲ႔ သူတို႔‌ေတြကို ျပန္ေရာက္ရင္ Q ထားဖို႔စတဲ့ သတင္းကို ကြၽန္ေတာ္နဲ႔အျခားသတင္းေထာက္ေတြနဲ႔လိုက္ၾကတာပါ။ ခုလက္ရွိ Q ဝင္ရတာေတာ့ ကြၽန္ေတာ္ရယ္ အျခားသတင္းေထာက္တစ္ဦးရယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးရယ္၊ ပရဟိတညီအကို ၃ ဦးရယ္ဝင္ရတာပါ”လို႔ VOMသတင္းေထာက္ ကိုလျပည့္ကေျပာပါတယ္။

အခုလက္ရွိ ျပည္တကၠသိုလ္မွာရွိတဲ့ သႏၲာေဆာင္ ကြာရန္တင္းစင္တာCampမွာထားရွိထားၿပီး အဲ့ဒီကြာရန္တင္းစင္တာမွာ ရခိုင္ကေနျပန္လာသူေတြနဲ႔ ေမာ္လၿမိဳင္ကျပန္လာသူေတြထားရွိကာ လူဦးေရအေရအတြက္ဘယ္ေလာက္ရွိလည္းဆိုတာကိုေတာ့ အတိအက်မသိရေသးဘဲ facility အျပည့္ေပးထားတယ္လို႔ ကိုလျပည့္ကေျပာပါတယ္။

” ဒီအခ်ိန္က အႏၲရာယ္အရမ္းႀကီးၿပီေလ ကြၽန္ေတာ္တို႔ကျပည္သူ႔အတြက္ လမ္းမေပၚမွာေပးဆပ္ေနၾကရတာ ဘာပဲျဖစ္ျဖစ္ ကိုယ့္အတြက္ save ျဖစ္ဖို႔အၿမဲလုပ္ထားၾကပါ ။”လို႔ ကိုလျပည္႔က ေျပာပါတယ္။

ကိုဗစ္ကာလမွာသတင္းယူေနတဲ့ သတင္းေထာက္ေတြအေနနဲ႔လည္း လက္ကိုခဏခဏေဆးဖို႔ ‌အျပင္ထြက္ရင္ mask တပ္သြားဖို႔ ကိုယ့္အတြက္ cover ေပးႏိုင္မယ့္ဟာေတြတပ္ဆင္ထားဖို႔နဲ႔ ကိုယ္လံုျခံဳေရး၊ က်န္းမာေရးအသိမေပါ့ဆၾကဖို႔ အထူးလိုအပ္ေနတာလည္းျဖစ္ပါတယ္။

#voiceomyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW